ဇာဗီးချမှတ်ထားတဲ့စည်းမျဉ်းသစ်နှင့်ငြိပြီး ပထမဆုံးဈေးဦးပေါက်သွားတဲ့ ဒမ်ဘီလီ

ဇာဗီးဟာဘာစီလိုနာနည်းပြသစ်ဖြစ်လာပြီးနောက်ကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များမဖြစ်မနေလိုက်နာရဲ့စည်းမျဉ်းသစ်၁၀ခုကိုချမှတ်ခဲ့ပါတယ်။

ယခုအခါဘာစီလိုနာနည်းပြသစ်ရဲ့စည်းမျဉ်းသစ်များထဲမှတစ်ခုကိုချိုးဖောက်မိကာပထမဆုံးဈေးဦးပေါက် ဒဏ်ရိုက်ခံရတဲ့ကစားသမားထွက်ပေါ်လာပြီဖြစ်ပါတယ်။

ဘာစီလိုနာတောင်ပံကစားသမားဒမ်ဘီလီဟာသောကြာနေ့တုန်းကလေ့ကျင့်ခန်းအစီအစဉ်သို့၃မိနစ်နောက်ကျပြီးရောက်မှုနဲ့အတူ ဇာဗီးလက်အောက်တွင်သူ့ထုတ်ထားတဲ့စည်းမျဉ်းသစ်ကိုချိုးဖောက်မှုအတွက်ပထမဆုံးဒဏ်ရိုက်ခံရသူဖြစ်လာပါတယ်။

ကမ္ဘာ့ဖလားရွှေတံဆိပ်ဆုရှင်ဟာဇာဗီးချမှတ်ထားတဲ့စည်းမျဉ်း၁၀ခုမှပထမဆုံးစည်းမျဉ်းကိုချိုးဖောက်ခဲ့တာလည်းဖြစ်ပါတယ်။ဇာဗီးချမှတ်ထားတဲ့စည်းမျဉ်း၁၀ခုမှပထမဆုံးအချက်အရကစားသမားများဟာလေ့ကျင့်ရေးအစီအစဉ်သို့ လေ့ကျင့်ခန်းစလုပ်ရန်သတ်မှတ်ထားချိန်ထက်မိနစ်၉၀စောပြီးရောက်ရပါမယ်။

ဒမ်ဘီလီဟာလေ့ကျင့်ရေးကွင်းသို့ နံနက် ၈နာရီ၃၀မိနစ်တွင်ရောက်ရမှာဖြစ်ပေမယ့်၈နာရီ၃၃မိနစ်တွင်ရောက်လာခဲ့တာပါ။

ဒမ်ဘီလီဟာနောက်တစ်ကြိမ်လေ့ကျင့်ခန်းအစီအစဉ်သို့နောက်ကျရောက်လာပါကဒဏ်ငွေနှစ်ဆဒဏ်ရိုက်ခြင်းခံရဦးမှာလည်းဖြစ်ပါတယ်။

ဒမ်ဘီလီဟာယူရို၂၀၂၀ပြိုင်ပွဲတုန်းကရရှိခဲ့တဲ့ဒူးဒဏ်ရာကြောင့်ကာလရှည်ကြာအနားယူခဲ့ရပြီးနောက်ဘာစီလိုနာအတွက်တစ်ပွဲတည်းသာကစားထားနိုင်ပါသေးတယ်။သူဟာနိုဝင်ဘာလ၂ရက်နေ့တုန်းကဒိုင်နမိုကိဗ်အား၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာကစားခဲ့တာပါ။

ZawGyi

ဇာဗီးခ်မွတ္ထားတဲ့စည္းမ်ဥ္းသစ္ႏွင့္ၿငိၿပီး ပထမဆုံးေဈးဦးေပါက္သြားတဲ့ ဒမ္ဘီလီ

ဇာဗီးဟာဘာစီလိုနာနည္းျပသစ္ျဖစ္လာၿပီးေနာက္ကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားမျဖစ္မေနလိုက္နာရဲ႕စည္းမ်ဥ္းသစ္၁၀ခုကိုခ်မွတ္ခဲ့ပါတယ္။

ယခုအခါဘာစီလိုနာနည္းျပသစ္ရဲ႕စည္းမ်ဥ္းသစ္မ်ားထဲမွတစ္ခုကိုခ်ိဳးေဖာက္မိကာပထမဆုံးေဈးဦးေပါက္ ဒဏ္႐ိုက္ခံရတဲ့ကစားသမားထြက္ေပၚလာၿပီျဖစ္ပါတယ္။

ဘာစီလိုနာေတာင္ပံကစားသမားဒမ္ဘီလီဟာေသာၾကာေန႔တုန္းကေလ့က်င့္ခန္းအစီအစဥ္သို႔၃မိနစ္ေနာက္က်ၿပီးေရာက္မႈနဲ႔အတူ ဇာဗီးလက္ေအာက္တြင္သူ႔ထုတ္ထားတဲ့စည္းမ်ဥ္းသစ္ကိုခ်ိဳးေဖာက္မႈအတြက္ပထမဆုံးဒဏ္႐ိုက္ခံရသူျဖစ္လာပါတယ္။

ကမာၻ႔ဖလားေ႐ႊတံဆိပ္ဆုရွင္ဟာဇာဗီးခ်မွတ္ထားတဲ့စည္းမ်ဥ္း၁၀ခုမွပထမဆုံးစည္းမ်ဥ္းကိုခ်ိဳးေဖာက္ခဲ့တာလည္းျဖစ္ပါတယ္။ဇာဗီးခ်မွတ္ထားတဲ့စည္းမ်ဥ္း၁၀ခုမွပထမဆုံးအခ်က္အရကစားသမားမ်ားဟာေလ့က်င့္ေရးအစီအစဥ္သို႔ ေလ့က်င့္ခန္းစလုပ္ရန္သတ္မွတ္ထားခ်ိန္ထက္မိနစ္၉၀ေစာၿပီးေရာက္ရပါမယ္။

ဒမ္ဘီလီဟာေလ့က်င့္ေရးကြင္းသို႔ နံနက္ ၈နာရီ၃၀မိနစ္တြင္ေရာက္ရမွာျဖစ္ေပမယ့္၈နာရီ၃၃မိနစ္တြင္ေရာက္လာခဲ့တာပါ။

ဒမ္ဘီလီဟာေနာက္တစ္ႀကိမ္ေလ့က်င့္ခန္းအစီအစဥ္သို႔ေနာက္က်ေရာက္လာပါကဒဏ္ေငြႏွစ္ဆဒဏ္႐ိုက္ျခင္းခံရဦးမွာလည္းျဖစ္ပါတယ္။

ဒမ္ဘီလီဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတုန္းကရရွိခဲ့တဲ့ဒူးဒဏ္ရာေၾကာင့္ကာလရွည္ၾကာအနားယူခဲ့ရၿပီးေနာက္ဘာစီလိုနာအတြက္တစ္ပြဲတည္းသာကစားထားႏိုင္ပါေသးတယ္။သူဟာႏိုဝင္ဘာလ၂ရက္ေန႔တုန္းကဒိုင္နမိုကိဗ္အား၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာကစားခဲ့တာပါ။