ဇန်နဝါရီတွင် ပေါင် ၁၈၉ သန်းအသုံးပြုကာ ကစားသမားသစ်ခေါ်ယူမှုက ခြေစွမ်းဆိုးနေမှုအတွက် အဖြေမဖြစ်လာနိုင်ဟု ပေါ်တာဝန်ခံ

ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာကဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပေါင်၁၈၉သန်းအသုံးပြုကာကစားသမားခေါ်ယူအားဖြည့်ထားမှုကချဲလ်ဆီးရဲ့ခြေစွမ်းနှင့်ရလဒ်ဆိုးရွားမှုကိုရပ်တန့်ရန်အာမခံချက်မပေးနိုင်ကြောင်းဝန်ခံလာပါတယ်။

ချဲလ်ဆီးဟာပီအက်စ်ဗွီမှနိုနီမာဒူကီကိုပေါင်သန်း၃၀ဖြင့်ခေါ်ယူအားဖြည့်လိုက်ပြီးတဲ့နောက်ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားသစ်ခေါ်ယူရေးအတွက်ပေါင်၁၈၉သန်းအထိအသုံးပြုထားပြီးဖြစ်ပါတယ်။

ချဲလ်ဆီးဟာမာဒူကီမတိုင်မီမူဒရစ်၊ဘီနွိုက်ဘာဒီယာရှေးလ်၊ဒေးဗစ်ဒါထရိုဖိုဖာနာ၊အင်ဒရေဆန်းတို့စ်၊ဂျာအိုဖီးလစ်တို့ကိုခေါ်ယူအားဖြည့်ထားပါတယ်။

ဒါပေမဲ့ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာက “ဒီလိုလုပ်တာ(ငွေသုံးတာ)အလုပ်ဖြစ်မယ်လို့အာမမခံနိုင်ပါဘူး။ဆုံးဖြတ်ချက်တိုင်းကအဖြေမဟုတ်ပါဘူး။ဖြစ်လာနိုင်တာကိုခန့်မှန်းဖို့အကောင်းဆုံးပညာသင်ရပါတယ်”လို့ပြောကြားသွားပါတယ်။

ဂရေဟမ်ပေါ်တာရဲ့ချဲလ်ဆီးဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၀သို့အထိရောက်နေပြီးခါရာဘောင်ဖလားနှင့်အက်ဖ်အေဖလားပြိုင်ပွဲတို့မှလည်းထွက်ခွာထားရပြီးဖြစ်ပါတယ်။

ချဲလ်ဆီးဟာပြီးခဲ့တဲ့မေလတုန်းကအသင်းကိုအမေရိကန်ဘီလျှံနာတော့ဒ်ဘိုလေးဝယ်ယူလိုက်ပြီးတဲ့နောက် ကစားသမားသစ်ခေါ်ယူရေးအတွက်ပေါင်၄၆၅သန်းအထိအသုံးပြုထားပြီးလည်းဖြစ်ပါတယ်။

ZawGyi






