ဇနီးသည်ကို ဖွန်လာကြောင်တဲ့ R9 ရော်နယ်ဒိုကို ခွင့်လွှတ်ပေးခဲ့တဲ့ လူးဝစ်ဖီဂို

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားလူးဝစ်ဖီဂိုဟာဇနီးသည်နှင့်ပတ်သက်ပြီးအငြင်းပွားစရာကောင်းတဲ့မှတ်ချက်ပြုခဲ့တဲ့ကစားဖော်ဟောင်းရော်နယ်ဒိုကိုခွင့်လွှတ်ပေးခဲ့ပါတယ်။

အသက်၄၆နှစ်ရှိပေါ်တူဂီဂန္ထဝင်ဟာရီးရဲလ်မက်ဒရစ်တွင်၂၀၀၀ခုနှစ်မှ၂၀၀၅ခုနှစ်အထိကစားခဲ့သူဖြစ်ပြီး စပိန်ရုပ်သံရှိုးတစ်ခုဖြစ်တဲ့ El Hormiguero မှာအထက်ပါမတော်တဆမှုနှင့်ပတ်သက်ပြီးပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးရော်နယ်ဒိုဟာရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်နှင့်တွေ့ဆုံစဉ်လူးဝစ်ဖီဂိုရဲ့ဇနီးသည်နှင့်ပတ်သက်ပြီးမှတ်ချက်ပြုခဲ့ပါတယ်။

‌R9 ရော်နယ်ဒိုက “ကျုပ်မှာသာဖီဂိုလိုဇနီးမျိုးရှိလို့ကတော့ဗျာအိမ်မှာပဲအမြဲနေမယ်”လို့ပြောကြားခဲ့ပါတယ်။

နှစ်များစွာကြာပြီးတဲ့နောက်ဖီဂိုဟာဇနီးသည်ဟီလီနီဆဗင်ဒန်နှင့်အတူစပိန်ရုပ်သံအစီအစဉ်တွင်ပါဝင်ခဲ့ပြီး ရော်နယ်ဒိုရဲ့မှတ်ချက်ကိုရယ်မောခဲ့ကြသလို ဘရာဇီးဂန္ထဝင်နှင့်ယခုတိုင်သူငယ်ချင်းဖြစ်နေဆဲဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ဖီဂိုက “ဒါနဲ့(ရော်နယ်ဒိုရဲ့မှတ်ချက်)ပတ်သက်ပြီးကြားထားပြီးသားပါ။အဝတ်အစားလဲခန်းမှာလည်းဒါကိုပြောခဲ့တယ်။ဒါပေမဲ့ရိုနီ(ရော်နယ်ဒို)ကိုခွင့်လွှတ်ပါတယ်။ဒီကောင်ကအမြဲဟာသတွေပြောနေတာ။ဒါပေမဲ့သူမသိတာကကျုပ်ဇနီးအိပ်တော့မှဘဲကျုပ်အိမ်ပြင်ထွက်လေ့ရှိတာသူသိပုံမရဘူး”လို့ဟာသနှောပြောကြားသွားပါတယ်။

ရော်နယ်ဒိုဟာရီးရဲလ်မက်ဒရစ်တွင်ကစားစဉ်တုန်းကအပတ်စဉ်ပါတီပွဲများပြုလုပ်ခဲ့သူဖြစ်ပြီးယင်းလုပ်ရပ်ကြောင့်ပီရက်ဇ်ရဲ့သတိပေးခြင်းခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်။ထိုသို့ ပီရက်ဇ်ရဲ့သတိပေးခံရစဉ်ရော်နယ်ဒိုဟာဖီဂိုရဲ့ဇနီးသည်နှင့်ပတ်သက်ပြီးတုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုက “ဖလော်ရင်တီနိုကအိမ်မှာပိုနေသင့်တယ်လို့ကျုပ်ကိုလာပြောတယ်။အပြင်သိပ်မထွက်ဖို့ပြောတယ်။သူကဖီဂိုကိုနမူယူပြီးအိမ်မှာပိုနေသင့်တယ်လို့ပြောပါတယ်။လေးစားသမုနဲ့ပြောတာပါ။ကျုပ်ကလည်း ဖီဂိုလိုမျိုးမိန်းမရှိရင်အိမ်မှာပိုနေမယ်လို့ပြောခဲ့တယ်။ကျွန်တော်ကလက်ထပ်ခဲ့တဲ့မိန်းမတွေနဲ့ထက်ရောဘတ်တိုကားလို့စ်နဲ့ပိုနေတာများတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

ဇနီးသည္ကို ဖြန္လာေၾကာင္တဲ့ R9 ေရာ္နယ္ဒိုကို ခြင့္လႊတ္ေပးခဲ့တဲ့ လူးဝစ္ဖီဂို

ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကစားသမားလူးဝစ္ဖီဂိုဟာဇနီးသည္ႏွင့္ပတ္သက္ၿပီးအျငင္းပြားစရာေကာင္းတဲ့မွတ္ခ်က္ျပဳခဲ့တဲ့ကစားေဖာ္ေဟာင္းေရာ္နယ္ဒိုကိုခြင့္လႊတ္ေပးခဲ့ပါတယ္။

အသက္၄၆ႏွစ္ရွိေပၚတူဂီဂႏၴဝင္ဟာရီးရဲလ္မက္ဒရစ္တြင္၂၀၀၀ခုႏွစ္မွ၂၀၀၅ခုႏွစ္အထိကစားခဲ့သူျဖစ္ၿပီး စပိန္႐ုပ္သံရႈိးတစ္ခုျဖစ္တဲ့ El Hormiguero မွာအထက္ပါမေတာ္တဆမႈႏွင့္ပတ္သက္ၿပီးေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။

ဘရာဇီးဂႏၴဝင္တိုက္စစ္မႉးေရာ္နယ္ဒိုဟာရီးရဲလ္မက္ဒရစ္ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္ႏွင့္ေတြ႕ဆုံစဥ္လူးဝစ္ဖီဂိုရဲ႕ဇနီးသည္ႏွင့္ပတ္သက္ၿပီးမွတ္ခ်က္ျပဳခဲ့ပါတယ္။

‌R9 ေရာ္နယ္ဒိုက “က်ဳပ္မွာသာဖီဂိုလိုဇနီးမ်ိဳးရွိလို႔ကေတာ့ဗ်ာအိမ္မွာပဲအၿမဲေနမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ႏွစ္မ်ားစြာၾကာၿပီးတဲ့ေနာက္ဖီဂိုဟာဇနီးသည္ဟီလီနီဆဗင္ဒန္ႏွင့္အတူစပိန္႐ုပ္သံအစီအစဥ္တြင္ပါဝင္ခဲ့ၿပီး ေရာ္နယ္ဒိုရဲ႕မွတ္ခ်က္ကိုရယ္ေမာခဲ့ၾကသလို ဘရာဇီးဂႏၴဝင္ႏွင့္ယခုတိုင္သူငယ္ခ်င္းျဖစ္ေနဆဲျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဖီဂိုက “ဒါနဲ႔(ေရာ္နယ္ဒိုရဲ႕မွတ္ခ်က္)ပတ္သက္ၿပီးၾကားထားၿပီးသားပါ။အဝတ္အစားလဲခန္းမွာလည္းဒါကိုေျပာခဲ့တယ္။ဒါေပမဲ့႐ိုနီ(ေရာ္နယ္ဒို)ကိုခြင့္လႊတ္ပါတယ္။ဒီေကာင္ကအၿမဲဟာသေတြေျပာေနတာ။ဒါေပမဲ့သူမသိတာကက်ဳပ္ဇနီးအိပ္ေတာ့မွဘဲက်ဳပ္အိမ္ျပင္ထြက္ေလ့ရွိတာသူသိပုံမရဘူး”လို႔ဟာသေႏွာေျပာၾကားသြားပါတယ္။

ေရာ္နယ္ဒိုဟာရီးရဲလ္မက္ဒရစ္တြင္ကစားစဥ္တုန္းကအပတ္စဥ္ပါတီပြဲမ်ားျပဳလုပ္ခဲ့သူျဖစ္ၿပီးယင္းလုပ္ရပ္ေၾကာင့္ပီရက္ဇ္ရဲ႕သတိေပးျခင္းခံခဲ့ရဖူးသူလည္းျဖစ္ပါတယ္။ထိုသို႔ ပီရက္ဇ္ရဲ႕သတိေပးခံရစဥ္ေရာ္နယ္ဒိုဟာဖီဂိုရဲ႕ဇနီးသည္ႏွင့္ပတ္သက္ၿပီးတုံ႔ျပန္ခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုက “ဖေလာ္ရင္တီႏိုကအိမ္မွာပိုေနသင့္တယ္လို႔က်ဳပ္ကိုလာေျပာတယ္။အျပင္သိပ္မထြက္ဖို႔ေျပာတယ္။သူကဖီဂိုကိုနမူယူၿပီးအိမ္မွာပိုေနသင့္တယ္လို႔ေျပာပါတယ္။ေလးစားသမုနဲ႔ေျပာတာပါ။က်ဳပ္ကလည္း ဖီဂိုလိုမ်ိဳးမိန္းမရွိရင္အိမ္မွာပိုေနမယ္လို႔ေျပာခဲ့တယ္။ကြၽန္ေတာ္ကလက္ထပ္ခဲ့တဲ့မိန္းမေတြနဲ႔ထက္ေရာဘတ္တိုကားလို႔စ္နဲ႔ပိုေနတာမ်ားတယ္”လို႔ေျပာၾကားခဲ့ပါတယ္။