ဇနီးသည်ဖောက်ပြမှုကြောင့် စိတ်ကျဝေဒနာခံစားရပြီးနောက် ကလပ်သစ်အတွက် ဂိုးသွင်းလာတဲ့ အလစ်ချေ့

ဂျိုးဆစ်ပ်လီဆစ်ဟာမေလနောက်ပိုင်းတွင်ဆလိုဗေးနီးယားကလပ်မာရီဘောအတွက်ပထမဆုံးကစားတဲ့ပွဲစဉ်တွင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အသက်၃၄နှစ်ရှိအလစ်ချေ့ဟာစိတ်ကျန်းမာရေးပြဿနာကြောင့်နှစ်အတန်ကြာဒုက္ခရောက်လာခဲ့သူလည်းဖြစ်ပါတယ်။သူဟာဇနီးသည်ဖောက်ပြန်မှု၊ကိုဗစ်ကူးစက်ခံရမှုတို့ကြုံခဲ့ရပြီးနောက်စိတ်ကျရောဂါခံစားလာခဲ့ရတာလည်းဖြစ်ပါတယ်။

သူဟာဆလိုဗေးနီးယားတွင်ရှိနေတဲ့ဇနီးသည်ကို Suprise လုပ်တဲ့အနေဖြင့်မသိအောင်သွားရောက်ခဲ့ရာတွင်ဖောက်ပြန်နေကြောင်းတွေ့ရှိခဲ့ရပြီးနောက် စိတ်ကျရောဂါခံစားလာရတာလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလမှာတော့အတ္တလန္တာအသင်းနှင့်နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းမှုပြုလုပ်ခဲ့ပါတယ်။

သူဟာလည်းမွေးရပ်မြေသို့ပြန်ကာ၂၀၁၀ခုနှစ်တုန်းကကစားခဲ့တဲ့မာရီဘော်သို့ပြောင်းခဲ့ပါတယ်။

စီးရီးအေတစ်နှစ်တာအကောင်းဆုံးအသင်းတွင်ပါဝင်ခဲ့ဖူးတဲ့အလစ်ချေ့ဟာတနင်္ဂနွေနေ့တုန်းကမူရာနှင့်ပွဲစဉ်မှာတော့လူစားဝင်ရောက်ကစားခဲ့ပြီးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

သူဟာသူ့ကြောင့်ရရှိတဲ့ပင်နယ်တီကနေဂိုးသွင်းယူနိုင်ခဲ့ပါတယ်။သူဟာမာရီဘောအတွက်ဒုတိယမြောက်ပွဲအဖြစ်ကစားလာတာလည်းဖြစ်ပါတယ်။ကစားဖော်များဟာဂိုးသွင်းယူနိုင်ခဲ့တဲ့အလစ်ချေ့ကိုဂုဏ်ပြုခဲ့ကြပါတယ်။

ZawGyi







