ဇန်နဝါရီအပြောင်းအရွှေ့တွင် စတာလင်းကို မန်စီးတီး လက်လွှတ်မည်မဟုတ်

မန်စီးတီးအသင်းအကြီးအကဲများကရာဟမ်းစတာလင်းကိုဇန်နဝါရီအပြောင်းအရွှေ့တွင်ဘာစီလိုနာသို့ပြောင်းနိုင်တယ်ဆိုတဲ့သတင်းကိုငြင်းဆိုလိုက်ပါတယ်။

ဘာစီလိုနာနည်းပြဇာဗီးဟာနန်ဒက်ဇ်ဟာရာဟမ်းစတာလင်းကိုခေါ်ယူလိုနေပြီးကစားသမားဝယ်ယူအားဖြည့်နိုင်ရေးအတွက်ဒတ်ချ်ကွင်းလယ်ကစားသမားဖရန်ကီဒီဂျောင်ကိုရောင်းချရန်စီစဉ်နေပါတယ်။

တကယ်လို့များဘာစီလိုနာဘက်ကစတာလင်းကိုခေါ်ယူရေးအတွက်ငွေကြေးအလုံအလောက်ရှိလာခဲ့တယ်ဆိုရင်တောင်မန်စီးတီးကအင်္ဂလန်စတားကိုရောင်းချသွားပါမယ်။

အသက်၂၆နှစ်ရှိစတာလင်းဟာမန်စီးတီးနှင့်၁၈လစာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပြီးမန်စီးတီးတွင်ပုံမှန်ကစားခွင့်မရရှိမှုနဲ့အတူ အသင်းပြောင်းလိုကြောင်းဖွင့်ဟထားသူဖြစ်ကာနိုင်ငံခြားသို့သွားကစားရန်လည်းတံခါးဖွင့်ထားပါတယ်။

ဒါပေမယ့်မန်စီးတီးအသင်းတာဝန်ရှိသူများဟာအသင်းရှိမည်သည့်ကစားသမားကိုမှဇန်နဝါရီတွင်ထွက်ခွာခွင့်ပေးရန်အစီအစဉ်မရှိပါဘူး။

မန်စီးတီးဟာစတာလင်းဘက်ကစာချုပ်သစ်မချုပ်ဆိုဘူးဆိုလျှင်လည်း လာမယ့်နွေတွင်ရောင်းချသွားရန်စီစဉ်ထားပါတယ်။

စတာလင်းဟာယခုရာသီမှာမန်စီးတီးအတွက်ပရီးမီးယားလိဂ်ပွဲသုံးပွဲတည်းသာပွဲထွက်ခွင့်ရထားပါတယ်။

ZawGyi

ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ စတာလင္းကို မန္စီးတီး လက္လႊတ္မည္မဟုတ္

မန္စီးတီးအသင္းအႀကီးအကဲမ်ားကရာဟမ္းစတာလင္းကိုဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ဘာစီလိုနာသို႔ေျပာင္းႏိုင္တယ္ဆိုတဲ့သတင္းကိုျငင္းဆိုလိုက္ပါတယ္။

ဘာစီလိုနာနည္းျပဇာဗီးဟာနန္ဒက္ဇ္ဟာရာဟမ္းစတာလင္းကိုေခၚယူလိုေနၿပီးကစားသမားဝယ္ယူအားျဖည့္ႏိုင္ေရးအတြက္ဒတ္ခ်္ကြင္းလယ္ကစားသမားဖရန္ကီဒီေဂ်ာင္ကိုေရာင္းခ်ရန္စီစဥ္ေနပါတယ္။

တကယ္လို႔မ်ားဘာစီလိုနာဘက္ကစတာလင္းကိုေခၚယူေရးအတြက္ေငြေၾကးအလုံအေလာက္ရွိလာခဲ့တယ္ဆိုရင္ေတာင္မန္စီးတီးကအဂၤလန္စတားကိုေရာင္းခ်သြားပါမယ္။

အသက္၂၆ႏွစ္ရွိစတာလင္းဟာမန္စီးတီးႏွင့္၁၈လစာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ၿပီးမန္စီးတီးတြင္ပုံမွန္ကစားခြင့္မရရွိမႈနဲ႔အတူ အသင္းေျပာင္းလိုေၾကာင္းဖြင့္ဟထားသူျဖစ္ကာႏိုင္ငံျခားသို႔သြားကစားရန္လည္းတံခါးဖြင့္ထားပါတယ္။

ဒါေပမယ့္မန္စီးတီးအသင္းတာဝန္ရွိသူမ်ားဟာအသင္းရွိမည္သည့္ကစားသမားကိုမွဇန္နဝါရီတြင္ထြက္ခြာခြင့္ေပးရန္အစီအစဥ္မရွိပါဘူး။

မန္စီးတီးဟာစတာလင္းဘက္ကစာခ်ဳပ္သစ္မခ်ဳပ္ဆိုဘူးဆိုလွ်င္လည္း လာမယ့္ေႏြတြင္ေရာင္းခ်သြားရန္စီစဥ္ထားပါတယ္။

စတာလင္းဟာယခုရာသီမွာမန္စီးတီးအတြက္ပရီးမီးယားလိဂ္ပြဲသုံးပြဲတည္းသာပြဲထြက္ခြင့္ရထားပါတယ္။