
မန်ချက်စတာယူနိုက်တက်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့တွင်ခရစ္စတီယာနိုရော်နယ်ဒို ထွက်ခွာရန်ကြိုးပမ်းလာမည်ဆိုပါကတားဆီးသွားမည်မဟုတ်ကြောင်းပြောကြားလာပါတယ်။
ရော်နယ်ဒိုဟာနွေရာသီတုန်းကအသင်းပြောင်းရွှေ့နိုင်ရေးကြိုးပမ်းခဲ့ပေမဲ့ တားဆီးခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့သူဟာယခုရာသီတွင်ပရီးမီးယားလိဂ်မှာအရန်ခုံတွင်သာ ထိုင်နေခဲ့ရပြီးတနင်္ဂနွေနေ့တုန်းကမန်ချက်စတာဒါဘီရှုံးပွဲတွင်အရန်အဖြစ်ပင်ကစားခွင့်မရခဲ့ပါဘူး။
အဲရစ်တန်ဟက်ဟာမန်ချက်စတာဒါဘီပွဲတွင်လူစားလဲလှယ်မှုငါးဦးပြုလုပ်ခဲ့ပေမဲ့လည်းခရစ္စတီယာနိုရော်နယ်ဒိုကိုတော့အသုံးမပြုခဲ့ပါဘူး။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာအာလင်းဟာလန်းနှင့်ဖီးလ်ဖိုဒန်တို့ကဟက်ထရစ်ဂိုးကိုယ်စီသွင်းခဲ့ကြတဲ့မန်ချက်စတာဒါဘီပွဲကိုစိတ်ပျက်လက်ပျက်ဖြင့်ကြည့်နေခဲ့တာတွေ့ရပါတယ်။
ယနေ့နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရယူနိုက်တက်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုအတွက်သင့်တော်တဲ့ကမ်းလှမ်းမှုရရှိလာပါကလက်ခံသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်ဘရန့်ဖို့ဒ်ကို၄-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ ပွဲတစ်ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရထားပါတယ်။
မန်ချက်စတာဒါဘီပွဲစဉ်တွင်အရန်ခုံတွင် ထိုင်နေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အပြုအမူများကိုရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းများအရသူဟာ အကြီးအကျယ်စိတ်ပျက်နေတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းကယူနိုက်တက်အတွက်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်ခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်ရှရစ်နှင့်ပွဲတွင်ပင်နယ်တီမှသွင်းတဲ့ဂိုးတစ်ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။
ZawGyi
ဇန္နဝါရီတြင္ ခရစၥတီယာႏိုေရာ္နယ္ဒို ထြက္ခြာရန္ ႀကိဳးပမ္းပါက တားလာေတာ့မွာ မဟုတ္တဲ့ ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ခရစၥတီယာႏိုေရာ္နယ္ဒို ထြက္ခြာရန္ႀကိဳးပမ္းလာမည္ဆိုပါကတားဆီးသြားမည္မဟုတ္ေၾကာင္းေျပာၾကားလာပါတယ္။
ေရာ္နယ္ဒိုဟာေႏြရာသီတုန္းကအသင္းေျပာင္းေ႐ႊ႕ႏိုင္ေရးႀကိဳးပမ္းခဲ့ေပမဲ့ တားဆီးျခင္းခံခဲ့ရပါတယ္။ဒါေပမဲ့သူဟာယခုရာသီတြင္ပရီးမီးယားလိဂ္မွာအရန္ခုံတြင္သာ ထိုင္ေနခဲ့ရၿပီးတနဂၤေႏြေန႔တုန္းကမန္ခ်က္စတာဒါဘီရႈံးပြဲတြင္အရန္အျဖစ္ပင္ကစားခြင့္မရခဲ့ပါဘူး။
အဲရစ္တန္ဟက္ဟာမန္ခ်က္စတာဒါဘီပြဲတြင္လူစားလဲလွယ္မႈငါးဦးျပဳလုပ္ခဲ့ေပမဲ့လည္းခရစၥတီယာႏိုေရာ္နယ္ဒိုကိုေတာ့အသုံးမျပဳခဲ့ပါဘူး။
အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာအာလင္းဟာလန္းႏွင့္ဖီးလ္ဖိုဒန္တို႔ကဟက္ထရစ္ဂိုးကိုယ္စီသြင္းခဲ့ၾကတဲ့မန္ခ်က္စတာဒါဘီပြဲကိုစိတ္ပ်က္လက္ပ်က္ျဖင့္ၾကည့္ေနခဲ့တာေတြ႕ရပါတယ္။
ယေန႔ေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းအရယူႏိုက္တက္ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္သင့္ေတာ္တဲ့ကမ္းလွမ္းမႈရရွိလာပါကလက္ခံသြားေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီတြင္ဘရန႔္ဖို႔ဒ္ကို၄-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ ပြဲတစ္ပြဲတည္းသာ ပြဲထြက္ကစားခြင့္ရထားပါတယ္။
မန္ခ်က္စတာဒါဘီပြဲစဥ္တြင္အရန္ခုံတြင္ ထိုင္ေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အျပဳအမူမ်ားကို႐ိုက္ကူးထားတဲ့ ဗီဒီယိုမွတ္တမ္းမ်ားအရသူဟာ အႀကီးအက်ယ္စိတ္ပ်က္ေနတာေတြ႕ရပါတယ္။
ၿပီးခဲ့တဲ့ရာသီတုန္းကယူႏိုက္တက္အတြက္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီတြင္ရွရစ္ႏွင့္ပြဲတြင္ပင္နယ္တီမွသြင္းတဲ့ဂိုးတစ္ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။