
လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကယခုဇန်နဝါရီဈေးကွက်အပြောင်းအရွှေ့မပိတ်မီချက်ချင်းအသင်းကိုအားဖြည့်ရန်လိုအပ်နေကြောင်း၊သို့ရာတွင်ကစားသမားသစ်ခေါ်ယူရေးဖြစ်လာနိုင်ဖို့မရှိကြောင်းဝန်ခံပြောကြားသွားပါတယ်။
လီဗာပူးဟာစနေနေ့တုန်းကဘရိုက်တန်ကို၃-ဝဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၉နေရာတွင်ရပ်တည်နေကာကလော့ပ်လက်အောက်တွင်လီဗာပူးတို့အဆိုးရွားဆုံးရာသီနှင့်ကြုံဆုံနေရပါတယ်။
ကလော့ပ်ရဲ့လီဗာပူးဟာလက်ရှိအချိန်တွင်ဒဏ်ရာပြဿနာများကြောင့်ဒါဝင်နူနက်ဇ်၊ဒီယေဂိုဂျိုတာ၊လူးဝစ်ဒိုင်ယက်ဇ်တို့ကိုဆုံးရှုံးထားရပါတယ်။
လီဗာပူးဟာယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်တစ်ဦးတည်းသောကစားသမားခေါ်ယူမှုအဖြစ်ကိုဒီဂတ်ပိုတစ်ဦးတည်းကိုသာခေါ်ယူထားနိုင်ပါတယ်။
ယနေ့ညဝုဗ်နှင့်ရင်ဆိုင်ကစားရမဲ့ဝုဗ်နှင့်အက်ဖ်အေဖလားပြန်ကန်ပွဲစဉ်မတိုင်မီသတင်းစာရှင်းလင်းပွဲတွင်ကစားသမားသစ်ခေါ်ယူအားဖြည့်ရန်လိုအပ်နေသလားလို့မေးမြန်းလာမှုကိုကလော့ပ်က “ဒီမေးခွန်းကိုဖြေထားပြီးပြီဆိုတော့ဘာသာစကားပြဿနာကြောင့်ဒီမေးခွန်းကိုပဲခင်ဗျားတို့ဆက်တိုက်မေးနေတာဖြစ်ပါလိမ့်မယ်။ကျွန်တော်တို့လည်းအပြင်ကနေအသင်းကိုကြည့်နေတာပါပဲ။ကျွန်တော်တို့ခေါင်းမာနေတာမဟုတ်ပါဘူး။၂၀၅၀အထိဒီကောင်လေးတွေနဲ့ဘယ်လိုသွားရမလဲဆိုတာစဉ်းစားနေတာ။အပြင်ကပြောတာတွေသာကျွန်တော်တို့အတွက်အဖြေဆိုရင်အကူအညီရဖို့ကစားသမားတွေခေါ်သွားမှာပေါ့။ဒါပေမဲ့ကျွန်တော်တို့မှာကဒုံရင်းအတိုင်းဖြစ်နေတယ်။ခြေစွမ်းလည်းအောက်ရောက်နေတယ်။ဒါပေမဲ့ကျွန်တော်ဒီမှာထိုင်နေတယ်ဆိုတာပြစ်တင်နေဖို့မဟုတ်ပါဘူး။သူတို့ခြေစွမ်းပြဖို့ကကျွန်တော့်မှာတာဝန်ရှိပါတယ်။ဒါကကျွန်တော့်ရဲ့ဦးစားပေးအလုပ်ဖြစ်ပါတယ်။ဒါတွေကအားလုံးရဲ့အဓိကကတော့ကျွန်တော်တို့ဘာလုပ်နိုင်တယ်၊ဘာလုပ်ချင်တယ်ဆိုတာနဲ့ပဲဆိုင်တယ်။နှစ်တိုင်းဒီလိုပဲ။အပြောင်းအရွှေ့ဈေးကွက်တိုင်းသတင်းစာရှင်းလင်းပွဲမှာတစ်ယောက်ယောက်မေးလာတဲ့မေးခွန်းတိုင်းအတွက်အဖြေကအတူတူပါပဲ။ဟုတ်ပါတယ်။ကျွန်တော်တို့မှာရွေးစရာအကန့်အသတ်ရှိနေတယ်။ဒါမျိုးတွေပေါ့။စာချုပ်အရမသုံးနိုင်တဲ့သူတွေရှိတယ်။ကွဲပြားတဲ့အနေအထားမျိုးနဲ့ကွဲပြားနေကြတယ်”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်ဆက်လက်ပြီးကလော့ပ်က”တကယ်လို့ကျွန်တော်တို့ကစားသမားတွေခေါ်ယူခဲ့တယ်ဆိုရင်တောင်ပရီးမီးယားလိဂ်မှာရောချန်ပီယံလိဂ်မှာရောမသုံးနိုင်ပါဘူး။ကျွန်တော်တို့လူစာရင်းကမသေးပါဘူး။အားဖြည့်ဖို့လိုတာမှန်ပါတယ်။ဒါပေမဲ့အခုအချိန်ကသင့်တော်တဲ့အချိန်လားမေးစရာရှိနေတယ်။အခုလက်ရှိအနေအထားအရဖြစ်လာမယ်လို့မထင်ဘူး။အခုအခြေအနေကိုကျွန်တော်ရှင်းရှင်းလင်းလင်းသိပါတယ်။အခြေအနေကလည်းမပြောင်းတော့အပတ်တိုင်းဒီအဖြေလည်းပြောင်းမှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။
ZawGyi
ဇန္နဝါရီေဈးကြက္မပိတ္မီ ခ်က္ခ်င္းကစားသမားအားျဖည့္ရန္ လိုအပ္ေနေပမဲ့ ေခၚယူႏိုင္ဖို႔ မရွိေၾကာင္း ကေလာ့ပ္ဝန္ခံ
လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကယခုဇန္နဝါရီေဈးကြက္အေျပာင္းအေ႐ႊ႕မပိတ္မီခ်က္ခ်င္းအသင္းကိုအားျဖည့္ရန္လိုအပ္ေနေၾကာင္း၊သို႔ရာတြင္ကစားသမားသစ္ေခၚယူေရးျဖစ္လာႏိုင္ဖို႔မရွိေၾကာင္းဝန္ခံေျပာၾကားသြားပါတယ္။
လီဗာပူးဟာစေနေန႔တုန္းကဘ႐ိုက္တန္ကို၃-ဝဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၉ေနရာတြင္ရပ္တည္ေနကာကေလာ့ပ္လက္ေအာက္တြင္လီဗာပူးတို႔အဆိုး႐ြားဆုံးရာသီႏွင့္ႀကဳံဆုံေနရပါတယ္။
ကေလာ့ပ္ရဲ႕လီဗာပူးဟာလက္ရွိအခ်ိန္တြင္ဒဏ္ရာျပႆနာမ်ားေၾကာင့္ဒါဝင္ႏူနက္ဇ္၊ဒီေယဂိုဂ်ိဳတာ၊လူးဝစ္ဒိုင္ယက္ဇ္တို႔ကိုဆုံးရႈံးထားရပါတယ္။
လီဗာပူးဟာယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္တစ္ဦးတည္းေသာကစားသမားေခၚယူမႈအျဖစ္ကိုဒီဂတ္ပိုတစ္ဦးတည္းကိုသာေခၚယူထားႏိုင္ပါတယ္။
ယေန႔ညဝုဗ္ႏွင့္ရင္ဆိုင္ကစားရမဲ့ဝုဗ္ႏွင့္အက္ဖ္ေအဖလားျပန္ကန္ပြဲစဥ္မတိုင္မီသတင္းစာရွင္းလင္းပြဲတြင္ကစားသမားသစ္ေခၚယူအားျဖည့္ရန္လိုအပ္ေနသလားလို႔ေမးျမန္းလာမႈကိုကေလာ့ပ္က “ဒီေမးခြန္းကိုေျဖထားၿပီးၿပီဆိုေတာ့ဘာသာစကားျပႆနာေၾကာင့္ဒီေမးခြန္းကိုပဲခင္ဗ်ားတို႔ဆက္တိုက္ေမးေနတာျဖစ္ပါလိမ့္မယ္။ကြၽန္ေတာ္တို႔လည္းအျပင္ကေနအသင္းကိုၾကည့္ေနတာပါပဲ။ကြၽန္ေတာ္တို႔ေခါင္းမာေနတာမဟုတ္ပါဘူး။၂၀၅၀အထိဒီေကာင္ေလးေတြနဲ႔ဘယ္လိုသြားရမလဲဆိုတာစဥ္းစားေနတာ။အျပင္ကေျပာတာေတြသာကြၽန္ေတာ္တို႔အတြက္အေျဖဆိုရင္အကူအညီရဖို႔ကစားသမားေတြေခၚသြားမွာေပါ့။ဒါေပမဲ့ကြၽန္ေတာ္တို႔မွာကဒုံရင္းအတိုင္းျဖစ္ေနတယ္။ေျခစြမ္းလည္းေအာက္ေရာက္ေနတယ္။ဒါေပမဲ့ကြၽန္ေတာ္ဒီမွာထိုင္ေနတယ္ဆိုတာျပစ္တင္ေနဖို႔မဟုတ္ပါဘူး။သူတို႔ေျခစြမ္းျပဖို႔ကကြၽန္ေတာ့္မွာတာဝန္ရွိပါတယ္။ဒါကကြၽန္ေတာ့္ရဲ႕ဦးစားေပးအလုပ္ျဖစ္ပါတယ္။ဒါေတြကအားလုံးရဲ႕အဓိကကေတာ့ကြၽန္ေတာ္တို႔ဘာလုပ္ႏိုင္တယ္၊ဘာလုပ္ခ်င္တယ္ဆိုတာနဲ႔ပဲဆိုင္တယ္။ႏွစ္တိုင္းဒီလိုပဲ။အေျပာင္းအေ႐ႊ႕ေဈးကြက္တိုင္းသတင္းစာရွင္းလင္းပြဲမွာတစ္ေယာက္ေယာက္ေမးလာတဲ့ေမးခြန္းတိုင္းအတြက္အေျဖကအတူတူပါပဲ။ဟုတ္ပါတယ္။ကြၽန္ေတာ္တို႔မွာေ႐ြးစရာအကန႔္အသတ္ရွိေနတယ္။ဒါမ်ိဳးေတြေပါ့။စာခ်ဳပ္အရမသုံးႏိုင္တဲ့သူေတြရွိတယ္။ကြဲျပားတဲ့အေနအထားမ်ိဳးနဲ႔ကြဲျပားေနၾကတယ္”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္ဆက္လက္ၿပီးကေလာ့ပ္က”တကယ္လို႔ကြၽန္ေတာ္တို႔ကစားသမားေတြေခၚယူခဲ့တယ္ဆိုရင္ေတာင္ပရီးမီးယားလိဂ္မွာေရာခ်န္ပီယံလိဂ္မွာေရာမသုံးႏိုင္ပါဘူး။ကြၽန္ေတာ္တို႔လူစာရင္းကမေသးပါဘူး။အားျဖည့္ဖို႔လိုတာမွန္ပါတယ္။ဒါေပမဲ့အခုအခ်ိန္ကသင့္ေတာ္တဲ့အခ်ိန္လားေမးစရာရွိေနတယ္။အခုလက္ရွိအေနအထားအရျဖစ္လာမယ္လို႔မထင္ဘူး။အခုအေျခအေနကိုကြၽန္ေတာ္ရွင္းရွင္းလင္းလင္းသိပါတယ္။အေျခအေနကလည္းမေျပာင္းေတာ့အပတ္တိုင္းဒီအေျဖလည္းေျပာင္းမွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။