ဇန်နဝါရီတွင် မာရှယ်အတွက် ကမ်းလှမ်းမှုများကို တံခါးဖွင့်လိုက်တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အန်တိုနီမာရှယ်ကိုရောင်းချရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းသိရပါတယ်။မန်ယူဟာအန်တိုနီမာရှယ်ကိုပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်သို့လည်းရောင်းချရန်အသင့်ရှိနေတယ်ဆိုပေမယ့်ပြောင်းရွှေ့ပမာဏကိုတော့မြှင့်ထားပါတယ်။

၂၀၁၅ခုနှစ်ကတည်းကမန်ယူတွင်ကစားလာခဲ့တဲ့မာရှယ်ဟာပရိသတ်အကြိုက်တွေ့တဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်းယခုရာသီတွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဆန်ချိုတို့ရောက်လာမှုနဲ့အတူအရန်ခုံတွင်ထိုင်လာရပါတယ်။ဒါ့အပြင်မေဆင်ဂရင်းဝုဒ်အကောင်းဆုံးပုံစံရရှိနေမှုကလည်းသူ့အတွက်နေရာရရှိရန်အခက်တွေ့နေစေပါတယ်။

သူဟာယခုရာသီတွင်ရာသီအစတုန်းကမားကပ်စ်ရပ်ရှ်ဖို့ဒ်ဒဏ်ရာရရှိနေမှုကြောင့် တစ်ပွဲတည်းသာပွဲထွက်ကစားခွင့်ရထားပါတယ်။

ယခုအခါမန်ယူနှင့်မာရှယ်တို့နှစ်ဖက်စလုံးကလမ်းခွဲရန်ဆန္ဒရှိနေပြီဖြစ်ပါတယ်။အသက်၂၅နှစ်ရှိမာရှယ်ဟာပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်တစ်ခုသို့ပြောင်းရန်လည်းတံခါးဖွင့်ထားပါတယ်။

ဒါပေမယ့်မန်ယူဘက်ကမာရှယ်အတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၄၀အထိရရှိလိုနေပါတယ်။ယင်းသို့မန်ယူဘက်ကပြောင်းရွှေ့ကြေးမြင့်မားစွာတောင်းဆိုမှုကြောင့်အသင်းပြောင်းရေးခက်ခဲလာမည်ကိုလည်းကစားသမားဘက်ကစိုးရိမ်နေပါတယ်။

ZawGyi

ဇန္နဝါရီတြင္ မာရွယ္အတြက္ ကမ္းလွမ္းမႈမ်ားကို တံခါးဖြင့္လိုက္တဲ့ မန္ခ်က္စတာယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အန္တိုနီမာရွယ္ကိုေရာင္းခ်ရန္အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။မန္ယူဟာအန္တိုနီမာရွယ္ကိုပရီးမီးယားလိဂ္ၿပိဳင္ဘက္ကလပ္သို႔လည္းေရာင္းခ်ရန္အသင့္ရွိေနတယ္ဆိုေပမယ့္ေျပာင္းေ႐ႊ႕ပမာဏကိုေတာ့ျမႇင့္ထားပါတယ္။

၂၀၁၅ခုႏွစ္ကတည္းကမန္ယူတြင္ကစားလာခဲ့တဲ့မာရွယ္ဟာပရိသတ္အႀကိဳက္ေတြ႕တဲ့ကစားသမားတစ္ဦးျဖစ္ေပမယ့္လည္းယခုရာသီတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဆန္ခ်ိဳတို႔ေရာက္လာမႈနဲ႔အတူအရန္ခုံတြင္ထိုင္လာရပါတယ္။ဒါ့အျပင္ေမဆင္ဂရင္းဝုဒ္အေကာင္းဆုံးပုံစံရရွိေနမႈကလည္းသူ႔အတြက္ေနရာရရွိရန္အခက္ေတြ႕ေနေစပါတယ္။

သူဟာယခုရာသီတြင္ရာသီအစတုန္းကမားကပ္စ္ရပ္ရွ္ဖို႔ဒ္ဒဏ္ရာရရွိေနမႈေၾကာင့္ တစ္ပြဲတည္းသာပြဲထြက္ကစားခြင့္ရထားပါတယ္။

ယခုအခါမန္ယူႏွင့္မာရွယ္တို႔ႏွစ္ဖက္စလုံးကလမ္းခြဲရန္ဆႏၵရွိေနၿပီျဖစ္ပါတယ္။အသက္၂၅ႏွစ္ရွိမာရွယ္ဟာပရီးမီးယားလိဂ္ၿပိဳင္ဘက္ကလပ္တစ္ခုသို႔ေျပာင္းရန္လည္းတံခါးဖြင့္ထားပါတယ္။

ဒါေပမယ့္မန္ယူဘက္ကမာရွယ္အတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၄၀အထိရရွိလိုေနပါတယ္။ယင္းသို႔မန္ယူဘက္ကေျပာင္းေ႐ႊ႕ေၾကးျမင့္မားစြာေတာင္းဆိုမႈေၾကာင့္အသင္းေျပာင္းေရးခက္ခဲလာမည္ကိုလည္းကစားသမားဘက္ကစိုးရိမ္ေနပါတယ္။