ဇန်နဝါရီတွင် ဒီရယ်လိုကို အငှားချထားရန် စီစဉ်နေကြောင်း ဆိုးလ်ရှားအတည်ပြု

ဒဏ်ရာပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့မန်ယူလူငယ်စတားအေမက်ဒီရယ်လိုဟာသူ့ခြေစွမ်းဆက်လက်တိုးတက်နေရေးအတွက်လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အငှားဖြင့်ထွက်ခွာဖွယ်ရှိနေပါတယ်။

အသက်၁၉နှစ်ရှိအိုင်ဗရီကို့စ်လက်ရွေးစင်ဟာဩဂုတ်လတုန်းကလေ့ကျင့်ခန်းအစီအစဉ်တွင်ဒဏ်ရာရရှိခဲ့ပြီးနောက်ဖီယင်နုသို့အငှားဖြင့်ပြောင်းရွှေ့ရေးပျက်ပြယ်ခဲ့ရသူဖြစ်ပါတယ်။

သူဟာဒဏ်ရာမှပြန်လည်ကောင်းမွန်ကာပြီးခဲ့တဲ့အပတ်တုန်းကလက်စတာနှင့်ပွဲမတိုင်မီအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။အိုင်ဗရီကို့စ်အတွက်သုံးပွဲကစားခွင့်ရထားတဲ့ဒီရယ်လိုဟာအတ္တလန္တာနှင့်ပွဲမတိုင်မီတွင်လည်းအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။

ယခုအခါ နည်းပြဆိုးလ်ရှားကလူငယ်ပါရမီရှင်တောင်ပံတိုက်စစ်သမားအား လာမယ့်နှစ်သစ်ကူးတွင်သူ့ခြေစွမ်းတိုးတက်မှုနှောင့်နှေးမှုမရှိစေရန်အတွက်အခြားကလပ်တစ်ခုသို့အငှားချလာနိုင်ကြောင်းဆိုလာပါတယ်။

ဆိုးလ်ရှားက “လက်စတာနဲ့ပွဲမတိုင်ခင်ပြီးခဲ့တဲ့အပတ်ကစပြီးတော့လေ့ကျင့်ခန်းဆင်းပါတယ်။ပြန်လည်ထူထောင်ရေးဆက်လုပ်ပါမယ်။အသင့်ဖြစ်ပြီဆိုရင်မန်ယူယူ-၂၃မှာကစားပါမယ်။သူ့တိုးတက်နေမှုကကျွန်တော်တို့လိုချင်တဲ့အတိုင်းပါပဲ။သူကဘာသာစကားလည်းသင်နေတယ်။ခရစ္စမတ်မတိုင်ခင်ဆုံးဖြတ်ချက်ချသွားပါမယ်”လို့ပြောကြားသွားပါတယ်။

zawgyi

ဇန္နဝါရီတြင္ ဒီရယ္လိုကို အငွားခ်ထားရန္ စီစဥ္ေနေၾကာင္း ဆိုးလ္ရွားအတည္ျပဳ

ဒဏ္ရာျပန္လည္ေကာင္းမြန္လာၿပီျဖစ္တဲ့မန္ယူလူငယ္စတားေအမက္ဒီရယ္လိုဟာသူ႔ေျခစြမ္းဆက္လက္တိုးတက္ေနေရးအတြက္လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အငွားျဖင့္ထြက္ခြာဖြယ္ရွိေနပါတယ္။

အသက္၁၉ႏွစ္ရွိအိုင္ဗရီကို႔စ္လက္ေ႐ြးစင္ဟာဩဂုတ္လတုန္းကေလ့က်င့္ခန္းအစီအစဥ္တြင္ဒဏ္ရာရရွိခဲ့ၿပီးေနာက္ဖီယင္ႏုသို႔အငွားျဖင့္ေျပာင္းေ႐ႊ႕ေရးပ်က္ျပယ္ခဲ့ရသူျဖစ္ပါတယ္။

သူဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာၿပီးခဲ့တဲ့အပတ္တုန္းကလက္စတာႏွင့္ပြဲမတိုင္မီအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ပါတယ္။အိုင္ဗရီကို႔စ္အတြက္သုံးပြဲကစားခြင့္ရထားတဲ့ဒီရယ္လိုဟာအတၱလႏၲာႏွင့္ပြဲမတိုင္မီတြင္လည္းအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ပါတယ္။

ယခုအခါ နည္းျပဆိုးလ္ရွားကလူငယ္ပါရမီရွင္ေတာင္ပံတိုက္စစ္သမားအား လာမယ့္ႏွစ္သစ္ကူးတြင္သူ႔ေျခစြမ္းတိုးတက္မႈေႏွာင့္ေႏွးမႈမရွိေစရန္အတြက္အျခားကလပ္တစ္ခုသို႔အငွားခ်လာႏိုင္ေၾကာင္းဆိုလာပါတယ္။

ဆိုးလ္ရွားက “လက္စတာနဲ႔ပြဲမတိုင္ခင္ၿပီးခဲ့တဲ့အပတ္ကစၿပီးေတာ့ေလ့က်င့္ခန္းဆင္းပါတယ္။ျပန္လည္ထူေထာင္ေရးဆက္လုပ္ပါမယ္။အသင့္ျဖစ္ၿပီဆိုရင္မန္ယူယူ-၂၃မွာကစားပါမယ္။သူ႔တိုးတက္ေနမႈကကြၽန္ေတာ္တို႔လိုခ်င္တဲ့အတိုင္းပါပဲ။သူကဘာသာစကားလည္းသင္ေနတယ္။ခရစၥမတ္မတိုင္ခင္ဆုံးျဖတ္ခ်က္ခ်သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။