ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် လင်ဂတ်ကို ပေါင်သန်း ၁၀ ခန့်ဖြင့် သရဲနီရောင်းချသွားတော့မည်

မန်ယူဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာဂျက်စီလင်ဂတ်ကိုနွေရာသီတုန်းကသတ်မှတ်ခဲဲ့တဲ့ဈေးနှုန်းရဲ့တစ်ဝက်ခန့်မျှဖြင့်ရောင်းချသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

နွေရာသီတုန်းကဝက်စ်ဟမ်းဟာအသင်းတွင်အငှားဖြင့်လာရောက်ကစားစဉ်ခြေစွမ်းပြခဲ့တဲ့လင်ဂတ်ကိုခေါ်ယူရန်ကြိုးပမ်းခဲ့ပေမယ့်မန်ယူကပေါင်၂၅သန်းတောင်းဆိုမှုကြောင့်လက်လျှော့ခဲ့ရပါတယ်။ယခုအခါမှာတော့မန်ယူဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာလင်ဂတ်ကိုပေါင်၁၀သန်းခန့်ဖြင့်ရောင်းချသွားတော့မှာဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိလင်ဂတ်ဟာယခုရာသီတွင်မန်ယူအတွက်အကောင်းဆုံးကြိုးစားလုပ်ဆောင်နေပေမယ့်လည်းတိုက်စစ်သမားများပြားလှမှုနဲ့အတူပွဲထွက်ကစားခွင့်ရရှိရန်ရုန်းကန်နေရပါတယ်။

ယခုအခါမန်ယူဟာစာချုပ်သစ်ချုပ်ဆိုရန်ငြင်းဆိုနေတဲ့လင်ဂတ်ကိုလာမယ့်နွေရာသီမှာအလွတ်ပြောင်းရွှေ့ကြေးဖြင့်ဆုံးရှုံးရတော့မှာဖြစ်လို့ ဇန်နဝါရီမှာပင်ပေါင်၁၀သန်းဖြင့်ရောင်းချသွားပါတော့မယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမျှော်လင့်နေတဲ့ဝက်စ်ဟမ်းဟာလင်ဂတ်ကိုခေါ်ယူရန်စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။တစ်ဖက်တွင်လင်ဂတ်ဟာမန်ယူနည်းပြဟောင်းဒေးဗစ်မိုယက်စ်နှင့်အလွန်ကောင်းမွန်တဲ့ဆက်ဆံမှုမျိုးရှိနေပါတယ်။

လင်ဂတ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်တစ်နှစ်သာလိုတော့တဲ့အချိန်မျိုးတွင်ပုံမှန်ပွဲကစားခွင့်ရမယ့်အသင်းသို့ပြောင်းရန်ဆန္ဒပြင်းပြနေပါတယ်။

ZawGyi

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ လင္ဂတ္ကို ေပါင္သန္း ၁၀ ခန႔္ျဖင့္ သရဲနီေရာင္းခ်သြားေတာ့မည္

မန္ယူဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာဂ်က္စီလင္ဂတ္ကိုေႏြရာသီတုန္းကသတ္မွတ္ခဲဲ့တဲ့ေဈးႏႈန္းရဲ႕တစ္ဝက္ခန႔္မွ်ျဖင့္ေရာင္းခ်သြားေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ေႏြရာသီတုန္းကဝက္စ္ဟမ္းဟာအသင္းတြင္အငွားျဖင့္လာေရာက္ကစားစဥ္ေျခစြမ္းျပခဲ့တဲ့လင္ဂတ္ကိုေခၚယူရန္ႀကိဳးပမ္းခဲ့ေပမယ့္မန္ယူကေပါင္၂၅သန္းေတာင္းဆိုမႈေၾကာင့္လက္ေလွ်ာ့ခဲ့ရပါတယ္။ယခုအခါမွာေတာ့မန္ယူဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာလင္ဂတ္ကိုေပါင္၁၀သန္းခန႔္ျဖင့္ေရာင္းခ်သြားေတာ့မွာျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိလင္ဂတ္ဟာယခုရာသီတြင္မန္ယူအတြက္အေကာင္းဆုံးႀကိဳးစားလုပ္ေဆာင္ေနေပမယ့္လည္းတိုက္စစ္သမားမ်ားျပားလွမႈနဲ႔အတူပြဲထြက္ကစားခြင့္ရရွိရန္႐ုန္းကန္ေနရပါတယ္။

ယခုအခါမန္ယူဟာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ျငင္းဆိုေနတဲ့လင္ဂတ္ကိုလာမယ့္ေႏြရာသီမွာအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ဆုံးရႈံးရေတာ့မွာျဖစ္လို႔ ဇန္နဝါရီမွာပင္ေပါင္၁၀သန္းျဖင့္ေရာင္းခ်သြားပါေတာ့မယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးေမွ်ာ္လင့္ေနတဲ့ဝက္စ္ဟမ္းဟာလင္ဂတ္ကိုေခၚယူရန္စိတ္ဝင္စားေနဆဲျဖစ္ပါတယ္။တစ္ဖက္တြင္လင္ဂတ္ဟာမန္ယူနည္းျပေဟာင္းေဒးဗစ္မိုယက္စ္ႏွင့္အလြန္ေကာင္းမြန္တဲ့ဆက္ဆံမႈမ်ိဳးရွိေနပါတယ္။

လင္ဂတ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရန္တစ္ႏွစ္သာလိုေတာ့တဲ့အခ်ိန္မ်ိဳးတြင္ပုံမွန္ပြဲကစားခြင့္ရမယ့္အသင္းသို႔ေျပာင္းရန္ဆႏၵျပင္းျပေနပါတယ္။