ဇနီးသည်တို့ တရားရုံးတိုက်ပွဲဝင်နေချိန်တွင် ရာသီကြိုခြေစမ်းပွဲတွင် ဂျေမီဗာဒီနှင့်ထိပ်တိုက်တွေ့မယ့် ဝိန်းရွန်းနီ

ဝိန်းရွန်နီဟာဒါဘီကရာသီကြိုခြေစမ်းပွဲအဖြစ်လက်စတာနှင့်ရင်ဆိုင်ကစားရချိန်တွင်ဂျေမီဗာဒီနှင့်ရင်ဆိုင်ကစားရပါမယ်။

အင်္ဂလန်ကစားဖော်ဟောင်းနှစ်ဦးတို့ဟာဇနီးတို့ တရားရုံးတွင်အမှုဖြစ်နေမှုနဲ့အတူအဆင်မပြေဖြစ်နေကြသူများလည်းဖြစ်ပါတယ်။

ရွန်းနီရဲ့ဇနီးသည်ကောလင်းနှင့်ဗာဒီရဲ့ဇနီးသည်ရီဘက်ကာတို့ဟာတရားရုံးတွင်အမှုဖြစ်နေကြပါတယ်။

ယင်းအချိန်တွင်ဝိန်းရွန်းနီရဲ့ဒါဘီကောင်တီဟာဇူလိုင်လ၂၃ရက်နေ့စနေနေ့တွင်ဗာဒီရဲ့လက်စတာကိုရာသီကြိုခြေစမ်းပွဲအဖြစ်ရင်ဆိုင်ရပါမယ်။

ဒါဘီကောင်တီဟာအစိုးရစီမံအုပ်ချုပ်မှုအောက်သို့ရောက်နေမှုနဲ့အတူကစားသမားခေါ်ယူအားဖြည့်နိုင်ခြင်းမရှိဘဲကစားသမား၇ဦးတည်းသာရှိပါတော့တယ်။

ဒါဘီဟာဘဏ္ဍာရေးပြဿနာကြောင့်ရမှတ်၂၁မှတ်အထိအဖြတ်ခံရကာလိဂ်၁သို့တန်းဆင်းထားရပါတယ်။

လက်စတာဟာဒါဘီနှင့်ခြေစမ်းပွဲကစားတဲ့နေ့တွင်ပင်ပရက်စတန်နှင့်လည်းခြေစမ်းပါမယ်။

Zawgyi

ဇနီးသည္တို႔ တရား႐ုံးတိုက္ပြဲဝင္ေနခ်ိန္တြင္ ရာသီႀကိဳေျခစမ္းပြဲတြင္ ေဂ်မီဗာဒီႏွင့္ထိပ္တိုက္ေတြ႕မယ့္ ဝိန္း႐ြန္းနီ

ဝိန္း႐ြန္နီဟာဒါဘီကရာသီႀကိဳေျခစမ္းပြဲအျဖစ္လက္စတာႏွင့္ရင္ဆိုင္ကစားရခ်ိန္တြင္ေဂ်မီဗာဒီႏွင့္ရင္ဆိုင္ကစားရပါမယ္။

အဂၤလန္ကစားေဖာ္ေဟာင္းႏွစ္ဦးတို႔ဟာဇနီးတို႔ တရား႐ုံးတြင္အမႈျဖစ္ေနမႈနဲ႔အတူအဆင္မေျပျဖစ္ေနၾကသူမ်ားလည္းျဖစ္ပါတယ္။

႐ြန္းနီရဲ႕ဇနီးသည္ေကာလင္းႏွင့္ဗာဒီရဲ႕ဇနီးသည္ရီဘက္ကာတို႔ဟာတရား႐ုံးတြင္အမႈျဖစ္ေနၾကပါတယ္။

ယင္းအခ်ိန္တြင္ဝိန္း႐ြန္းနီရဲ႕ဒါဘီေကာင္တီဟာဇူလိုင္လ၂၃ရက္ေန႔စေနေန႔တြင္ဗာဒီရဲ႕လက္စတာကိုရာသီႀကိဳေျခစမ္းပြဲအျဖစ္ရင္ဆိုင္ရပါမယ္။

ဒါဘီေကာင္တီဟာအစိုးရစီမံအုပ္ခ်ဳပ္မႈေအာက္သို႔ေရာက္ေနမႈနဲ႔အတူကစားသမားေခၚယူအားျဖည့္ႏိုင္ျခင္းမရွိဘဲကစားသမား၇ဦးတည္းသာရွိပါေတာ့တယ္။

ဒါဘီဟာဘ႑ာေရးျပႆနာေၾကာင့္ရမွတ္၂၁မွတ္အထိအျဖတ္ခံရကာလိဂ္၁သို႔တန္းဆင္းထားရပါတယ္။

လက္စတာဟာဒါဘီႏွင့္ေျခစမ္းပြဲကစားတဲ့ေန႔တြင္ပင္ပရက္စတန္ႏွင့္လည္းေျခစမ္းပါမယ္။