မယားအဖြစ်ဆွဲစားထားတဲ့ တူမတွင် ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ဟော့ခ်ကြေညာလာ

ဘရာဇီးတိုက်စစ်မှူးဟော့ခ်နှင့်ဇနီးသည်ဖြစ်တဲ့ တူမဖြစ်သူတို့ကသူတို့ရဲ့ပထမဆုံးကလေး ရောက်လာတော့မှာဖြစ်ကြောင်းကြေညာလာပါတယ်။

ဟော့ခ်ဟာ၂၀၁၉ခုနှစ်၊ဇူလိုင်လတုန်းက၁၂နှစ်ကြာလက်တွဲလာခဲ့တဲ့ဇနီးသည်နှင့်လမ်းခွဲခဲ့ပါတယ်။ယင်းနောက်သူဟာလအနည်းငယ်အကြာမှာဇနီးသည်ရဲ့တူမဖြစ်သူကာမီလာအန်ဂျီလိုနှင့်လက်တွဲခဲ့တာဖြစ်ပါတယ်။

ဟော့ခ်နှင့်ကာမီလာအန်ဂျီလိုတို့ဟာ၂၀၂၀ခုနှစ်၊မတ်လတုန်းကလက်ထပ်ခဲ့ကြပါတယ်။ထိုစဉ်ကဟော့ခ်ဟာတရုပ်ကလပ် Shanghai SIPG တွင်ကစားနေတာဖြစ်ပါတယ်။

ဟော့ခ်ဟာလက်ရှိဇနီးဖြစ်သူကာမီလာအန်ဂျီလိုရဲ့အန်တီဖြစ်သူနှင့်သားနှစ်ဦး၊သမီးတစ်ဦးရရှိခဲ့သူဖြစ်ပါတယ်။

ယနေ့မှာဟော့ခ်တို့ဇနီးမောင်နှံကမမွေးဖွားသေးတဲ့ကလေးငယ်အားအာထရာဆောင်းရိုက်ကူးထားတဲ့ဓာတ်ပုံများနှင့်အတူ ဓာတ်ပုံရိုက်ကူးကာ အွန်လိုင်းမှာတင်ပြီးပရိသတ်များကိုအသိပေးလာပါတယ်။

ခန္ဓာကိုယ်သန်စွမ်းတဲ့ဟော့ခ်ဟာ၂၀၁၉ခုနှစ်၊ဒီဇင်ဘာလတုန်းကကာမီလာရဲ့မိခင်နှင့်ညီအစ်ကိုမောင်နှမများသို့ အိမ်သို့ခေါ်ယူကာသူတို့ရဲ့အချစ်ဇာတ်လမ်းကိုဖွင့်ဟခဲ့တာဖြစ်ပါတယ်။ဇနီးဟောင်းဖြစ်သူအီရန်အန်ဂျီလိုဟာတူမဖြစ်သူကနောက်ကျောကိုဓားနှင့်ထိုးသွားတဲ့လုပ်ရပ်ကြောင့်အကြီးအကျယ်နာကျင်ခဲ့ရပါတယ်။

ZawGyi

မယားအျဖစ္ဆြဲစားထားတဲ့ တူမတြင္ ကိုယ္ဝန္လြယ္ထားရၿပီျဖစ္ေၾကာင္း ေဟာ့ခ္ေၾကညာလာ

ဘရာဇီးတိုက္စစ္မႉးေဟာ့ခ္ႏွင့္ဇနီးသည္ျဖစ္တဲ့ တူမျဖစ္သူတို႔ကသူတို႔ရဲ႕ပထမဆုံးကေလး ေရာက္လာေတာ့မွာျဖစ္ေၾကာင္းေၾကညာလာပါတယ္။

ေဟာ့ခ္ဟာ၂၀၁၉ခုႏွစ္၊ဇူလိုင္လတုန္းက၁၂ႏွစ္ၾကာလက္တြဲလာခဲ့တဲ့ဇနီးသည္ႏွင့္လမ္းခြဲခဲ့ပါတယ္။ယင္းေနာက္သူဟာလအနည္းငယ္အၾကာမွာဇနီးသည္ရဲ႕တူမျဖစ္သူကာမီလာအန္ဂ်ီလိုႏွင့္လက္တြဲခဲ့တာျဖစ္ပါတယ္။

ေဟာ့ခ္ႏွင့္ကာမီလာအန္ဂ်ီလိုတို႔ဟာ၂၀၂၀ခုႏွစ္၊မတ္လတုန္းကလက္ထပ္ခဲ့ၾကပါတယ္။ထိုစဥ္ကေဟာ့ခ္ဟာတ႐ုပ္ကလပ္ Shanghai SIPG တြင္ကစားေနတာျဖစ္ပါတယ္။

ေဟာ့ခ္ဟာလက္ရွိဇနီးျဖစ္သူကာမီလာအန္ဂ်ီလိုရဲ႕အန္တီျဖစ္သူႏွင့္သားႏွစ္ဦး၊သမီးတစ္ဦးရရွိခဲ့သူျဖစ္ပါတယ္။

ယေန႔မွာေဟာ့ခ္တို႔ဇနီးေမာင္ႏွံကမေမြးဖြားေသးတဲ့ကေလးငယ္အားအာထရာေဆာင္း႐ိုက္ကူးထားတဲ့ဓာတ္ပုံမ်ားႏွင့္အတူ ဓာတ္ပုံ႐ိုက္ကူးကာ အြန္လိုင္းမွာတင္ၿပီးပရိသတ္မ်ားကိုအသိေပးလာပါတယ္။

ခႏၶာကိုယ္သန္စြမ္းတဲ့ေဟာ့ခ္ဟာ၂၀၁၉ခုႏွစ္၊ဒီဇင္ဘာလတုန္းကကာမီလာရဲ႕မိခင္ႏွင့္ညီအစ္ကိုေမာင္ႏွမမ်ားသို႔ အိမ္သို႔ေခၚယူကာသူတို႔ရဲ႕အခ်စ္ဇာတ္လမ္းကိုဖြင့္ဟခဲ့တာျဖစ္ပါတယ္။ဇနီးေဟာင္းျဖစ္သူအီရန္အန္ဂ်ီလိုဟာတူမျဖစ္သူကေနာက္ေက်ာကိုဓားႏွင့္ထိုးသြားတဲ့လုပ္ရပ္ေၾကာင့္အႀကီးအက်ယ္နာက်င္ခဲ့ရပါတယ္။