ဇနီးသည်ရဲ့အချစ်ဆုံးသူငယ်ချင်းနှင့် နောက်မီးလင်းမှုကြောင့် အိမ်ထောင်ပြိုကွဲခဲ့ရတဲ့ ရီးရဲလ်စတားဟောင်း

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်းဖာနန်ဒိုဂါဂိုဟာဇနီးဖြစ်သူတင်းနစ်စတားရဲ့အခင်မင်ရဆုံးသူငယ်ချင်းနှင့်နောက်မီးလင်းမှုနဲ့အတူ အိမ်ထောင်ပြတ်စဲလိုက်ရပြီဖြစ်ပါတယ်။

အသက်၃၆နှစ်ရှိဇနီးသည်ဂီဆဲလာဒူလ်ကာဟာအာဂျင်တီးနားလက်ရွေးစင်ဟောင်းအား အကသင်တန်းကျောင်းပိုင်ရှင်ဗီရိုနီကာလက်ဖ်ဖတီနှင့်အတူအိပ်ယာထက်မှာအတူတွေ့ရှိမှုနဲ့အတူအနီကတ်ပြလိုက်တာလည်းဖြစ်ပါတယ်။

ဇနီးသည်ဂီဆဲလ်ဒူလ်ကာဟာသူမတို့ရဲ့နေအိမ်မှသူမရဲ့အိပ်ယာထက်တွင်ခင်ပွန်းသည်နှင့်အခင်မင်ရဆုံးသူငယ်ချင်းတို့ကိုတွေ့လိုက်ရပြီးနောက်အိမ်ထောင်ပြတ်စဲရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

ဂါဂိုနှင့်ဒူလ်ကာတို့ဟာလက်ထပ်လာခဲ့ကြတာဆယ်နှစ်တိုင်တိုင်ရှိပြီဖြစ်ပြီးကလေးသုံးဦး ရရှိထားပါတယ်။

ဂါဂိုဟာဒဏ်ရာပြဿနာများစွာကြုံရပြီးနောက်ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။သူဟာယခုနှစ်အစောပိုင်းတုန်းကအာဂျင်တီးနားအဆင့်မြင့်တန်းကလပ် အယ်ဒိုဆီဗီနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ပြီး ခြောက်ပွဲဆက်ရှုံးပွဲနှင့်ကြုံတွေ့ရမှုနဲ့အတူမနေ့တုန်းကနည်းပြအဖြစ်မှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ZawGyi

ဇနီးသည္ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းႏွင့္ ေနာက္မီးလင္းမႈေၾကာင့္ အိမ္ေထာင္ၿပိဳကြဲခဲ့ရတဲ့ ရီးရဲလ္စတားေဟာင္း

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားေဟာင္းဖာနန္ဒိုဂါဂိုဟာဇနီးျဖစ္သူတင္းနစ္စတားရဲ႕အခင္မင္ရဆုံးသူငယ္ခ်င္းႏွင့္ေနာက္မီးလင္းမႈနဲ႔အတူ အိမ္ေထာင္ျပတ္စဲလိုက္ရၿပီျဖစ္ပါတယ္။

အသက္၃၆ႏွစ္ရွိဇနီးသည္ဂီဆဲလာဒူလ္ကာဟာအာဂ်င္တီးနားလက္ေ႐ြးစင္ေဟာင္းအား အကသင္တန္းေက်ာင္းပိုင္ရွင္ဗီ႐ိုနီကာလက္ဖ္ဖတီႏွင့္အတူအိပ္ယာထက္မွာအတူေတြ႕ရွိမႈနဲ႔အတူအနီကတ္ျပလိုက္တာလည္းျဖစ္ပါတယ္။

ဇနီးသည္ဂီဆဲလ္ဒူလ္ကာဟာသူမတို႔ရဲ႕ေနအိမ္မွသူမရဲ႕အိပ္ယာထက္တြင္ခင္ပြန္းသည္ႏွင့္အခင္မင္ရဆုံးသူငယ္ခ်င္းတို႔ကိုေတြ႕လိုက္ရၿပီးေနာက္အိမ္ေထာင္ျပတ္စဲရန္ဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။

ဂါဂိုႏွင့္ဒူလ္ကာတို႔ဟာလက္ထပ္လာခဲ့ၾကတာဆယ္ႏွစ္တိုင္တိုင္ရွိၿပီျဖစ္ၿပီးကေလးသုံးဦး ရရွိထားပါတယ္။

ဂါဂိုဟာဒဏ္ရာျပႆနာမ်ားစြာႀကဳံရၿပီးေနာက္ၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလတုန္းကကစားသမားဘဝမွအနားယူခဲ့သူျဖစ္ပါတယ္။သူဟာယခုႏွစ္အေစာပိုင္းတုန္းကအာဂ်င္တီးနားအဆင့္ျမင့္တန္းကလပ္ အယ္ဒိုဆီဗီနည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ၿပီး ေျခာက္ပြဲဆက္ရႈံးပြဲႏွင့္ႀကဳံေတြ႕ရမႈနဲ႔အတူမေန႔တုန္းကနည္းျပအျဖစ္မွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။