ဇာဗီးလက်အောက်တွင်ကစားရန် ဘာစီလိုနာသို့ တကျော့ပြန်ရန် တံခါးဖွင့်ပေးလာတဲ့ တီယာဂို

လီဗာပူးကွင်းလယ်ကစားသမားတီယာဂိုဟာဘာစီလိုနာသို့ပြန်ရန်တံခါးဖွင့်ပေးထားကြောင်းသိရပါတယ်။တီယာဂိုဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကဘိုင်ယန်မြူးနစ်မှပေါင်သန်း၄၀ဖြင့်ရောက်လာသူဖြစ်ပြီးလီဗာပူးနှင့်၂နှစ်ခွဲစာချုပ်ကျန်နေသေးသူဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြသစ်ဇာဗီးဟာနူးကမ့်သို့တကျော့ပြန်ရောက်လာပြီးနောက်ကစားဖော်ဟောင်းဒါနီအဲလ်ဗက်စ်ကိုတစ်လလုပ်ခတစ်ယူရိုဖြင့်ခေါ်ယူထားပြီးအခြားကစားဖော်ဟောင်းတစ်ဦးဖြစ်တဲ့တီယာဂိုကိုလည်းထပ်မံခေါ်ယူလိုနေပါတယ်။

ဇာဗီးဟာနူးကမ့်တွင်တွဲကစားခဲ့ဖူးတဲ့တီယာဂိုကိုပြန်လည်ခေါ်ယူရန်ဆန္ဒပြင်းပြနေပြီးဥက္ကဌလာပေါ်တာအားတောင်းဆိုမှုပြုလုပ်ထားကြောင်းသိရပါတယ်။

ဒါပေမယ့်ဘာစီလိုနာအနေဖြင့်တီယာဂိုကိုခေါ်ယူရန်အတွက်ပေါင်သန်း၂၀အထက်တွင်အသုံးပြုရဖို့ရှိနေပါတယ်။

တီယာဂိုဟာဘိုင်ယန်မြူးနစ်တွင်ဆုဖလား၁၅လုံးရယူခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်နွေရာသီတွင်လီဗာပူးသို့ရောက်လာကတည်းကဒဏ်ရာပြဿနာများနှင်နပန်းလုံးလာခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi





