ဇာဗီးက ချမှတ်ထားတဲ့စည်းကမ်းသစ်များ ချိုးဖောက်သူ ဘာစီလိုနာကစားသမားတစ်ဦးပေါ်လာ

ဘာစီလိုနာလူငယ်ကစားသမားရီကီပွီးဟာဘာစီလိုနာနည်းပြသစ်ဇာဗီးဟာနန်ဒက်ဇ်ကကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များလိုက်နာရမယ့် စည်းမျဉ်းသစ်များချမှတ်ထားတဲ့စည်းမျဉ်းတစ်ခုကိုချိုးဖောက်မှုပြုလုပ်လာပါတယ်။

ဘာစီလိုနာနည်းပြသစ်ဇာဗီးဟာနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြီးနောက်ဘာစီလိုနာကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များမဖြစ်မနေလိုက်နာကျင့်သုံးရမယ့်စည်းမျဉ်း၁၀ခုကိုချမှတ်ခဲ့ပါတယ်။

ဒါပေမယ့်အသက်၂၂နှစ်ရှိပွီးဟာစည်းမျဉ်းချိုးဖောက်လာမှုနဲ့ နည်းပြသစ်ရဲ့ဒေါသနှင့်ရင်ဆိုင်လာရဖို့ရှိနေပါတယ်။

SPORT ရဲ့ဖော်ပြချက်အရရီကီပွီးဟာတနင်္လာနေ့တုန်းကဘာစီလိုနာတွင်လူသွားလမ်းလျှောက်လမ်းပေါ်တွင်လျှပ်စစ်ဆိုင်ကယ်ဖြင့်မောင်းခဲ့ကြောင်းသိရပါတယ်။ဒါ့အပြင်ရာကီပွီးဟာလျှပ်စစ်ဆိုင်ကယ်တွင်အခြားသူတစ်ဦးကိုလည်းတင်ထားပါသေးတယ်။

ယာဉ်စည်းကမ်းအရလူသွားပလက်ဖောင်းတွင်မောင်းနှင်ရာတွင်လူတစ်ဦးထက်ပိုပြီးမောင်းနှင်ခွင့်မရှိပါဘူး။

ပွီးဟာနည်းပြသစ်ဇာဗီးရဲ့အရေးယူခံရမလားဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။ဒါပေမယ့်သေချာတာကတော့အသက်၄၁နှစ်ရှိဇာဗီးဟာသူ့စည်းမျဉ်းကိုချိုးဖောက်တဲ့သူတွေကိုဒဏ်ရိုက်သွားဖို့ကတော့သေချာနေပါတယ်။

ဇာဗီးချမှတ်လိုက်တဲ့စည်းမျဉ်း၁၀ခုမှာ(၁)ကစားသမားများ လေ့ကျင့်ခန်းအစီအစဉ်မစတင်မီမိနစ်၉၀အလိုတွင်အရောက်လာရန်(၂)နည်းပြအဖွဲ့ဝင်များလေ့ကျင့်ခန်းအစီအစဉ်မစတင်မီ၂နာရီအလိုတွင်အရောက်လာရန်(၃)ကလပ်ရဲ့လေ့ကျင့်ရေးကွင်းတွင်ပင်ကစားသမားများစားသောက်ရမဉ်(၄)ပြန်သွားသူများဒဏ်ရိုက်ခံရမည်(၅)ထပ်မံကျူးလွန်ပါကဒဏ်ငွေ၂ဆပေးဆောင်ရမည်(၆)ပွဲတစ်ပွဲမတိုင်မီ၂ရက်အလိုတွင်ကစားသမားများ ညည့်နက်ချိန်တွင်နေအိမ်တွင်ပင်ရှိရမည်(၇)ကစားသမားများအားလုံး လေ့ကျင့်ခန်းအစီအစဉ်တွင်အပြည့်အဝပေးဆပ်ကစားရမည်(၈)ကစား သမားများရဲ့ကွင်းပြင်ပနေထိုင်မှုကိုစောင့်ကြည့်သွားမည်(၉)အန္တရာယ်ရှိတဲ့လုပ်ဆောင်မှုများကို (ရေလွှာလျောစီးခြင်း၊ဆိုင်ကယ်စီးခြင်း)ခွင့်ပြုမည်မဟုတ်(၁၀)ကလပ်ရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းတဲ့အနေဖြင့်အမူအကျင့်ကောင်းများဖြင့်စံပြတစ်ဦးပမာဏနေထိုင်ရမည် တို့ဖြစ်ပါတယ်။

ZawGyi

ဇာဗီးက ခ်မွတ္ထားတဲ့စည္းကမ္းသစ္မ်ား ခ်ိဳးေဖာက္သူ ဘာစီလိုနာကစားသမားတစ္ဦးေပၚလာ

ဘာစီလိုနာလူငယ္ကစားသမားရီကီပြီးဟာဘာစီလိုနာနည္းျပသစ္ဇာဗီးဟာနန္ဒက္ဇ္ကကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားလိုက္နာရမယ့္ စည္းမ်ဥ္းသစ္မ်ားခ်မွတ္ထားတဲ့စည္းမ်ဥ္းတစ္ခုကိုခ်ိဳးေဖာက္မႈျပဳလုပ္လာပါတယ္။

ဘာစီလိုနာနည္းျပသစ္ဇာဗီးဟာနည္းျပသစ္အျဖစ္ခန႔္အပ္ျခင္းခံခဲ့ရၿပီးေနာက္ဘာစီလိုနာကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားမျဖစ္မေနလိုက္နာက်င့္သုံးရမယ့္စည္းမ်ဥ္း၁၀ခုကိုခ်မွတ္ခဲ့ပါတယ္။

ဒါေပမယ့္အသက္၂၂ႏွစ္ရွိပြီးဟာစည္းမ်ဥ္းခ်ိဳးေဖာက္လာမႈနဲ႔ နည္းျပသစ္ရဲ႕ေဒါသႏွင့္ရင္ဆိုင္လာရဖို႔ရွိေနပါတယ္။

SPORT ရဲ႕ေဖာ္ျပခ်က္အရရီကီပြီးဟာတနလၤာေန႔တုန္းကဘာစီလိုနာတြင္လူသြားလမ္းေလွ်ာက္လမ္းေပၚတြင္လွ်ပ္စစ္ဆိုင္ကယ္ျဖင့္ေမာင္းခဲ့ေၾကာင္းသိရပါတယ္။ဒါ့အျပင္ရာကီပြီးဟာလွ်ပ္စစ္ဆိုင္ကယ္တြင္အျခားသူတစ္ဦးကိုလည္းတင္ထားပါေသးတယ္။

ယာဥ္စည္းကမ္းအရလူသြားပလက္ေဖာင္းတြင္ေမာင္းႏွင္ရာတြင္လူတစ္ဦးထက္ပိုၿပီးေမာင္းႏွင္ခြင့္မရွိပါဘူး။

ပြီးဟာနည္းျပသစ္ဇာဗီးရဲ႕အေရးယူခံရမလားဆိုတာကိုေတာ့အတိအက်မသိရေသးပါဘူး။ဒါေပမယ့္ေသခ်ာတာကေတာ့အသက္၄၁ႏွစ္ရွိဇာဗီးဟာသူ႔စည္းမ်ဥ္းကိုခ်ိဳးေဖာက္တဲ့သူေတြကိုဒဏ္႐ိုက္သြားဖို႔ကေတာ့ေသခ်ာေနပါတယ္။