ဇန်နဝါရီလ ၁ ရက်နေ့တွင် ရီးရဲလ်မက်ဒရစ်နှင့် အကြိုစာချုပ်ချုပ်ဆိုရန် ဘက်ပေး စီစဉ်ထား

ကိုင်လီယန်ဘက်ပေးဟာလာမယ့်ဇန်နဝါရီလ၁ရက်နေ့မှာရီးရဲလ်မက်ဒရစ်နှင့်အကြိုစာချုပ်ချုပ်ဆိုပြီးပီအက်စ်ဂျီမှထွက်ခွာရေးအပြီးသတ်လုပ်ဆောင်မယ်လို့သိရပါတယ်။

ဘက်ပေးဟာပီအက်စ်ဂျီနှင့်၁၁လစာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပြီးဥရောပထိပ်သီးကလပ်အမြောက်အမြားတို့ကသူ့အခြေအနေကိုစောင့်ကြည့်နေပါတယ်။

ဘက်ပေးဘက်ကယခုနွေရာသီတွင်ပင်ထွက်ခွာလိုနေပေမယ့်လည်းပီအက်စ်ဂျီကသူတို့ရဲ့စူပါစတားကစားသမားများကိုမရောင်းချဘဲရာသီအကုန်အထိထိန်းထားရန်စီစဉ်ထားပါတယ်။

အသက်၂၂နှစ်ရှိစူပါစတားဟာရီးရဲလ်မက်ဒရစ်သို့ပြောင်းလိုနေပါတယ်။လာလီဂါထိပ်သီးကဘက်ပေးကိုခေါ်ယူရေးတရားဝင်လုပ်ဆောင်လိုနေပေမယ့်ပီအက်စ်ဂျီကယခုနွေတွင်လက်မလွတ်လိုမှုနဲ့အတူအခက်တွေ့နေပါတယ်။

ယနေ့တွင် Le Parisien ရဲ့ဖော်ပြချက်အရရီးရဲလ်မက်ဒရစ်ဟာလာမယ့်၂၀၂၂ခုနှစ်၊ဇန်နဝါရီလ၁ရက်နေ့အထိစောင့်ဆိုင်းကာကိုင်လီယန်ဘက်ပေးအားအကြိုစာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်းသိရပါတယ်။

ဘက်ပေးဟာ၂၀၂၂ခုနှစ်၊ဇွန်လအကုန်တွင်မှပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းဆုံးမှာဆိုပေမယ့်ကစားသမားအနေဖြင့်ဇန်နဝါရီလကတည်းကနိုင်ငံခြားကလပ်တစ်ခုနှင့်အကြိုစာချုပ်ချုပ်ဆိုထားနိုင်ပါတယ်။

အစောပိုင်းသတင်းများအရရီးရဲလ်မက်ဒရစ်ဟာဘက်ပေးအားစာချုပ်ချုပ်ဆိုကြေးအဖြစ်ယူရိုသန်း၄၀အထိပေးသွားမယ်လို့သိရပါတယ်။

ZawGyi

ဇန္နဝါရီလ ၁ ရက္ေန႔တြင္ ရီးရဲလ္မက္ဒရစ္ႏွင့္ အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုရန္ ဘက္ေပး စီစဥ္ထား

ကိုင္လီယန္ဘက္ေပးဟာလာမယ့္ဇန္နဝါရီလ၁ရက္ေန႔မွာရီးရဲလ္မက္ဒရစ္ႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုၿပီးပီအက္စ္ဂ်ီမွထြက္ခြာေရးအၿပီးသတ္လုပ္ေဆာင္မယ္လို႔သိရပါတယ္။

ဘက္ေပးဟာပီအက္စ္ဂ်ီႏွင့္၁၁လစာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ၿပီးဥေရာပထိပ္သီးကလပ္အေျမာက္အျမားတို႔ကသူ႔အေျခအေနကိုေစာင့္ၾကည့္ေနပါတယ္။

ဘက္ေပးဘက္ကယခုေႏြရာသီတြင္ပင္ထြက္ခြာလိုေနေပမယ့္လည္းပီအက္စ္ဂ်ီကသူတို႔ရဲ႕စူပါစတားကစားသမားမ်ားကိုမေရာင္းခ်ဘဲရာသီအကုန္အထိထိန္းထားရန္စီစဥ္ထားပါတယ္။

အသက္၂၂ႏွစ္ရွိစူပါစတားဟာရီးရဲလ္မက္ဒရစ္သို႔ေျပာင္းလိုေနပါတယ္။လာလီဂါထိပ္သီးကဘက္ေပးကိုေခၚယူေရးတရားဝင္လုပ္ေဆာင္လိုေနေပမယ့္ပီအက္စ္ဂ်ီကယခုေႏြတြင္လက္မလြတ္လိုမႈနဲ႔အတူအခက္ေတြ႕ေနပါတယ္။

ယေန႔တြင္ Le Parisien ရဲ႕ေဖာ္ျပခ်က္အရရီးရဲလ္မက္ဒရစ္ဟာလာမယ့္၂၀၂၂ခုႏွစ္၊ဇန္နဝါရီလ၁ရက္ေန႔အထိေစာင့္ဆိုင္းကာကိုင္လီယန္ဘက္ေပးအားအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ဘက္ေပးဟာ၂၀၂၂ခုႏွစ္၊ဇြန္လအကုန္တြင္မွပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းဆုံးမွာဆိုေပမယ့္ကစားသမားအေနျဖင့္ဇန္နဝါရီလကတည္းကႏိုင္ငံျခားကလပ္တစ္ခုႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုထားႏိုင္ပါတယ္။

အေစာပိုင္းသတင္းမ်ားအရရီးရဲလ္မက္ဒရစ္ဟာဘက္ေပးအားစာခ်ဳပ္ခ်ဳပ္ဆိုေၾကးအျဖစ္ယူ႐ိုသန္း၄၀အထိေပးသြားမယ္လို႔သိရပါတယ္။