ဇာဗီးကို ခန့်အပ်လိုက်ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ဘာစီလိုနာသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြန်လာမယ့် မက်ဆီ

လီယွန်နယ်မက်ဆီဟာဘာစီလိုနာနည်းပြသစ်အဖြစ်ဇာဗီးကိုခန့်အပ်လိုက်ပြီးနောက်၂၀၂၃ခုနှစ်တွင်နူးကမ့်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြန်လာဖို့ရှိနေကြောင်းသိရပါတယ်။

Ballon d’Or ဆုခြောက်ကြိမ်ဆွတ်ခူးထားတဲ့မက်ဆီဟာနွေရာသီတုန်းကလုပ်ခ၅၀လျှော့ယူကာစာချုပ်သစ်ချုပ်ဆိုလိုခဲ့ပေမယ့်လည်းဘာစီလိုနာဘက်ကလာလီဂါရဲ့အသုံးစရိတ်ကန့်သတ်မှုကြောင့်စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ပါဘူး။

ဒါကြောင့်လည်းမက်ဆီဟာဘာစီလိုနာမှထွက်ခွာကာပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်၂နှစ်စာချုပ်ဖြင့်ပြောင်းခဲ့ရပါတယ်။

ဒါပေမယ့်ယခုအခါဘာစီလိုနာနည်းပြအဖြစ်ကစားဖော်ဟောင်းဇာဗီးခန့်အပ်ခြင်းခံလာရမှုနဲ့အတူမက်ဆီဟာပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်၂၀၂၃ခုနှစ်မှာနူးကမ့်သို့တကျော့ပြန်ခြေချလာဖို့ရှိနေပါတယ်။

Marca ရဲ့ဖော်ပြမှုအရဘာစီလိုနာနည်းပြဇာဗီးမှာမက်ဆီတကျော့ပြန်လာရေးအတွက်အလွန်အရေးပါတဲ့သော့ချက်ဖြစ်ကြောင်းသိရပါတယ်။

တစ်ဖက်တွင်ဘာစီလိုနာဥက္ကဌရွေးကောက်ပွဲတွင်လာပေါ်တာကိုရှုံးနိမ့်ခဲ့တဲ့ဗစ်တာဖောင့်ကလည်း၂၀၂၃ခုနှစ်တွင်မက်ဆီကိုနူးကမ့်သို့ပြန်လည်ခေါ်ယူရန်တိုက်တွန်းထားပါတယ်။

ဗစ်တာဖောင့်က “သူ့ထွက်ခွာမှုကရှေ့တံခါးကထွက်ခွာမှုမျိုးနဲ့ထိုက်တန်ပါတယ်။အခုအချိန်ကစပြီးကလပ်အနေနဲ့၂၀၂၃ခုနှစ်မှာမက်ဆီကိုတစ်ကျော့ပြန်လာနိုင်စေဖို့တွေးထားသင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဇာဗီးဟာဘာစီလိုနာနှင့်၂၀၂၄ခုနှစ်အထိ၂နှစ်ခွဲစာချုပ်ချုပ်ဆိုထားပါတယ်။ဇာဗီးဟာတနင်္လာနေ့မှစတင်ကာဘာစီလိုနာအသင်းကိုစတင်လေ့ကျင့်ပေးမှုများပြုလုပ်ခဲ့ပြီးအသင်းကိုတကျော့ပြန်ဦးမော့လာစေရေးအတွက်တင်းကျပ်တဲ့စည်းကမ်းများလည်းချမှတ်ထားပါတယ်။

ZawGyi

ဇာဗီးကို ခန႔္အပ္လိုက္ၿပီးေနာက္ ၂၀၂၃ ခုႏွစ္တြင္ ဘာစီလိုနာသို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ျပန္လာမယ့္ မက္ဆီ

လီယြန္နယ္မက္ဆီဟာဘာစီလိုနာနည္းျပသစ္အျဖစ္ဇာဗီးကိုခန႔္အပ္လိုက္ၿပီးေနာက္၂၀၂၃ခုႏွစ္တြင္ႏူးကမ့္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ျပန္လာဖို႔ရွိေနေၾကာင္းသိရပါတယ္။

Ballon d’Or ဆုေျခာက္ႀကိမ္ဆြတ္ခူးထားတဲ့မက္ဆီဟာေႏြရာသီတုန္းကလုပ္ခ၅၀ေလွ်ာ့ယူကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုခဲ့ေပမယ့္လည္းဘာစီလိုနာဘက္ကလာလီဂါရဲ႕အသုံးစရိတ္ကန႔္သတ္မႈေၾကာင့္စာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္ခဲ့ပါဘူး။

ဒါေၾကာင့္လည္းမက္ဆီဟာဘာစီလိုနာမွထြက္ခြာကာပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့ရပါတယ္။

ဒါေပမယ့္ယခုအခါဘာစီလိုနာနည္းျပအျဖစ္ကစားေဖာ္ေဟာင္းဇာဗီးခန႔္အပ္ျခင္းခံလာရမႈနဲ႔အတူမက္ဆီဟာပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္၂၀၂၃ခုႏွစ္မွာႏူးကမ့္သို႔တေက်ာ့ျပန္ေျခခ်လာဖို႔ရွိေနပါတယ္။

Marca ရဲ႕ေဖာ္ျပမႈအရဘာစီလိုနာနည္းျပဇာဗီးမွာမက္ဆီတေက်ာ့ျပန္လာေရးအတြက္အလြန္အေရးပါတဲ့ေသာ့ခ်က္ျဖစ္ေၾကာင္းသိရပါတယ္။

တစ္ဖက္တြင္ဘာစီလိုနာဥကၠဌေ႐ြးေကာက္ပြဲတြင္လာေပၚတာကိုရႈံးနိမ့္ခဲ့တဲ့ဗစ္တာေဖာင့္ကလည္း၂၀၂၃ခုႏွစ္တြင္မက္ဆီကိုႏူးကမ့္သို႔ျပန္လည္ေခၚယူရန္တိုက္တြန္းထားပါတယ္။

ဗစ္တာေဖာင့္က “သူ႔ထြက္ခြာမႈကေရွ႕တံခါးကထြက္ခြာမႈမ်ိဳးနဲ႔ထိုက္တန္ပါတယ္။အခုအခ်ိန္ကစၿပီးကလပ္အေနနဲ႔၂၀၂၃ခုႏွစ္မွာမက္ဆီကိုတစ္ေက်ာ့ျပန္လာႏိုင္ေစဖို႔ေတြးထားသင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဇာဗီးဟာဘာစီလိုနာႏွင့္၂၀၂၄ခုႏွစ္အထိ၂ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။ဇာဗီးဟာတနလၤာေန႔မွစတင္ကာဘာစီလိုနာအသင္းကိုစတင္ေလ့က်င့္ေပးမႈမ်ားျပဳလုပ္ခဲ့ၿပီးအသင္းကိုတေက်ာ့ျပန္ဦးေမာ့လာေစေရးအတြက္တင္းက်ပ္တဲ့စည္းကမ္းမ်ားလည္းခ်မွတ္ထားပါတယ္။