ဇနီးသည်ရဲ့စွန့်ပစ်ခြင်းခံရပြီးနောက် ထောင်ထဲတွင် အထီးကျန်စွာ နေထိုင်ခွင့်ပေးရန် ဒါနီအဲဗက်စ်တောင်းဆိုလာ

ဒါနီအဲဗက်စ်ဟာဗလက္ကာယပြုကျင့်မှုကြောင့်ဇနီးသည်ရဲ့စွန့်ခွာခြင်းခံရပြီးနောက်ထောင်ထဲတွင်တစ်ဦးတည်းအထီးကျန်စွာနေထိုင်ခွင့်ပေးရန်တောင်းဆိုခဲ့ပါတယ်။

ဘရာဇီးနှင့်ဘာစီလိုနာကစားသမားဟောင်းဟာပြီးခဲ့တဲ့နှောင်းပိုင်းတုန်းကဘာစီလိုနာရဲ့နာမည်ကျော်ကလပ်တစ်ခုတွင်အမျိုးသမီးတစ်ဦးကိုဗလက္ကာယပြုကျင့်မှုပြုလုပ်ပြီးနောက်ဇန်နဝါရီလ၂၀ရက်နေ့တုန်းကဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ဇနီးသည်ဂျိုအာနာဆန့်ဇ်ဟာဖေဖော်ဝါရီလတုန်းကကတ်တလန်ရှိ Brians 2 Prison သို့သွားရောက်ကာဒါနီအဲဗက်စ်နှင့်တွေ့ဆုံစဉ်ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။

အဲဗက်စ်ဟာအသက်၂၉နှစ်ရှိစပိန်မင်းသမီးရဲ့ကွာရှင်းခွင့်တောင်းခံရမှုကြောင့်အကြီးအကျယ်စိတ်ဓာတ်ကျနေခဲ့ပါတယ်။

Cuatro ရဲ့ဖော်ပြလာမှုအရအသက်၃၉နှစ်ရှိအဲဗက်စ်ဟာအစောပိုင်းတုန်းကအကျဉ်းခန်းထဲတွင်နှစ်ဦးနေထိုင်နေခဲ့ပေမဲ့လည်းယခုအခါတစ်ဦးတည်းနေထိုင်နေပါတယ်။

ဒါ့အပြင်သူဟာအစောပိုင်းတုန်းကထောင်အတွင်းတွင်အစာအငတ်ခံဆန္ဒပြမှုလည်းပြုလုပ်ခဲ့ကြောင်းသတင်းထွက်ခဲ့ပါသေးတယ်။

သူဟာဘာစီလိုနာတွင်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီးနောက် သူကစားနေတဲ့ မက္ကဆီကိုကလပ် UNAM Pumas ရဲ့ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ZawGyi

ဇနီးသည္ရဲ႕စြန႔္ပစ္ျခင္းခံရၿပီးေနာက္ ေထာင္ထဲတြင္ အထီးက်န္စြာ ေနထိုင္ခြင့္ေပးရန္ ဒါနီအဲဗက္စ္ေတာင္းဆိုလာ

ဒါနီအဲဗက္စ္ဟာဗလကၠာယျပဳက်င့္မႈေၾကာင့္ဇနီးသည္ရဲ႕စြန႔္ခြာျခင္းခံရၿပီးေနာက္ေထာင္ထဲတြင္တစ္ဦးတည္းအထီးက်န္စြာေနထိုင္ခြင့္ေပးရန္ေတာင္းဆိုခဲ့ပါတယ္။

ဘရာဇီးႏွင့္ဘာစီလိုနာကစားသမားေဟာင္းဟာၿပီးခဲ့တဲ့ေႏွာင္းပိုင္းတုန္းကဘာစီလိုနာရဲ႕နာမည္ေက်ာ္ကလပ္တစ္ခုတြင္အမ်ိဳးသမီးတစ္ဦးကိုဗလကၠာယျပဳက်င့္မႈျပဳလုပ္ၿပီးေနာက္ဇန္နဝါရီလ၂၀ရက္ေန႔တုန္းကဖမ္းဆီးျခင္းခံခဲ့ရပါတယ္။

ဇနီးသည္ဂ်ိဳအာနာဆန႔္ဇ္ဟာေဖေဖာ္ဝါရီလတုန္းကကတ္တလန္ရွိ Brians 2 Prison သို႔သြားေရာက္ကာဒါနီအဲဗက္စ္ႏွင့္ေတြ႕ဆုံစဥ္ကြာရွင္းခြင့္ေတာင္းခဲ့ပါတယ္။

အဲဗက္စ္ဟာအသက္၂၉ႏွစ္ရွိစပိန္မင္းသမီးရဲ႕ကြာရွင္းခြင့္ေတာင္းခံရမႈေၾကာင့္အႀကီးအက်ယ္စိတ္ဓာတ္က်ေနခဲ့ပါတယ္။

Cuatro ရဲ႕ေဖာ္ျပလာမႈအရအသက္၃၉ႏွစ္ရွိအဲဗက္စ္ဟာအေစာပိုင္းတုန္းကအက်ဥ္းခန္းထဲတြင္ႏွစ္ဦးေနထိုင္ေနခဲ့ေပမဲ့လည္းယခုအခါတစ္ဦးတည္းေနထိုင္ေနပါတယ္။

ဒါ့အျပင္သူဟာအေစာပိုင္းတုန္းကေထာင္အတြင္းတြင္အစာအငတ္ခံဆႏၵျပမႈလည္းျပဳလုပ္ခဲ့ေၾကာင္းသတင္းထြက္ခဲ့ပါေသးတယ္။

သူဟာဘာစီလိုနာတြင္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရၿပီးေနာက္ သူကစားေနတဲ့ မကၠဆီကိုကလပ္ UNAM Pumas ရဲ႕ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။