ဇန်နဝါရီအပြောင်းအရွှေ့တွင် တတိယမြောက်ခေါ်ယူမှုအဖြစ် ဘရာဇီးပါရမီရှင်လေးကို ပေါင် ၁၈ သန်းဖြင့် ချဲလ်ဆီးခေါ်ယူ

ချဲလ်ဆီးဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်တတိယမြောက်ခေါ်ယူမှုအဖြစ်ဘရာဇီးပါရမီရှင်ကစားသမားလေးအင်ဒရေဆန်းတို့စ်ကိုခေါ်ယူလိုက်ပါတယ်။

ချဲလ်ဆီးဟာအသက်၁၈နှစ်ရှိလူငယ်လေးအတွက်ပြောင်းရွှေ့ကြေးပေါင်၁၈သန်းအသုံးပြုခဲ့ရတာဖြစ်ပြီးဇန်နဝါရီတွင်တတိယမြောက်ခေါ်ယူလာတဲ့ကစားသမားလည်းဖြစ်ပါတယ်။

ဗာစကိုဒဂါးမားအလယ်တန်းကစားသမားဟာအသက်၁၈နှစ်တည်းသာရှိသေးပေမဲ့အသင်းအတွက်၃၈ပွဲကစားပေးခဲ့ရာမှာ၈ဂိုးအထိသွင်းယူထားနိုင်ပါတယ်။

ချဲလ်ဆီးဟာအင်ဒရေဆန်းတို့စ်မတိုင်မီဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ဘီနွိုက်ဘာဒီယာရှေးလ်နှင့်ဒေးဗစ်ဒါထရိုဖိုဖာနာတို့ကိုခေါ်ယူထားပါတယ်။

တော့ဒ်ဘိုလီဟာချဲလ်ဆီးကိုဝယ်ယူပြီးကစားသမားများစွာကိုငွေများစွာသုံးပြီးရင်းနှီးမြှပ်နှံနေသူဖြစ်ပြီးဘင်ဖီကာရဲ့အာဂျင်တီးနားစတားအန်ဇိုဖာနန်ဒက်ဇ်ကိုခေါ်ယူရန်ကြိုးပမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။၎င်းတို့ဟာအာဆင်နယ်နှင့်အပြိုင်မိုင်ခေလိုမူဒရစ်ကိုပေါင်၈၈သန်းဖြင့်ခေါ်ယူရေးအပြိုင်ကြိုးပမ်းနေပါတယ်။

ZawGyi

ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ တတိယေျမာက္ေခၚယူမႈအျဖစ္ ဘရာဇီးပါရမီရွင္ေလးကို ေပါင္ ၁၈ သန္းျဖင့္ ခ်ဲလ္ဆီးေခၚယူ

ခ်ဲလ္ဆီးဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္တတိယေျမာက္ေခၚယူမႈအျဖစ္ဘရာဇီးပါရမီရွင္ကစားသမားေလးအင္ဒေရဆန္းတို႔စ္ကိုေခၚယူလိုက္ပါတယ္။

ခ်ဲလ္ဆီးဟာအသက္၁၈ႏွစ္ရွိလူငယ္ေလးအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၈သန္းအသုံးျပဳခဲ့ရတာျဖစ္ၿပီးဇန္နဝါရီတြင္တတိယေျမာက္ေခၚယူလာတဲ့ကစားသမားလည္းျဖစ္ပါတယ္။

ဗာစကိုဒဂါးမားအလယ္တန္းကစားသမားဟာအသက္၁၈ႏွစ္တည္းသာရွိေသးေပမဲ့အသင္းအတြက္၃၈ပြဲကစားေပးခဲ့ရာမွာ၈ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။

ခ်ဲလ္ဆီးဟာအင္ဒေရဆန္းတို႔စ္မတိုင္မီဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဘီႏြိဳက္ဘာဒီယာေရွးလ္ႏွင့္ေဒးဗစ္ဒါထ႐ိုဖိုဖာနာတို႔ကိုေခၚယူထားပါတယ္။

ေတာ့ဒ္ဘိုလီဟာခ်ဲလ္ဆီးကိုဝယ္ယူၿပီးကစားသမားမ်ားစြာကိုေငြမ်ားစြာသုံးၿပီးရင္းႏွီးျမႇပ္ႏွံေနသူျဖစ္ၿပီးဘင္ဖီကာရဲ႕အာဂ်င္တီးနားစတားအန္ဇိုဖာနန္ဒက္ဇ္ကိုေခၚယူရန္ႀကိဳးပမ္းခဲ့ေပမဲ့မေအာင္ျမင္ခဲ့ပါဘူး။၎တို႔ဟာအာဆင္နယ္ႏွင့္အၿပိဳင္မိုင္ေခလိုမူဒရစ္ကိုေပါင္၈၈သန္းျဖင့္ေခၚယူေရးအၿပိဳင္ႀကိဳးပမ္းေနပါတယ္။