ဇန်နဝါရီတွင် မန်ယူတွင် ထွက်ခွာရေး စဉ်းစားရန် ဗန်ဒီဘိခ်ကို ဒီဘိုးဝါးတိုက်တွန်း

ဒတ်ချ်ဂန္ထဝင်ကစားသမားရော်နယ်ဒီဘိုးဝါးက ဒွန်နီဗန်ဒီဘိခ်အနေဖြင့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပင် မန်ယူမှထွက်ခွာရေးစဉ်းစားရန်တိုက်တွန်းပြောကြားလိုက်ပါတယ်။

နယ်သာလန်လက်ရွေးစင်အလယ်တန်းကစားသမားဟာပြီးခဲ့တဲ့နွေရာသီမှာအေဂျက်စ်မှပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ဖြင့်ပြောင်းလာပြီးနောက်ရရှိရန်ရုန်းကန်လာခဲ့ရပါတယ်။

အသက်၂၃နှစ်ရှိဗန်ဒီဘိခ်ဟာယခုရာသီမှာပရီးမီးယားလိဂ်ပွဲ၂ပွဲတည်းသာပွဲထွက်ခွင့်ရထားပြီးနောက်ဆုံးမန်ယူရဲ့သုံးပွဲဆက်တိုက်ပွဲကစားခွင့်မရလာခဲ့ပါဘူး။

ဒါကြောင့်ဒီဘိုးဝါးကလာမယ့်နွေရာသီတွင်ယူရို၂၀၂၀ပြိုင်ပွဲရှိရာဗန်ဒီဘိခ်အနေဖြင့်ပွဲကစားခွင့်မရရှိပါကနယ်သာလန်တွင်ရွေးချယ်ခံရရန်မသေချာကြောင်းသတိပေးပြောကြားလာပါတယ်။

ဒီဘိုးဝါးက “ယူရိုတံခွန်စိုက်ပြိုင်ပွဲကရောက်လာပါတော့မယ်။သူဟာဒီပြိုင်ပွဲမှာပါဝင်ကစားချင်ပါလိမ့်မယ်။ကလပ် ဘက်ကသူနဲ့ပတ်သက်ပြီးသူတို့ဘာလုပ်ချင်တယ်ဆိုတာပွင့်ပွင့်လင်းလင်းဆွေးနွေးရင်ကောင်းပါလိမ့်မယ်။ပွဲကစား ခွင့်တိုးမလာဘူးဆိုရင်တော့သူ့ကိုအငှားချတာဘဲဖြစ်ဖြစ်၊ရောင်းချတာဘဲဖြစ်ဖြစ်လုပ်ဖို့တောင်းဆိုရပါမယ်”လို့ပြော ကြားသွားပါတယ်။

လက်ရှိအချိန်တွင်မန်ယူအသင်းမှာကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာမှာအကောင်းဆုံးပုံစံပြန်လည်ရရှိလာမှုနဲ့ အတူဗန်ဒီဘိခ်မှာမန်ယူတွင်နေရာရရှိရန်ပိုမိုရုန်းကန်လာရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်ဒီဘိုးဝါးကဗန်ဒီဘိခ်ရဲ့ကစားဟန်ကပရီးမီးယားလိဂ်ထက်စပိန်နှင့်ပိုမိုအံဝင်လိမ့်မယ်လို့ယုံကြည်ကြောင်း လည်းပြောကြားသွားပါတယ်။

ဗန်ဒီဘိခ်ဟာမန်ယူသို့မပြောင်းမီတုန်းကရီးရဲလ်မက်ဒရစ်သို့ပြောင်းရန်သဘောတူညီမှုရရှိခဲ့သော်လည်းကိုဗစ် ကြောင့် ရီးရဲလ်မက်ဒရစ်မှာငွေကြေးထိခိုက်မှုနဲ့အတူအပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ဇန္နဝါရီတြင္ မန္ယူတြင္ ထြက္ခြာေရး စဥ္းစားရန္ ဗန္ဒီဘိခ္ကို ဒီဘိုးဝါးတိုက္တြန္း

ဒတ္ခ်္ဂႏၴဝင္ကစားသမားေရာ္နယ္ဒီဘိုးဝါးက ဒြန္နီဗန္ဒီဘိခ္အေနျဖင့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ပင္ မန္ယူမွထြက္ခြာေရးစဥ္းစားရန္တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

နယ္သာလန္လက္ေ႐ြးစင္အလယ္တန္းကစားသမားဟာၿပီးခဲ့တဲ့ေႏြရာသီမွာေအဂ်က္စ္မွေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း ၄၀ျဖင့္ေျပာင္းလာၿပီးေနာက္ရရွိရန္႐ုန္းကန္လာခဲ့ရပါတယ္။

အသက္၂၃ႏွစ္ရွိဗန္ဒီဘိခ္ဟာယခုရာသီမွာပရီးမီးယားလိဂ္ပြဲ၂ပြဲတည္းသာပြဲထြက္ခြင့္ရထားၿပီးေနာက္ဆုံးမန္ယူရဲ႕သုံးပြဲဆက္တိုက္ပြဲကစားခြင့္မရလာခဲ့ပါဘူး။

ဒါေၾကာင့္ဒီဘိုးဝါးကလာမယ့္ေႏြရာသီတြင္ယူ႐ို၂၀၂၀ၿပိဳင္ပြဲရွိရာဗန္ဒီဘိခ္အေနျဖင့္ပြဲကစားခြင့္မရရွိပါကနယ္သာလန္တြင္ေ႐ြးခ်ယ္ခံရရန္မေသခ်ာေၾကာင္းသတိေပးေျပာၾကားလာပါတယ္။

ဒီဘိုးဝါးက “ယူ႐ိုတံခြန္စိုက္ၿပိဳင္ပြဲကေရာက္လာပါေတာ့မယ္။သူဟာဒီၿပိဳင္ပြဲမွာပါဝင္ကစားခ်င္ပါလိမ့္မယ္။ကလပ္ ဘက္ကသူနဲ႔ပတ္သက္ၿပီးသူတို႔ဘာလုပ္ခ်င္တယ္ဆိုတာပြင့္ပြင့္လင္းလင္းေဆြးေႏြးရင္ေကာင္းပါလိမ့္မယ္။ပြဲကစား ခြင့္တိုးမလာဘူးဆိုရင္ေတာ့သူ႔ကိုအငွားခ်တာဘဲျဖစ္ျဖစ္၊ေရာင္းခ်တာဘဲျဖစ္ျဖစ္လုပ္ဖို႔ေတာင္းဆိုရပါမယ္”လို႔ေျပာ ၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူအသင္းမွာကြင္းလယ္ကစားသမားေပါလ္ေပါ့ဘာမွာအေကာင္းဆုံးပုံစံျပန္လည္ရရွိလာမႈနဲ႔ အတူဗန္ဒီဘိခ္မွာမန္ယူတြင္ေနရာရရွိရန္ပိုမို႐ုန္းကန္လာရတာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ဒီဘိုးဝါးကဗန္ဒီဘိခ္ရဲ႕ကစားဟန္ကပရီးမီးယားလိဂ္ထက္စပိန္ႏွင့္ပိုမိုအံဝင္လိမ့္မယ္လို႔ယုံၾကည္ေၾကာင္း လည္းေျပာၾကားသြားပါတယ္။

ဗန္ဒီဘိခ္ဟာမန္ယူသို႔မေျပာင္းမီတုန္းကရီးရဲလ္မက္ဒရစ္သို႔ေျပာင္းရန္သေဘာတူညီမႈရရွိခဲ့ေသာ္လည္းကိုဗစ္ ေၾကာင့္ ရီးရဲလ္မက္ဒရစ္မွာေငြေၾကးထိခိုက္မႈနဲ႔အတူအေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့တာလည္းျဖစ္ပါတယ္။