ဇန်နဝါရီတွင် ရမ်ဆေးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပေးသွားမယ့် ဂျူဗင်တပ်

ဂျူဗင်တပ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အေရွန်ရမ်ဆေးအားအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

အသက်၃၀နှစ်ရှိဝေးလ်ကွင်းလယ်ကစားသမားဟာဂျူဗင်တပ်သို့ပြောင်းရွှေ့ပြီးနောက် ပွဲပုံမှန်ကစားခွင့်ရရှိရန်ရုန်းကန်လာခဲ့ရသူဖြစ်ပြီးယခုအခါဂျူဗင်တပ်ဟာအာဆင်နယ်ကစားသမားဟောင်းကိုဇန််နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အလွတ်ပြောင်းရွှေ့ကြေးဖွင့်ထွက်ခွာခွင့်ပေးရန်အသင့်ဖြစ်နေပြီဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ရမ်ဆေးကိုခေါ်ယူရန်ဝက်စ်ဟမ်း၊အဲဗာတန်နှင့်နယူးကာဆယ်တို့က စိတ်ဝင်စားနေပါတယ်။ဒါပေမယ့်ရမ်ဆေးရဲ့မြင့်မားတဲ့လုပ်ခကြောင့်ယင်းကလပ်များအနေဖြင့်ညှိနှိုင်းမှုများစွာလုပ်ရဖို့တော့ရှိပါတယ်။

ရမ်ဆေးဟာ၂၀၀၈ခုနှစ်တွင်ကာဒစ်ဖ်မှအာဆင်နယ်သို့ရောက်လာပြီးနောက်နော်တင်ဟမ်ဖောရက်စ်၊ကာဒစ်ဖ်သို့အငှားဖြင့်သွားကစားခဲ့ရပါတယ်။သူဟာအာဆင်နယ်တွင်၁၁နှစ်ကြာကစားစဉ်အတွင်းပြိုင်ပွဲအရပ်ရပ်တွင်၃၇၁ပွဲကစားခဲ့ရာမှာ၆၅ဂိုးသွင်းပြီး၆၅ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။သူဟာအာဆင်နယ်နှင့်အတူအက်ဖ်အေဖလားသုံးကြိမ်နှင့်ကွန်မြူနတီဒိုင်းသုံးကြိမ်ရယူနိုင်ခဲ့ပါတယ်။

သူဟာ၂၀၁၉ခုနှစ်တွင်အာဆင်နယ်မှထွက်ခွာကာဂျူဗင်တပ်သို့ပြောင်းရွှေ့ပြီးနောက် ပြိုင်ပွဲအရပ်ရပ်မှာ၆၈ပွဲတည်းသာကစားခွင့်ရထားပါတယ်။သူဟာယခုရာသီမှာစီးရီးအေနှစ်ပွဲနှင့်ချန်ပီယံလိဂ်တစ်ပွဲတည်းသာကစားခွင့်ရထားပါတယ်။

ZawGyi



အသက်၃၀နှစ်ရှိဝေးလ်ကွင်းလယ်ကစားသမားဟာဂျူဗင်တပ်သို့ပြောင်းရွှေ့ပြီးနောက် ပွဲပုံမှန်ကစားခွင့်ရရှိရန်ရုန်းကန်လာခဲ့ရသူဖြစ်ပြီးယခုအခါဂျူဗင်တပ်ဟာအာဆင်နယ်ကစားသမားဟောင်းကိုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အလွတ်ပြောင်းရွှေ့ကြေးဖွင့်ထွက်ခွာခွင့်ပေးရန်အသင့်ဖြစ်နေပြီဖြစ်ပါတယ်။


