ဇန်နဝါရီတွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို စာချုပ်အချက်အတိုင်း ယူရိုသန်း ၈၀ ဖြင့် ခေါ်ယူမယ့် နယူးကာဆယ်

နယူးကာဆယ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကိုစာချုပ်ပါအချက်အတိုင်း ပေါင် ၆၇.၅သန်းပေးပြီးခေါ်ယူအားဖြည့်သွားမယ်လို့သိရပါတယ်။

နယူးကာဆယ်ရဲ့ဆော်ဒီပိုင်ရှင်သစ်များဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ထိပ်တန်းကစားသမားများခေါ်ယူအားဖြည့်ရန်စီစဉ်နေပါတယ်။ ပရီးမီးယားလိဂ်ကလပ်ဟာဘန်လေမှဂျိမ်းစ်တာကောစကီး၊ဘာစီလိုနာရဲ့ဒမ်ဘီလီ၊မန်ယူမှဂျက်စီလင်ဂတ်နှင့်ဗန်ဒီဘိခ်တို့အားခေါ်ယူရန်ပစ်မှတ်ထားနေပါတယ်။

ဒါပေမယ့် ပေါ်တူဂီသတင်းဌာန SPORT TV ကနယူးကာဆယ်အသင်း ဇန်နဝါရီတွင်ပထမဆုံးခေါ်ယူလာမယ့်ကစားသမားကပေါ်တိုတိုက်စစ်မှူးလူးဝစ်ဒိုင်ယက်ဇ်ဖြစ်ကြောင်းဖော်ပြလာပါတယ်။နယူးကာဆယ်ဟာပေါ်တိုတိုက်စစ်မှူးကိုစာချုပ်အချက်အတိုင်းပေါင်၆၇.၅သန်း(ယူရိုသန်း၈၀)ပေးပြီးခေါ်ယူလာမယ်လို့သိရပါတယ်။

အသက်၂၄နှစ်ရှိတိုက်စစ်မှူးဟာ၂၀၁၉ခုနှစ်တုန်းကပေါ်တိုသို့ပေါင်၆သန်းဖြင့်ရောက်လာခဲ့သူဖြစ်ပြီးယခုရာသီတွင်အကောင်းဆုံးပုံစံရရှိနေပါတယ်။သူဟာပေါ်တိုအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၁၁ပွဲကစားထားရာမှာ၇ဂိုးသွင်းထားပြီးကိုလံဘီယာအသင်းတွင်လည်းအဓိကကစားသမားအဖြစ်ကစားခွင့်ရနေပါတယ်။

နယူးကာဆယ်ဟာယခုရာသီတွင်နိုင်ပွဲတစ်ပွဲမျှရရှိထားခြင်းမရှိသေးဘဲတန်းဆင်းဇုန်အတွင်းမှာရပ်တည်နေပါတယ်။၎င်းတို့ဟာရလဒ်ဆိုးရွားမှုကြောင့်နည်းပြစတိဗ်ဘရုစ်ကိုထုတ်ပယ်ထားပါတယ်။၎င်းတို့ဟာလာမယ့်တနင်္ဂနွေနေ့မှာခရစ္စတယ်ပဲလေ့စ်နှင့်ရင်ဆိုင်ရပါမယ်။

ZawGyi

ဇန္နဝါရီတြင္ ထိပ္တန္းတိုက္စစ္မႉးတစ္ဦးကို စာခ်ဳပ္အခ်က္အတိုင္း ယူ႐ိုသန္း ၈၀ ျဖင့္ ေခၚယူမယ့္ နယူးကာဆယ္

နယူးကာဆယ္ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ ထိပ္တန္းတိုက္စစ္မႉးတစ္ဦးကိုစာခ်ဳပ္ပါအခ်က္အတိုင္း ေပါင္ ၆၇.၅သန္းေပးၿပီးေခၚယူအားျဖည့္သြားမယ္လို႔သိရပါတယ္။

နယူးကာဆယ္ရဲ႕ေဆာ္ဒီပိုင္ရွင္သစ္မ်ားဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ထိပ္တန္းကစားသမားမ်ားေခၚယူအားျဖည့္ရန္စီစဥ္ေနပါတယ္။ ပရီးမီးယားလိဂ္ကလပ္ဟာဘန္ေလမွဂ်ိမ္းစ္တာေကာစကီး၊ဘာစီလိုနာရဲ႕ဒမ္ဘီလီ၊မန္ယူမွဂ်က္စီလင္ဂတ္ႏွင့္ဗန္ဒီဘိခ္တို႔အားေခၚယူရန္ပစ္မွတ္ထားေနပါတယ္။

ဒါေပမယ့္ ေပၚတူဂီသတင္းဌာန SPORT TV ကနယူးကာဆယ္အသင္း ဇန္နဝါရီတြင္ပထမဆုံးေခၚယူလာမယ့္ကစားသမားကေပၚတိုတိုက္စစ္မႉးလူးဝစ္ဒိုင္ယက္ဇ္ျဖစ္ေၾကာင္းေဖာ္ျပလာပါတယ္။နယူးကာဆယ္ဟာေပၚတိုတိုက္စစ္မႉးကိုစာခ်ဳပ္အခ်က္အတိုင္းေပါင္၆၇.၅သန္း(ယူ႐ိုသန္း၈၀)ေပးၿပီးေခၚယူလာမယ္လို႔သိရပါတယ္။

အသက္၂၄ႏွစ္ရွိတိုက္စစ္မႉးဟာ၂၀၁၉ခုႏွစ္တုန္းကေပၚတိုသို႔ေပါင္၆သန္းျဖင့္ေရာက္လာခဲ့သူျဖစ္ၿပီးယခုရာသီတြင္အေကာင္းဆုံးပုံစံရရွိေနပါတယ္။သူဟာေပၚတိုအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၁၁ပြဲကစားထားရာမွာ၇ဂိုးသြင္းထားၿပီးကိုလံဘီယာအသင္းတြင္လည္းအဓိကကစားသမားအျဖစ္ကစားခြင့္ရေနပါတယ္။

နယူးကာဆယ္ဟာယခုရာသီတြင္ႏိုင္ပြဲတစ္ပြဲမွ်ရရွိထားျခင္းမရွိေသးဘဲတန္းဆင္းဇုန္အတြင္းမွာရပ္တည္ေနပါတယ္။၎တို႔ဟာရလဒ္ဆိုး႐ြားမႈေၾကာင့္နည္းျပစတိဗ္ဘ႐ုစ္ကိုထုတ္ပယ္ထားပါတယ္။၎တို႔ဟာလာမယ့္တနဂၤေႏြေန႔မွာခရစၥတယ္ပဲေလ့စ္ႏွင့္ရင္ဆိုင္ရပါမယ္။