ဇနီးသည်နှင့်နာကျင်စွာလမ်းခွဲလိုက်ပြီးနောက် ဖခင်တစ်ဦး/ခင်ပွန်းတစ်ဦးအနေဖြင့် ကျရှုံးခဲ့ကြောင်း ဟာနန်ဒက်ဇ်ဝန်ခံလာ

ဇနီးသည်ဆာရာခိုဟန်နှင့်နာကျင်စွာလမ်းခွဲလိုက်ရပြီးနောက်ဂျာဗီးယားဟာနန်ဒက်ဇ်ဖခင်တစ်ဦးအနေဖြင့်၊ခင်ပွန်းတစ်ဦးအနေဖြင့်ကျရှုံးခဲ့ကြောင်းဝန်ခံပြောကြားလာပါတယ်။

မန်ယူနှင့်ဝက်စ်ဟမ်းစတားဟောင်းဟာသူအရမ်းချစ်ရတဲ့အဖိုးဖြစ်သူကွယ်လွန်မှုအပါအဝင်ကိုယ်ရေးကိုယ်တာကိစ္စရပ်များကြောင့်စိတ်ကျဝေဒနာလည်းခံစားခဲ့ရကြောင်းဝန်ခံသွားပါတယ်။

အသက်၃၃နှစ်ရှိမက္ကဆီတိုက်စစ်မှူးရဲ့ဇနီးသည်ဟာခင်ပွန်းသည်နှင့်လမ်းခွဲပြီးနောက်ပြီးခဲ့တဲ့နှစ်တုန်းကသမီးနှစ်ဦးနှင့်အတူမွေးရပ်မြေဩစတြေးလျသို့ပြန်သွားခဲ့ပါတယ်။

ဟာနန်ဒက်ဇ်က “အကောင်းဆုံးခင်ပွန်းမဖြစ်ခဲ့ဘူး။ကျွန်တော်ဖြစ်ချင်တဲ့ဖခင်ကောင်းတစ်ယောက်လည်းမဖြစ်ခဲ့ပါဘူး။သူငယ်ချင်းကောင်းလည်းမဖြစ်ခဲ့ပါဘူး။ကျွန်တော်အရမ်းဖြစ်ချင်ပါတယ်ဆိုတဲ့လူသားကောင်းတစ်ယောက်တောင်မဖြစ်ခဲ့ပါဘူး”လို့ပြောကြားသွားပါတယ်။

ဟာနန်ဒက်ဇ်နှင့်ဆာရာတို့ဟာပြီးခဲ့တဲ့နှစ်ဇွန်လတုန်းကသမီးဖြစ်သူနိုအာရဲ့၂နှစ်ပြည့်မွေးနေ့ပွဲလုပ်ကာပျော်ရွှင်ခဲ့ကြပါသေးတယ်။ဒါပေမယ့်ယင်းနောက်အနည်းငယ်အကြာမှာဘဲဆာရာဟာတရားရုံးမှာကွာရှင်းခွင့်လျှောက်ထားခဲ့ပြီးကလေးစရိတ်အတွက်တစ်လလျှင်ပေါင်၇၃၀၀၀တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင်ဟာနန်ဒက်ဇ်ဟာကွယ်လွန်သွားခဲ့တဲ့အဖိုးဖြစ်သူ ဘောလုံးသမားဟောင်းသောမတ်စ်ဘယ်လ်ကာဇာကသူ့အတွက်ဒုတိယအဖေကဲ့သို့ဖြစ်ကြောင်းနှင့်အဘိုးဖြစ်သူကွယ်လွန်သွားပြီးနောက်ကိုဗစ်ကာလတုန်းက တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းချိန်တွင်ငိုနေခဲ့ရကြောင်းလည်းဆိုသွားပါတယ်။

ZawGyi

ဇနီးသည္ႏွင့္နာက်င္စြာလမ္းခြဲလိုက္ၿပီးေနာက္ ဖခင္တစ္ဦး/ခင္ပြန္းတစ္ဦးအေနျဖင့္ က်ရႈံးခဲ့ေၾကာင္း ဟာနန္ဒက္ဇ္ဝန္ခံလာ

ဇနီးသည္ဆာရာခိုဟန္ႏွင့္နာက်င္စြာလမ္းခြဲလိုက္ရၿပီးေနာက္ဂ်ာဗီးယားဟာနန္ဒက္ဇ္ဖခင္တစ္ဦးအေနျဖင့္၊ခင္ပြန္းတစ္ဦးအေနျဖင့္က်ရႈံးခဲ့ေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။

မန္ယူႏွင့္ဝက္စ္ဟမ္းစတားေဟာင္းဟာသူအရမ္းခ်စ္ရတဲ့အဖိုးျဖစ္သူကြယ္လြန္မႈအပါအဝင္ကိုယ္ေရးကိုယ္တာကိစၥရပ္မ်ားေၾကာင့္စိတ္က်ေဝဒနာလည္းခံစားခဲ့ရေၾကာင္းဝန္ခံသြားပါတယ္။

အသက္၃၃ႏွစ္ရွိမကၠဆီတိုက္စစ္မႉးရဲ႕ဇနီးသည္ဟာခင္ပြန္းသည္ႏွင့္လမ္းခြဲၿပီးေနာက္ၿပီးခဲ့တဲ့ႏွစ္တုန္းကသမီးႏွစ္ဦးႏွင့္အတူေမြးရပ္ေျမဩစေၾတးလ်သို႔ျပန္သြားခဲ့ပါတယ္။

ဟာနန္ဒက္ဇ္က “အေကာင္းဆုံးခင္ပြန္းမျဖစ္ခဲ့ဘူး။ကြၽန္ေတာ္ျဖစ္ခ်င္တဲ့ဖခင္ေကာင္းတစ္ေယာက္လည္းမျဖစ္ခဲ့ပါဘူး။သူငယ္ခ်င္းေကာင္းလည္းမျဖစ္ခဲ့ပါဘူး။ကြၽန္ေတာ္အရမ္းျဖစ္ခ်င္ပါတယ္ဆိုတဲ့လူသားေကာင္းတစ္ေယာက္ေတာင္မျဖစ္ခဲ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဟာနန္ဒက္ဇ္ႏွင့္ဆာရာတို႔ဟာၿပီးခဲ့တဲ့ႏွစ္ဇြန္လတုန္းကသမီးျဖစ္သူႏိုအာရဲ႕၂ႏွစ္ျပည့္ေမြးေန႔ပြဲလုပ္ကာေပ်ာ္႐ႊင္ခဲ့ၾကပါေသးတယ္။ဒါေပမယ့္ယင္းေနာက္အနည္းငယ္အၾကာမွာဘဲဆာရာဟာတရား႐ုံးမွာကြာရွင္းခြင့္ေလွ်ာက္ထားခဲ့ၿပီးကေလးစရိတ္အတြက္တစ္လလွ်င္ေပါင္၇၃၀၀၀ေတာင္းဆိုခဲ့ပါတယ္။

ဒါ့အျပင္ဟာနန္ဒက္ဇ္ဟာကြယ္လြန္သြားခဲ့တဲ့အဖိုးျဖစ္သူ ေဘာလုံးသမားေဟာင္းေသာမတ္စ္ဘယ္လ္ကာဇာကသူ႔အတြက္ဒုတိယအေဖကဲ့သို႔ျဖစ္ေၾကာင္းႏွင့္အဘိုးျဖစ္သူကြယ္လြန္သြားၿပီးေနာက္ကိုဗစ္ကာလတုန္းက တစ္ဦးတည္းေလ့က်င့္ခန္းဆင္းခ်ိန္တြင္ငိုေနခဲ့ရေၾကာင္းလည္းဆိုသြားပါတယ္။