ဇာဗီးကို ၂၀၂၄ ခုနှစ်အထိ စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ဘာစီလိုနာခန့်အပ်လိုက်ပြီ

ဘာစီလိုနာကဂန္ထဝင်ကစားသမားဇာဗီးဟာနန်ဒက်စ်ကို၂နှစ်ခွဲစာချုပ်ဖြင့် နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့ရက်များအတွင်းတွင်ဇာဗီးကိုင်တွယ်နေတဲ့ကာတာကလပ်အယ်ဆတ်နှင့်စာချုပ်ဖျက်သိမ်းနိုင်ရေးဆွေးနွေးမှုများပြုလုပ်လာခဲ့ပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရဇာဗီးဟာဘာစီလိုနာနည်းပြဖြစ်ချင်လွန်းမှုကြောင့်အယ်ဆတ်နှင့်စာချုပ်ဖျက်သိမ်းရေးအတွက်ပေးရမယ့်ယူရို၅သန်းကိုသူ့အိတ်ထဲမှာစိုက်ထုတ်ပေးခဲ့ကြောင်းလည်းသိရပါတယ်။

ဇာဗီးဟာယခုရက်ပိုင်းအတွင်းမှာဘာစီလိုနာသို့ရောက်လာမှာဖြစ်ပြီးလာမယ့်နိုဝင်ဘာလ၈ရက်နေ့မှစတင်ကာဘာစီလိုနာနည်းပြရာထူးကိုစတင်တာဝန်ယူသွားပါမယ်။သူဟာယင်းနေ့မှာဘဲဘာစီလိုနာနည်းပြအဖြစ်မိတ်ဆက်ပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်သွားပါမယ်။

ဇာဗီးဟာဘာစီလိုနာအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီးပွဲပေါင်း၇၆၇ပွဲကစားပေးခဲ့ကာဘာစီလိုနာတွင်ကစားတဲ့၁၇နှစ်တာကာလအတွင်းတွင်ဆုဖလားပေါင်း၂၅ကြိမ်ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာနိုင်ငံတကာပွဲများအပြီးတွင်အက်စ်ပန်ညိုနှင့်ရင်ဆိုင်ကစားရမယ့် ကက်တလန်ဒါဘီပွဲတွင်ဘာစီလိုနာနည်းပြအဖြစ်ပထမဆုံးပွဲကိုကြီးကြပ်သွားပါမှာဖြစ်လို့ပြင်ဆင်ချိန်၂ပတ်ရရှိလာပါမယ်။

ယနေ့တွင်ဆဲလ်တာဗီဂိုကိုအဝေးကွင်သို့သွားရောက်ရင်ဆိုင်ရမယ့်ဘာစီလိုနာရဲ့ပွဲစဉ်ကိုဘာစီလိုနာယာယီနည်းပြဆာဂျီဘာဟွန်ကကြီးကြပ်သွားဦးမှာဖြစ်ပါတယ်။

ZawGyi

ဇာဗီးကို ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္ျဖင့္ နည္းျပသစ္အျဖစ္ ဘာစီလိုနာခန႔္အပ္လိုက္ၿပီ

ဘာစီလိုနာကဂႏၴဝင္ကစားသမားဇာဗီးဟာနန္ဒက္စ္ကို၂ႏွစ္ခြဲစာခ်ဳပ္ျဖင့္ နည္းျပသစ္အျဖစ္ခန႔္အပ္လိုက္ၿပီျဖစ္ေၾကာင္းထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့ရက္မ်ားအတြင္းတြင္ဇာဗီးကိုင္တြယ္ေနတဲ့ကာတာကလပ္အယ္ဆတ္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းႏိုင္ေရးေဆြးေႏြးမႈမ်ားျပဳလုပ္လာခဲ့ပါတယ္။

ေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းအရဇာဗီးဟာဘာစီလိုနာနည္းျပျဖစ္ခ်င္လြန္းမႈေၾကာင့္အယ္ဆတ္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းေရးအတြက္ေပးရမယ့္ယူ႐ို၅သန္းကိုသူ႔အိတ္ထဲမွာစိုက္ထုတ္ေပးခဲ့ေၾကာင္းလည္းသိရပါတယ္။

ဇာဗီးဟာယခုရက္ပိုင္းအတြင္းမွာဘာစီလိုနာသို႔ေရာက္လာမွာျဖစ္ၿပီးလာမယ့္ႏိုဝင္ဘာလ၈ရက္ေန႔မွစတင္ကာဘာစီလိုနာနည္းျပရာထူးကိုစတင္တာဝန္ယူသြားပါမယ္။သူဟာယင္းေန႔မွာဘဲဘာစီလိုနာနည္းျပအျဖစ္မိတ္ဆက္ၿပီးသတင္းစာရွင္းလင္းပြဲျပဳလုပ္သြားပါမယ္။

ဇာဗီးဟာဘာစီလိုနာအကယ္ဒမီထြက္တစ္ဦးျဖစ္ၿပီးပြဲေပါင္း၇၆၇ပြဲကစားေပးခဲ့ကာဘာစီလိုနာတြင္ကစားတဲ့၁၇ႏွစ္တာကာလအတြင္းတြင္ဆုဖလားေပါင္း၂၅ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာႏိုင္ငံတကာပြဲမ်ားအၿပီးတြင္အက္စ္ပန္ညိဳႏွင့္ရင္ဆိုင္ကစားရမယ့္ ကက္တလန္ဒါဘီပြဲတြင္ဘာစီလိုနာနည္းျပအျဖစ္ပထမဆုံးပြဲကိုႀကီးၾကပ္သြားပါမွာျဖစ္လို႔ျပင္ဆင္ခ်ိန္၂ပတ္ရရွိလာပါမယ္။

ယေန႔တြင္ဆဲလ္တာဗီဂိုကိုအေဝးကြင္သို႔သြားေရာက္ရင္ဆိုင္ရမယ့္ဘာစီလိုနာရဲ႕ပြဲစဥ္ကိုဘာစီလိုနာယာယီနည္းျပဆာဂ်ီဘာဟြန္ကႀကီးၾကပ္သြားဦးမွာျဖစ္ပါတယ္။