ဇနီးသည်ရဲ့အချစ်ကို ရရှိအောင် ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာ ပြင်သစ်စတားဂရက်ဇ်မန်းဖွင့်ဟလာ

ပြင်သစ်နှင့်အက်သလက်တီကိုစတားအန်တိုနီဂရက်ဇ်မန်းဟာဇနီးသည်အဲရီကာချိုပီရီနာရဲ့အချစ်ကိုရရှိရေးဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာဖွင့်ဟလာပါတယ်။

ဂရက်ဇ်မန်းဟာပြီးခဲ့တဲ့လတုန်းကဘာစီလိုနာမှအက်သလက်တီကိုသို့အပြီးသတ်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီးပြင်သစ်နှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွဲနေပါတယ်။

သူဟာဆိုစီဒက်အသင်းတွင်ကစားနေစဉ်ဆန်ဆီဘာစီယန်မှာဇနီးသည်နှင့်စတင်ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ကမ္ဘာ့ဖလားဆုရှင်ဟာအသက်၃၂နှစ်ရှိချိုပီရီနာနှင့်၂၀၁၁ခုနှစ်မှာစတင်ချစ်ကြိုက်ခဲ့တာဖြစ်ပြီး၂၀၁၇ခုနှစ်မှာလက်ထပ်ခဲ့ကြကာသားသမီးသုံးဦးထွန်းကားထားပါတယ်။

ချိုပီရီနာဟာကလေးစိတ်ပညာရှင်တစ်ဦးဖြစ်ပြီး၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကဂရက်ဇ်မန်းနှင့်ပြင်သစ်အသင်းတို့ချန်ပီယံဖြစ်အောင်အားပေးခဲ့သူလည်းဖြစ်ပါတယ်။

ချိုပီရီနာရဲ့အချစ်ကိုရရှိရေးကြိုးပမ်းခဲ့မှုနှင့်ပတ်သက်ပြီးဂရက်ဇ်မန်းက “အဲရီကာကကျွန်တော်လေ့ကျင့်ခန်းဆင်းတဲ့နေရာရဲ့ဘေးကကျောင်းမှာစာသင်နေတယ်။ကျွန်တော်တို့မကြာခဏဆုံတယ်။နောက်တော့စာတွေအပြန်အလှန်ပို့ကြတယ်။တစ်နှစ်ခွဲလောက်ကြာလောက်သူ့ကိုစာတွေပေးပို့ပြီးသူ့အချစ်ကိုရရှိဖို့ကြိုးစားခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဇနီးသည္ရဲ႕အခ်စ္ကို ရရွိေအာင္ ဘယ္လိုႀကိဳးစားခဲ့ရသလဲဆိုတာ ျပင္သစ္စတားဂရက္ဇ္မန္းဖြင့္ဟလာ

ျပင္သစ္ႏွင့္အက္သလက္တီကိုစတားအန္တိုနီဂရက္ဇ္မန္းဟာဇနီးသည္အဲရီကာခ်ိဳပီရီနာရဲ႕အခ်စ္ကိုရရွိေရးဘယ္လိုႀကိဳးစားခဲ့ရသလဲဆိုတာဖြင့္ဟလာပါတယ္။

ဂရက္ဇ္မန္းဟာၿပီးခဲ့တဲ့လတုန္းကဘာစီလိုနာမွအက္သလက္တီကိုသို႔အၿပီးသတ္ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီးျပင္သစ္ႏွင့္အတူကမာၻ႔ဖလားၿပိဳင္ပြဲဆင္ႏြဲေနပါတယ္။

သူဟာဆိုစီဒက္အသင္းတြင္ကစားေနစဥ္ဆန္ဆီဘာစီယန္မွာဇနီးသည္ႏွင့္စတင္ဆုံေတြ႕ခဲ့တာျဖစ္ပါတယ္။

၂၀၁၈ကမာၻ႔ဖလားဆုရွင္ဟာအသက္၃၂ႏွစ္ရွိခ်ိဳပီရီနာႏွင့္၂၀၁၁ခုႏွစ္မွာစတင္ခ်စ္ႀကိဳက္ခဲ့တာျဖစ္ၿပီး၂၀၁၇ခုႏွစ္မွာလက္ထပ္ခဲ့ၾကကာသားသမီးသုံးဦးထြန္းကားထားပါတယ္။

ခ်ိဳပီရီနာဟာကေလးစိတ္ပညာရွင္တစ္ဦးျဖစ္ၿပီး၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကဂရက္ဇ္မန္းႏွင့္ျပင္သစ္အသင္းတို႔ခ်န္ပီယံျဖစ္ေအာင္အားေပးခဲ့သူလည္းျဖစ္ပါတယ္။

ခ်ိဳပီရီနာရဲ႕အခ်စ္ကိုရရွိေရးႀကိဳးပမ္းခဲ့မႈႏွင့္ပတ္သက္ၿပီးဂရက္ဇ္မန္းက “အဲရီကာကကြၽန္ေတာ္ေလ့က်င့္ခန္းဆင္းတဲ့ေနရာရဲ႕ေဘးကေက်ာင္းမွာစာသင္ေနတယ္။ကြၽန္ေတာ္တို႔မၾကာခဏဆုံတယ္။ေနာက္ေတာ့စာေတြအျပန္အလွန္ပို႔ၾကတယ္။တစ္ႏွစ္ခြဲေလာက္ၾကာေလာက္သူ႔ကိုစာေတြေပးပို႔ၿပီးသူ႔အခ်စ္ကိုရရွိဖို႔ႀကိဳးစားခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။