ဇာဗီးရဲ့၁၃နှစ်ကြာစံချိန်ကို ၄၅ မိနစ်တည်းဖြင့် ရိုက်ချိုးနိုင်လုနီးပါးဖြစ်ခဲ့တဲ့ မေဆင်မောင့်
လက်ရှိအချိန်အထိကမ္ဘာ့ဖလားခြေစစ်ပွဲဥရောပဇုန်မှာဇာဗီးလောက်ဖန်တီးမှုပြလုပ်ထားနိုင်သူမရှိပါဘူး။မနေ့ညတုန်းကဆန်မာရီနိုနှင့်ပွဲမှာအင်္ဂလန်ကွင်းလယ်တိုက်စစ်သမားမေဆင်မောင့်ဟာဇာဗီးရဲ့၁၃နှစ်တိုင်ကြာမြင့်ပြီဖြစ်တဲ့စံချိန်ကိုရိုက်ချိုးနိုင်လုနီးပါးအနေအထားမှာရှိခဲ့ပါတယ်။
ချဲလ်ဆီးစတားဟာမနေ့ညတုန်းကဆန်မာရီနိုကို၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဇာဗီးရဲ့စံချိန်ကိုရိုက်ချိုးနိုင်လုနီးပါးဖြစ်ခဲ့တာပါ။ဘာပဲဖြစ်ဖြစ်မေဆင်မောင့်ဟာဇာဗီးပြီးရင်ကမ္ဘာ့ဖလားခြေစစ်ပွဲဥရာပဇုန်သမိုင်းမှာဇာဗီးပြီးရင်တစ်ပွဲတည်းမှာဖန်တီးမှုအများဆုံးကစားသမားဖြစ်လာပြီဖြစ်ပါတယ်။
ဇာဗီးဟာ၂၀၀၈ခုနှစ်တုန်းကဘော့စနီးယားနှင့်ပွဲစဉ်မှာစပိန်ကစားဖော်များအတွက်ဖန်တီးမှု၉ကြိမ်အထိပြုလုပ်ပြီးစံချိန်တင်ထားခဲ့တာပါ။
အသက်၂၂နှစ်ရှိမေဆင်မောင့်ဟာဆန်မာရီနိုနှင့်ပွဲစဉ်မှာဇာဗီးရဲ့စံချိန်ကိုကျော်ဖြတ်နိုင်လုနီးပါးဖြစ်ခဲ့ပါတယ်။ဒါပေမယ့်မေဆင်မောင့်ဟာ၄၅မိနစ်တည်းသာကစားခွင့်ရရှိပြီးလူစားလဲခံရမှုနှင့်အတူအခွင့်အရေးလက်လွှတ်ခဲ့ရပါတယ်။
မေဆင်မောင့်ဟာဆန်မာရီနိုနှင့်ပွဲစဉ်မှာပထမပိုင်းတစ်ပိုင်းကစားခဲ့ရာမှာဂိုးရနိုင်တဲ့ဖန်တီးမှု၈ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။သူဟာဖြတ်တင်ဘော၄ကြိမ်တိတိလည်းပြုလုပ်ခဲ့ကာယင်း၄ကြိမ်စလုံးက တိုက်စစ်မှူးဆီသို့တန်းတန်းမတ်မတ်ရောက်ခဲ့ပါတယ်။ဒါ့အပြင်သူ့ရဲ့ဖန်တီးမှု၈ကြိမ်မှ၁ကြိမ်ကဂိုးအဖြစ်ရရှိခဲ့ပါတယ်။
ZawGyi