
ဒေးဗစ်ဘက်ဟမ်းရဲ့အင်တာမီယာမီဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူရန်စီစဉ်နေကြောင်းသိရပါတယ်။
အမေရိကန်မေဂျာလိဂ်ကလပ်ဟာနွေရာသီတုန်းက ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရေးကြိုးပမ်းမှုမအောင်မြင်ခဲ့ပြီးနောက် လာမယ့်ဇန်နဝါရီလတွင်လည်းလက်မလျှော့သေးဘဲထပ်မံကြိုးပမ်းလာဦးမှာလည်းဖြစ်ပါတယ်။
ဒါပေမဲ့အိုးထရက်ဖို့ဒ်ဂန္ထဝင်နှင့်ကစားဖော်ဟောင်းဝိန်းရွန်းနီကတော့အသက် ၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုမှာယခင်ကဲ့သို့အကောင်းဆုံးပုံစံတွင်မရှိတော့ကြောင်းသုံးသပ်လာပါတယ်။
ဒီစီယူနိုက်တက်နည်းပြက “ခရစ္စတီယာနိုနှင့်မက်ဆီကဘောလုံးသမိုင်းမှာအကြီးကျယ်ဆုံးကစားသမားတွေဖြစ်ကြပါတယ်။ဒါပေမဲ့ အချိန်က ကျွန်တော်တို့အားလုံးနောက်ကိုလိုက်နေတယ်။ဒါကခရစ္စတီယာနိုအတွက်ခက်ခဲတယ်။သူဟာအသက်၂၂နှစ်(သို့မဟုတ်)၂၃နှစ်တုန်းကလိုကစားသမားမျိုးမဟုတ်တော့ပါဘူး”လို့ ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာနွေရာသီတုန်းကအသင်းပြောင်းရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့ပြီးနောက်ယခုရာသီတွင်ပရီးမီးယားလိဂ်ပွဲတစ်ပွဲတည်းသာပွဲထွက်ခွင့်ရရှိပြီးနောက်အမေရိကန်မေဂျာလိဂ်သို့ပြောင်းကစားရေးအလေးအနက်ထားစဉ်းစားနေပြီဖြစ်ပါတယ်။
ZawGyi
ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ခရစ္စတီယာနိုရော်နယ်ဒိုကို ခေါ်ယူရန် ဘက်ဟမ်းရဲ့အင်တာမီယာမီစီစဉ်နေ