ဇာဂရက်နှင့်ပွဲတွင် ကိုယ့်ကွင်းဘက်ခြမ်းမှ တစ်ကိုယ်တော်အစွမ်းဖြင့် ဆွဲပြေးကာ ဂိုးသွင်းခဲ့တဲ့ ဒက်လန်းရိုက်စ်

ဝက်စ်ဟမ်းစတားဒက်လန်းရိုက်စ်ဟာမနေ့ညတုန်းကဒိုင်နမိုဇာဂရက်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ယူရိုပါလိဂ်ပွဲစဉ်တွင်တစ်ကိုယ်တော်အစွမ်းဖြင့်လှပတဲ့ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အသက်၂၂နှစ်ရှိအင်္ဂလန်အလယ်တန်းကစားသမားဟာကိုယ့်ကွင်းဘက်ခြမ်းမှတစ်ကိုယ်တော်အစွမ်းဖြင့်ဆွဲပြေးကာဒိုင်နမိုဇာဂရက်ဂိုးသမားဒိုမီနစ်လီဗာကိုဗစ်အားကျော်ကာဝက်စ်ဟမ်းအတွက်ဒုတိယဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားမှာကစားတဲ့ယင်းပွဲစဉ်ရဲ့ပွဲချိန်၅၀မိနစ်ဒက်လန်းရိုက်စ်ဟာကိုယ့်ကွင်းဘက်ခြမ်းမှာဒိုင်နမိုဇာဂရက်နောက်ခံလူဂျိုးဆစ်ဆူတာလိုရဲ့ဘောလုံးပေးပို့မှုအမှားကနေဘောလုံးရရှိပြီးနောက်ဒိုင်နမိုဇာဂရက်နောက်ခံလူတစ်ဦးကိုကျော်ဖြတ်ဆွဲပြေးကာဂိုးသမားပေါင်ကြားအောက်မှသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ဒက်လန်းရိုက်စ်အတွက်အဆိုပါဂိုးမှာကစားသမားဘဝတစ်လျှောက်၆ဂိုးမြောက်ကလပ်ဂိုးဖြစ်ပြီးယခုရာသီမှာပထမဆုံးသွင်းယူတဲ့ဂိုးလည်းဖြစ်ပါတယ်။

ယင်းပွဲစဉ်မှာဝက်စ်ဟမ်းအတွက်ဦးဆောင်ဂိုးကိုအန်တိုနီယိုကပွဲချိန်၂၂မိနစ်မှာဒိုင်နမိုဇာဂရက်ကစားသမားကီဗင်သီယိုဖီကက်သရင်းရဲ့နောက်သို့ဘောလုံးပြန်ပေးမှုကိုကြားဖြတ်ရယူပြီးသွင်းယူခဲ့တာဖြစ်ပါတယ်။

ZawGyi

ဇာဂရက္ႏွင့္ပြဲတြင္ ကိုယ့္ကြင္းဘက္ျခမ္းမွ တစ္ကိုယ္ေတာ္အစြမ္းျဖင့္ ဆြဲေျပးကာ ဂိုးသြင္းခဲ့တဲ့ ဒက္လန္း႐ိုက္စ္

ဝက္စ္ဟမ္းစတားဒက္လန္း႐ိုက္စ္ဟာမေန႔ညတုန္းကဒိုင္နမိုဇာဂရက္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ယူ႐ိုပါလိဂ္ပြဲစဥ္တြင္တစ္ကိုယ္ေတာ္အစြမ္းျဖင့္လွပတဲ့ဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

အသက္၂၂ႏွစ္ရွိအဂၤလန္အလယ္တန္းကစားသမားဟာကိုယ့္ကြင္းဘက္ျခမ္းမွတစ္ကိုယ္ေတာ္အစြမ္းျဖင့္ဆြဲေျပးကာဒိုင္နမိုဇာဂရက္ဂိုးသမားဒိုမီနစ္လီဗာကိုဗစ္အားေက်ာ္ကာဝက္စ္ဟမ္းအတြက္ဒုတိယဂိုးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။

ခ႐ိုေအးရွားမွာကစားတဲ့ယင္းပြဲစဥ္ရဲ႕ပြဲခ်ိန္၅၀မိနစ္ဒက္လန္း႐ိုက္စ္ဟာကိုယ့္ကြင္းဘက္ျခမ္းမွာဒိုင္နမိုဇာဂရက္ေနာက္ခံလူဂ်ိဳးဆစ္ဆူတာလိုရဲ႕ေဘာလုံးေပးပို႔မႈအမွားကေနေဘာလုံးရရွိၿပီးေနာက္ဒိုင္နမိုဇာဂရက္ေနာက္ခံလူတစ္ဦးကိုေက်ာ္ျဖတ္ဆြဲေျပးကာဂိုးသမားေပါင္ၾကားေအာက္မွသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ဒက္လန္း႐ိုက္စ္အတြက္အဆိုပါဂိုးမွာကစားသမားဘဝတစ္ေလွ်ာက္၆ဂိုးေျမာက္ကလပ္ဂိုးျဖစ္ၿပီးယခုရာသီမွာပထမဆုံးသြင္းယူတဲ့ဂိုးလည္းျဖစ္ပါတယ္။

ယင္းပြဲစဥ္မွာဝက္စ္ဟမ္းအတြက္ဦးေဆာင္ဂိုးကိုအန္တိုနီယိုကပြဲခ်ိန္၂၂မိနစ္မွာဒိုင္နမိုဇာဂရက္ကစားသမားကီဗင္သီယိုဖီကက္သရင္းရဲ႕ေနာက္သို႔ေဘာလုံးျပန္ေပးမႈကိုၾကားျဖတ္ရယူၿပီးသြင္းယူခဲ့တာျဖစ္ပါတယ္။