
Al-Nassrဟာဇန်နဝါရီလ၁ရက်နေ့တွင်ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရေးအပြီးသတ်နိုင်ရန်မျှော်လင့်နေပြီးဆာဂျီယိုရာမို့စ်ကိုလည်းသူနဲ့အတူခေါ်ယူလိုနေပါတယ်။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာပီယာ့စ်မော်ဂန်နှင့်အင်တာဗျူးကြောင့် မန်ချက်စတာယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။
ဆော်ဒီထိပ်သီးကလပ် Al-Nassrဟာခရစ္စတီယာနိုရော်နယ်ဒိုကိုပေါင်၁၇၃သန်းတန်စာချုပ်ကမ်းလှမ်းထားပါတယ်။
ယနေ့တွင် MARCAရဲ့ဖော်ပြလာမှုအရAl-Nassrဟာခရစ္စတီယာနိုရော်နယ်ဒိုအပြင်အခြားနာမည်ကျော်ကစားသမားများကိုလည်းခေါ်ယူရန်ပစ်မှတ်ထားနေပါတယ်။
၎င်းတို့ဟာချဲလ်ဆီးရဲ့အန်ဂိုလိုကန်တီနှင့်ရော်နယ်ဒိုရဲ့ရီးရဲလ်မက်ဒရစ်ကစားဖော်ဟောင်းရာမို့စ်ကိုလည်းပစ်မှတ်ထားနေပါတယ်။
Al-Nassr ရဲ့ဥက္ကဌနှင့်အားကစားဒါရိုက်တာဟာမက်ဒရစ်သို့သွားရောက်ကာအသက်၃၆နှစ်ရှိရာမို့စ်ရဲ့အပြောင်းအရွှေ့ကိုအပြီးသတ်ရန်စီစဉ်နေပါတယ်။
ရာမို့စ်ဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးလီဂူး၁ကလပ်ဘက်ကဇန်နဝါရီလတွင်ကစားသမားဘက်ကသာတောင်းဆိုလာပါကစာချုပ်ဖျက်သိမ်းပေးရန်အသင့်ရှိနေပါတယ်။
Zawgyi
ဇန်နဝါရီ ၁ ရက်နေ့တွင် ရော်နယ်ဒိုအပြောင်းအရွှေ့ကို အပြီးသတ်နိုင်ရန် Al-Nassr မျှော်လင့်နေ၊ ရာမို့စ်ကိုလည်း သူ့နဲ့အတူခေါ်ယူမည်