ဇနီးနှင့်သမီးတို့ နေအိမ်တွင် ရှိနေစဉ်အတွင်း ဖောက်ထွင်းခြင်းခံခဲ့ရတဲ့ အာဆင်နယ်စတားဟောင်းကိုလာစီနစ်

အာဆင်နယ်နောက်ခံလူဟောင်းဆိုက်ဒ်ကိုလာစီနစ်ရဲ့နေအိမ်ဟာဇနီးနှင့်သမီးတို့ရှိနေစဉ်အတွင်းဖောက်ထွင်းခြင်းခံခဲ့ရပါတယ်။

မာဆေးလ်နောက်ခံလူဟာရန်းနက်စ်နှင့် Coupe de France ၁၆သင်းရှုံးထွက်အဆင့်ပွဲကစားရန်အဝေးသို့ရောက်နေချိန်မှာဖောက်ထွင်းခံခဲ့ရတာဖြစ်ပါတယ်။

ကိုလာစီနစ်ဟာသောကြာနေ့တုန်းက Velodrome stadium တွင်ရှိနေစဉ်အတွင်းဖောက်ထွင်းသမားများဟာနေအိမ်ကိုဖောက်ထွင်းခဲ့ကြတာပါ။

ဖောက်ထွင်းသမားများဖောက်ထွင်းချိန်တွင်နေအိမ်အတွင်းမှာဇနီးနှင့်သမီးတို့အတူရှိနေပါတယ်။

ကိုလာစီနစ်ဟာ၂၀၁၉ခုနှစ်တုန်းကဇနီးသည်ဘယ်လာနှင့်လက်ထပ်ခဲ့ကြတာဖြစ်ပြီးဆိုလိုင်အမည်ရှိသမီးတစ်ဦးထွန်းကားထားပါတယ်။

ကိုလာစီနစ်ရဲ့ဇနီးနှင့်သမီးတို့ဟာဖောက်ထွင်းသမားတို့ရဲ့ရန်ပြုခြင်းမခံခဲ့ရပေမဲ့လည်းအကြီးအကျယ်တုန်လှုပ်နေခဲ့ကြပါတယ်။

ဘော့စနီးယားလက်ရွေးစင်ဟာဘောလုံးသွားကစားနေစဉ်အတွင်း မိသားစုဝင်များလုံခြုံရေးအတွက်ပိုမိုလုပ်ဆောင်လာတော့မှာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ကိုလာစီနစ်ရဲ့နေအိမ်ဖောက်ထွင်းမှုမှဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတာမသိရသေးပါဘူး။

The Tank လို့အမည်ပြောင်ရရှိထားတဲ့ကိုလာစီနစ်ဟာလွန်ခဲ့တဲ့သုံးနှစ်ခန့်တုန်းကအာဆင်နယ်ကစားဖော်မီဆတ်အိုဇေးလ်နှင့်အတူ အပြင်သို့ရောက်နေစဉ် လုယက်ခံရတုန်းကလုယက်သူနှစ်ဦးကိုပြန်လည်တိုက်ခိုက်မှုပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi









