ဇာဗီးရဲ့ပထမဆုံးဘာကာပွဲကို သွားကြည့်နေစဉ် အန်ဆူးဖာတီရဲ့နေအိမ်ဖောက်ထွင်းခံရ

အန်ဆူးဖာတီဟာစနေနေ့တုန်းကဇာဗီးရဲ့ဘာစီလိုနာအတွက်ပထမဆုံးပွဲဖြစ်တဲ့ကက်တလန်ဒါဘီပွဲအားသွားရောက်ကြည့်ရှုနေစဉ်နေအိမ်ဖောက်ထွင်းခံခဲ့ရကြောင်းသိရပါတယ်။

အန်ဆူးဖာတီရဲ့နေအိမ်ဖောက်ထွင်းခံရစဉ်မိသားစုဝင်များရှိနေပေမယ့်လည်းဖောက်ထွင်းသမားများဟာအောင်မြင်စွာဖောက်ထွင်းမှုပြုလုပ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

La Vanguardia ရဲ့ဖော်ပြချက်အရဖောက်ထွင်းသမားများဟာအိမ်အပေါ်သို့ခိုးဝင်ရောက်ပြီးငွေများ၊လက်ဝတ်ရတနာများနှင့်နာရီများကိုရယူသွားခဲ့ကြောင်းသိရပါတယ်။ဖောက်ထွင်းခံနေရချိန်တွင်မိသားစုဝင်များဟာအိမ်အောက်ထပ်တွင်ဘာစီလိုနာနှင့်အက်စပန်ညိုပွဲကိုရုပ်သံမှကြည့်ရှုနေခဲ့ကြပါတယ်။

အန်ဖူးဖာတီရဲ့မိသားစုဝင်များဟာသတိပေးအသံထွက်ပေါ်လာပြီးနောက်ရဲတပ်ဖွဲ့ကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။မိသားစုဝင်များဟာဖောက်ထွင်းသမားများနှင့်ရင်ဆိုင်ပါကအကြမ်းဖက်ခံရမှုမှရှောင်လွဲနိုင်ရန်အတွက်ထိပ်တိုက်မရင်ဆိုင်ဘဲရဲကိုသာအကြောင်းကြားခဲ့တာပါ။ဒါပေမယ့်ရဲတပ်ဖွဲ့ဝင်များရောက်လာချိန်တွင်ဖောက်ထွင်းသမားများမှာထွက်ပြေးလွတ်မြောက်သွားကြပြီဖြစ်ပါတယ်။

ပိုပြီးတော့ကံဆိုးတာကတော့အန်ဆူးဖာတီရဲ့နေအိမ်တွင်ဖောက်ထွင်းခံရချိန်တွင်လုံခြုံရေးကင်မရာပိတ်ထားချိန်ဖြစ်နေပါတယ်။အန်ဆူးဖာတီဟာဖောက်ထွင်းခံရမှုအားရဲစခန်းတွင်အမှုဖွင့်ထားပါတယ်။

အန်ဆူးဖာတီဟာလက်ရှိအချိန်တွင်ပေါင်ကြွက်သားဒဏ်ရာကြောင့်အနားယူနေရသူဖြစ်ပါတယ်။ဘာစီလိုနာနည်းပြဇာဗီးဟာသူ့ရဲ့ပထမဆုံးဘာစီလိုနာပွဲဖြစ်တဲ့ကက်တလန်ဒါဘီပွဲစဉ်တွင်အက်စ်ပန်ညိုကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ဇာဗီးရဲ႕ပထမဆုံးဘာကာပြဲကို သြားၾကည့္ေနစဥ္ အန္ဆူးဖာတီရဲ႕ေနအိမ္ေဖာက္ထြင္းခံရ

အန္ဆူးဖာတီဟာစေနေန႔တုန္းကဇာဗီးရဲ႕ဘာစီလိုနာအတြက္ပထမဆုံးပြဲျဖစ္တဲ့ကက္တလန္ဒါဘီပြဲအားသြားေရာက္ၾကည့္ရႈေနစဥ္ေနအိမ္ေဖာက္ထြင္းခံခဲ့ရေၾကာင္းသိရပါတယ္။

အန္ဆူးဖာတီရဲ႕ေနအိမ္ေဖာက္ထြင္းခံရစဥ္မိသားစုဝင္မ်ားရွိေနေပမယ့္လည္းေဖာက္ထြင္းသမားမ်ားဟာေအာင္ျမင္စြာေဖာက္ထြင္းမႈျပဳလုပ္ႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

La Vanguardia ရဲ႕ေဖာ္ျပခ်က္အရေဖာက္ထြင္းသမားမ်ားဟာအိမ္အေပၚသို႔ခိုးဝင္ေရာက္ၿပီးေငြမ်ား၊လက္ဝတ္ရတနာမ်ားႏွင့္နာရီမ်ားကိုရယူသြားခဲ့ေၾကာင္းသိရပါတယ္။ေဖာက္ထြင္းခံေနရခ်ိန္တြင္မိသားစုဝင္မ်ားဟာအိမ္ေအာက္ထပ္တြင္ဘာစီလိုနာႏွင့္အက္စပန္ညိဳပြဲကို႐ုပ္သံမွၾကည့္ရႈေနခဲ့ၾကပါတယ္။

အန္ဖူးဖာတီရဲ႕မိသားစုဝင္မ်ားဟာသတိေပးအသံထြက္ေပၚလာၿပီးေနာက္ရဲတပ္ဖြဲ႕ကိုဖုန္းဆက္အေၾကာင္းၾကားခဲ့ပါတယ္။မိသားစုဝင္မ်ားဟာေဖာက္ထြင္းသမားမ်ားႏွင့္ရင္ဆိုင္ပါကအၾကမ္းဖက္ခံရမႈမွေရွာင္လြဲႏိုင္ရန္အတြက္ထိပ္တိုက္မရင္ဆိုင္ဘဲရဲကိုသာအေၾကာင္းၾကားခဲ့တာပါ။ဒါေပမယ့္ရဲတပ္ဖြဲ႕ဝင္မ်ားေရာက္လာခ်ိန္တြင္ေဖာက္ထြင္းသမားမ်ားမွာထြက္ေျပးလြတ္ေျမာက္သြားၾကၿပီျဖစ္ပါတယ္။

ပိုၿပီးေတာ့ကံဆိုးတာကေတာ့အန္ဆူးဖာတီရဲ႕ေနအိမ္တြင္ေဖာက္ထြင္းခံရခ်ိန္တြင္လုံၿခဳံေရးကင္မရာပိတ္ထားခ်ိန္ျဖစ္ေနပါတယ္။အန္ဆူးဖာတီဟာေဖာက္ထြင္းခံရမႈအားရဲစခန္းတြင္အမႈဖြင့္ထားပါတယ္။

အန္ဆူးဖာတီဟာလက္ရွိအခ်ိိန္တြင္ေပါင္ႂကြက္သားဒဏ္ရာေၾကာင့္အနားယူေနရသူျဖစ္ပါတယ္။ဘာစီလိုနာနည္းျပဇာဗီးဟာသူ႔ရဲ႕ပထမဆုံးဘာစီလိုနာပြဲျဖစ္တဲ့ကက္တလန္ဒါဘီပြဲစဥ္တြင္အက္စ္ပန္ညိဳကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။