ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားငါးကို ထွက်ခွာခွင့်ပေးသွားရန် ဆိုးလ်ရှားစီစဉ်ထား

မန်ချက်စတာယူနိုက်တက်ဟာရာသီအစရလဒ်ဆိုးရွားမှုများနှင့်ကြုံရပြီးနောက်အသင်းကိုအပြောင်းအလဲပြုလုပ်တဲ့အနေဖြင့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပထမအသင်းမှကစားသမားငါးဦးတို့အားအသင်းပြောင်းခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာနွေရာသီတုန်းကခရစ္စတီယာနိုရော်နယ်ဒို၊ရာဖေးလ်ဗာရိန်း၊ဂျာဒွန်ဆန်ချိုတို့အားခေါ်ယူအားဖြည့်ခဲ့ပြီးနောက်ယခုရာသီတွင်ဆုဖလားရယူရန်ဖိအားများကြုံနေရပါတယ်။

ဒါပေမယ့်မန်ယူဟာပရီးမီးယားလိဂ်ပွဲ၈ပွဲကစားထားရာတွင်၄ပွဲတည်းသာအနိုင်ရရှိထားပြီးအမှတ်ပေးဇယားအဆင့်၆နေရာမှာရပ်တည်နေပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ ဆိုးလ်ရှားဟာဇန်နဝါရီတွင်အသင်းကိုအပြောင်းအလဲများပြုလုပ်တဲ့အနေဖြင့်နေရာပေးရန်ခက်ခဲနေတဲ့ကစားသမားများကိုထွက်ခွာခွင့်ပေးသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

ဆိုးလ်ရှားဟာဇန်နဝါရီမှာဒွန်နီဗန်ဒီဘိခ်၊ဖီးလ်ဂျုံးစ်၊အန်တိုနီမာရှယ်၊ဗစ်တာလင်ဒီလော့ဖ်၊ဂျက်စီလင်ဂတ်တို့ကိုထွက်ခွာခွင့်ပေးသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

ZawGyi




ဒါပေမယ့်မန်ယူဟာပရီးမီးယားလိဂ်ပွဲ၈ပွဲကစားထားရာတွင်၎ပွဲတည်းသာအနိုင်ရရှိထားပြီးအမှတ်ပေးဇယားအဆင့်၆နေရာမှာရပ်တည်နေပါတယ်။

