
ပီအက်စ်ဂျီစတားဟာကီမီဟာဇနီးသည်နှင့်သားသမီးတို့အပန်းဖြေခရီးထွက်နေချိန်တွင်အမျိုးသမီးတစ်ဦးကိုနေအိမ်သို့ဖိတ်ခေါ်ပြီးနောက်အလိုမတူဘဲပြုကျင့်ခဲ့ကြောင်းစွပ်စွဲခြင်းခံနေရပါတယ်။
ပြင်သစ်ရဲတပ်ဖွဲ့ဝင်များဟာမော်ရိုကိုဖွားဟာကီမီအားစွပ်စွဲမှုကိုစုံစမ်းစစ်ဆေးမှုများပြုလုပ်နေပါတယ်။အထက်ပါအဖြစ်အပျက်ကဖေဖော်ဝါရီလ၂၅ရက်နေ့တုန်းကဖြစ်ခဲ့တာဖြစ်ပါတယ်။
အသက်၂၃နှစ်ရှိအမျိုးသမီးတစ်ဦးကသူမကိုပီအက်စ်ဂျီကစားသမားကဗလက္ကာယပြုကျင့်ခဲ့ကြောင်း၊ယင်းအတွက်အမှုမဖွင့်လိုကြောင်းနှင့်ယင်းသို့ဖြစ်ပျက်ခဲ့ကြောင်းကြေညာချက်သာထုတ်ပေးစေလိုကြောင်း ရဲစခန်းသို့လာပြောကြားခဲ့ပါတယ်။
ယင်းနောက်ရဲတပ်ဖွဲ့ဝင်များဟာအထက်ပါအဖြစ်အပျက်ကိုအလေးအနက်ထားစုံစမ်းစစ်ဆေးမှုများပြုလုပ်နေပါတယ်။
Le Parisien ကအသက်၂၄နှစ်ရှိနောက်ခံလူဟာဇန်နဝါရီလ၁၆ရက်နေ့တုန်းကအင်စတာဂရမ်တွင်ယင်းအမျိုးသမီးနှင့်စကားပြောခဲ့ပါတယ်။
ယင်းနောက်သူဟာစနေနေ့တုန်းကဘူလိုဂနီရှိသူ့နေအိမ်သို့ဖိတ်ကြားခဲ့ပြီးသူမခရီးသွားလာရေးအတွက် Uber ငှားရမ်းပေးခဲ့ပါတယ်။
ယင်းအချိန်တွင်ဟာကီမီရဲ့ဇနီးသည်ဟီဘာအဘောက်ခ်နှင့် သားနှစ်ဦးတို့ဟာဒူဘိုင်းသို့အလည်အပတ်ခရီးသွားနေပါတယ်။
ဟာကီမီဟာယင်းအမျိုးသမီး အိမ်သို့ရောက်လာပြီးနောက်နမ်းပြီးအဝတ်အစားများကိုချွတ်ခဲ့ပါတယ်။ဒါ့အပြင်သူမကဟာကီမီမှာသူမတားသည့်ကြားမှာရင်သားများကိုနမ်းခဲ့ကြောင်းလည်းဆိုပါတယ်။
သူမဟာဟာကီမီကိုခြေထောက်ဖြင့်ကန်ကျောက်ပြီးလွတ်မြောက်အောင်ပြုလုပ်ခဲ့ကြောင်းနှင့်သူငယ်ချင်းတစ်ဦးကိုမက်ဆေ့ချ်ပိုပြီးသူမကိုခေါ်ယူရန်အကူအညီတောင်းခဲ့ကြောင်းဆိုထားပါတယ်။
လက်ရှိအချိန်တွင်ယင်းအမျိုးသမီးရဲ့စွပ်စွဲမှုကိုဟာကီမီကတစုံတရာတုံ့ပြန်ခြင်းမရှိပါဘူး။
ဟာကီမီနှင့်ဇနီးသည်တို့ဟာ၂၀၁၈ခုနှစ်တုန်းကတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ဇနီးသည်မှာဟာကီမီထက်အသက်၁၂နှစ်ပိုကြီးပြီးဟာကီမီကဲ့သို့ပင်သူမမှာလည်းမွတ်စလင်ဘာသာဝင်တစ်ဦးဖြစ်ပါတယ်။
ZawGyi
ဇနီးနှင့်ကလေးတို့ ခရီးသွားနေချိန်တွင် အမျိုးသမီးတစ်ဦးကို နေအိမ်သို့ ဖိတ်ပြီးဗလက္ကာယပြုကျင့်မှုဖြင့် စွပ်စွဲခံနေရတဲ့ ဟာကီမီ
သူမဟာဟာကီမီကိုခြေထောက်ဖြင့်ကန်ကျောက်ပြီးလွတ်မြောက်အောင်ပြုလုပ်ခဲ့ကြောင်းနှင့်သူငယ်ချင်းတစ်ဦးကိုမက်ဆေ့ခ်ျပိုပြီးသူမကိုခေါ်ယူရန်အကူအညီတောင်းခဲ့ကြောင်းဆိုထားပါတယ်။