ဇန်နဝါရီတွင် ပထမဆုံးခေါ်ယူမှုအဖြစ် ဟာသာဘာလင်နောက်ခံလူ ရီကစ်ကို အာဆင်နယ်ခေါ်ယူ

အာဆင်နယ်ဟာဟာသာဘာလင်မှလူငယ်ပါရမီရှင်နောက်ခံလူအိုမာရီကစ်အားဇန်နဝါရီအပြောင်းအရွှေ့တွင် ပထမဆုံးခေါ်ယူမှုအဖြစ်ခေါ်ယူလာပါတယ်။

အာဆင်နယ်ဟာအသက်၁၉နှစ်ရှိနောက်ခံလူအတွက်ပြောင်းရွှေ့ကြေးပေါင်၅သိန်းပေးခဲ့ရကြောင်းသိရပါတယ်။ အာဆင်နယ်ဟာအိုမာရီကစ်ကိုပြီးခဲ့တဲ့နွေကတည်းကခေါ်ယူရန်ကြိုးပမ်းခဲ့တာဖြစ်ပြီးမအောင်မြင်ခဲ့ကာယခုဇန်နဝါရီတွင်မှခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အိုမာရီကစ်ဟာနောက်တန်းမှာနေရာစုံကစားနိုင်သူဖြစ်ပြီးအာဆင်နယ်ယူ-၂၃အသင်းမှာစတင်ကစားရပါမယ်။သူ ဟာဖီယင်နု၊မန်စီးတီး၊ ပီအက်စ်ဗွီ၊မာဆေးလ်လူငယ်အသင်းတို့လည်းကစားခဲ့ဖူးပြီးတူနီရှားနှင့်နယ်သာလန်လူငယ် လက်ရွေးစင်အသင်းတို့အတွက်ကစားထားသူလည်းဖြစ်ပါတယ်။

ရီကစ်ဟာဟာသာဘာလင်လူငယ်အသင်းမှာဘဲကစားခွင့်ရရှိခဲ့ပြီးစီနီယာအသင်းအတွက်တစ်ပွဲမျှကစားခွင့်မရခဲ့ပါဘူး။

ရီကစ်အားခေါ်ယူရာမှာအာဆင်နယ်အကယ်ဒမီနည်းပြမာတီဆက်ကာကအဓိကနေရာမှပါဝင်ခဲ့ပါတယ်။ရီကစ်ဟာ နောက်တန်းမှာတင်မကကွင်းလယ်ခံစစ်နေရာမှာကစားနိုင်တာကြောင့်အနာဂတ်အာဆင်နယ်အသင်းအတွက် စွယ်စုံသုံးနိုင်မယ့်ကစားသမားဖြစ်လာမယ်လို့မာတီဆက်ကာကယုံကြည်နေပါတယ်။

ZawGyi

ဇန္နဝါရီတြင္ ပထမဆုံးေခၚယူမႈအျဖစ္ ဟာသာဘာလင္ေနာက္ခံလူ ရီကစ္ကို အာဆင္နယ္ေခၚယူ

အာဆင္နယ္ဟာဟာသာဘာလင္မွလူငယ္ပါရမီရွင္ေနာက္ခံလူအိုမာရီကစ္အားဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ ပထမဆုံးေခၚယူမႈအျဖစ္ေခၚယူလာပါတယ္။

အာဆင္နယ္ဟာအသက္၁၉ႏွစ္ရွိေနာက္ခံလူအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၅သိန္းေပးခဲ့ရေၾကာင္းသိရပါတယ္။ အာဆင္နယ္ဟာအိုမာရီကစ္ကိုၿပီးခဲ့တဲ့ေႏြကတည္းကေခၚယူရန္ႀကိဳးပမ္းခဲ့တာျဖစ္ၿပီးမေအာင္ျမင္ခဲ့ကာယခုဇန္နဝါရီတြင္မွေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အိုမာရီကစ္ဟာေနာက္တန္းမွာေနရာစုံကစားႏိုင္သူျဖစ္ၿပီးအာဆင္နယ္ယူ-၂၃အသင္းမွာစတင္ကစားရပါမယ္။သူ ဟာဖီယင္ႏု၊မန္စီးတီး၊ ပီအက္စ္ဗြီ၊မာေဆးလ္လူငယ္အသင္းတို႔လည္းကစားခဲ့ဖူးၿပီးတူနီရွားႏွင့္နယ္သာလန္လူငယ္ လက္ေ႐ြးစင္အသင္းတို႔အတြက္ကစားထားသူလည္းျဖစ္ပါတယ္။

ရီကစ္ဟာဟာသာဘာလင္လူငယ္အသင္းမွာဘဲကစားခြင့္ရရွိခဲ့ၿပီးစီနီယာအသင္းအတြက္တစ္ပြဲမွ်ကစားခြင့္မရခဲ့ပါဘူး။

ရီကစ္အားေခၚယူရာမွာအာဆင္နယ္အကယ္ဒမီနည္းျပမာတီဆက္ကာကအဓိကေနရာမွပါဝင္ခဲ့ပါတယ္။ရီကစ္ဟာ ေနာက္တန္းမွာတင္မကကြင္းလယ္ခံစစ္ေနရာမွာကစားႏိုင္တာေၾကာင့္အနာဂတ္အာဆင္နယ္အသင္းအတြက္ စြယ္စုံသုံးႏိုင္မယ့္ကစားသမားျဖစ္လာမယ္လို႔မာတီဆက္ကာကယုံၾကည္ေနပါတယ္။