ဇန်နဝါရီလတွင် ဆော်ဒီမှာ ကျင်းပလာမယ့် စပိန်စူပါဖလားပြိုင်ပွဲ

စပိန်ဘောလုံးအဖွဲ့ချုပ်ကစပိန်စူပါဖလားပြိုင်ပွဲကိုလာမယ့်၂၀၂၃ခုနှစ်၊ဇန်နဝါရီလတွင်ဆော်ဒီနိုင်ငံမှာကျင်းပသွားမည်ဖြစ်ကြောင်းကြေညာလာပါတယ်။

ဆော်ဒီနိုင်ငံရဲ့မြို့တော်ရီယက်ဒ်တွင် စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်များနှင့်ဗိုလ်လုပွဲတို့ကိုကျင်းပသွားမှာလည်းဖြစ်ပါတယ်။

စပိန်စူပါဖလားဆီမီးဖိုင်နယ်တွင် ရီးရဲလ်မက်ဒရစ်နှင့်ဗလင်စီယာ၊ဘာစီလိုနာနှင့်ဘက်တစ်တို့ရင်ဆိုင်ကစားကြမှာဖြစ်ပါတယ်။

ဗိုလ်လုပွဲကိုဇန်နဝါရီလ၁၅ရက်နေ့တွင်ကျင်းပသွားမှာလည်းဖြစ်ပါတယ်။

ယင်းပွဲများကိုပရိသတ်၆၀၀၀၀ဆန့်King Fahd de Riyadhကွင်းတွင်ကျင်းပသွားမှာလည်းဖြစ်ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာဆော်ဒီတွင်စပိန်စူပါဖလားပြိုင်ပွဲကိုသုံးနှစ်ဆက်ကျင်းပလာမှာလည်းဖြစ်ပါတယ်။၎င်းတို့ဟာစပိန်စူပါဖလားပြိုင်ပွဲကိုဆော်ဒီတွင်၂၀၂၉ခုနှစ်အထိကျင်းပရန်စာချုပ်ချုပ်ဆိုထားပါတယ်။

၂၀၂၂ခုနှစ်တုန်းကစပိန်စူပါဖလားဗိုလ်လုပွဲတွင်ရီးရဲလ်မက်ဒရစ်ကဘီလ်ဘာအိုကို၂-၀ဂိုးဖြင့်အနိုင်ရကာဗိုလ်စွဲခဲ့ပါတယ်။

ZawGyi







