
လီဗာပူးစတားမိုဟာမက်ဆာလက်ဟာခရစ္စမတ်သစ်ဖြင့်မိသားစုလိုက်ဓာတ်ပုံရိုက်ကူးကာခရစ္စမတ်ဖြတ်သန်းမှုအတွက်မွတ်စလင်ပရိသတ်များရဲ့လှောင်ပြောင်ခြင်းခံနေရပါတယ်။
မွတ်စလင်တစ်ဦးဖြစ်တဲ့မိုဟာမက်ဆာလက်ဟာ MerryChiristmas ဆိုပြီး တွစ်တာနှင့်အင်စတာဂရမ်အကောင့်တို့တွင်ပို့စ်တင်ခဲ့ပါတယ်။
အသက်၃၀နှစ်ရှိအီဂျစ်စတားဟာဇနီးသည်မာဂီ၊သမီးများဖြစ်ကြတဲ့မက်ခါ၊ကေယန်တို့နဲ့အတူမိသားစုလိုက် ခရစ္စမတ်သစ်ပင်ဖြင့်ဓာတ်ပုံရိုက်ကူးကာပို့စ်တင်ခဲ့တာလည်းဖြစ်ပါတယ်။
ပုံမှန်အားဖြင့်မွတ်စလင်များဟာခရစ္စမတ်ပျော်ပွဲရွှင်ပွဲပြုလုပ်ခြင်းမရှိပါဘူး။ဒါပေမဲ့တချို့မှာလည်းခရစ္စမတ်ပျော်ပွဲရွှင်ပွဲတွင်ပါဝင်ပျော်ရွှင်ကြပါတယ်။
ယခုဆာလက်ဟာခရစ္စမတ်ပျော်ရွှင်မှုအတွက်မွတ်စလင်ပရီသတ်များရဲ့အပြင်းအထန်ဝေဖန်မှုနဲ့ကြုံနေရပြီဖြစ်ပါတယ်။မိုဟာမက်ဆာလက်ကိုဝေဖန်ကြသူများကတော့ဗြိတိန်ပြင်ပတွင်နေထိုင်ကြတဲ့သူများဖြစ်ပါတယ်။
ပရိသတ်တစ်ဦးက “မင်းကို Following လုပ်တာရပ်ရတော့မယ်။မင်းရဲ့ခရစ္စမတ်အောင်ပွဲခံမှုအတွက်လီဗာပူးကိုလည်းအားမပေးတော့ဘူး”လို့ပြောကြားသွားပါတယ်။
အခြားတစ်ဦးကလည်း “မွေးကတည်းကလီဗာပူးကိုအားပေးလာခဲ့တာ။မင်းရဲ့ခရစ္စမတ်ပျော်ရွှင်မှုကြောင့်လီဗာပူးကိုအားမပေးတော့ဘူး။မင်းလည်းပရိသတ်တစ်ယောက်ဆုံးရှုံးသွားပါပြီ။တာ့တာ”ဆိုပြီးဆိုသွားပါတယ်။
ZawGyi
ဇနီး၊ သမီးတို့နှင့်အတူ ခရစ္စမတ်ပျော်ရွှင်မှုအတွက် သူ့နိုင်ငံမှပရိသတ်များရဲ့ဝေဖန်မှုကြုံနေရတဲ့ မိုဟာမက်ဆာလက်