ဇာဗီးအား လက်ရှောင်နေရန် ဘာစီလိုနာကို အယ်လ်ဆတ်သတိပေးလာ

အယ်လ်ဆတ်ဟာနည်းပြဇာဗီးမှာဘာစီလိုနာကိုကိုင်တွယ်တော့မယ်လို့သတင်းများထွက်ပေါ်လာပြီးနောက်၎င်းတို့ရဲ့နည်းပြအားလက်ရှောင်နေရန် လာလီဂါထိပ်သီးကိုသတိပေးပြောကြားလိုက်ပါတယ်။

ဘာစီလိုနာဟာကြားရက်တုန်းကဗယ်လီကာနိုအားရှုံးနိမ့်ပြီးနောက်ရော်နယ်ကိုးမန်းအားထုတ်ပယ်ခဲ့ပြီးဘာစီလိုနာဂန္ထဝင်ကစားသမားဇာဗီးမှာဘာစီလိုနာနည်းပြဖြစ်လာရန်ထိပ်ဆုံးမှရေပန်းစားနေပါတယ်။

ဘာစီလိုနာဟာဇာဗီးကိုနည်းပြသစ်အဖြစ် နိုဝင်ဘာလတွင်ခန့်အပ်ရန်သဘောတူညီမှုရရှိထားပြီးပြီလို့လည်းသတင်းထွက်နေပါတယ်။

ဒါပေမယ့်အယ်လ်ဆတ်ကဇာဗီးမှာအသင်းနှင့်၂နှစ်စာချုပ်ကျန်နေသေးတဲ့အပြင်ချန်ပီယံဘွဲ့ကာကွယ်ရေးကိုသာအပြည့်အဝအာရုံစိုက်နေကြောင်းပြောကြားသွားပါတယ်။

အသက်၄၁နှစ်ရှိဇာဗီးဟာဘာစီလိုနာအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး၁၇နှစ်ကြာကစားခဲ့စဉ်အတွင်းလာလီဂါဖလား၈ကြိမ်၊ကိုပါဒယ်ရေး၃ကြိမ်နှင့်ချန်ပီယံလိဂ်ဖလား၄ကြိမ်ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌလာပေါ်တာဟာဘာစီလိုနာသို့တကျော့ပြန်လာပြီးကတည်းကဇာဗီးကိုနည်းပြအဖြစ်ခန့်အပ်လိုကြောင်းဖွင့်ဟထားသူဖြစ်ပါတယ်။

ZawGyi

ဇာဗီးအား လက္ေရွာင္ေနရန္ ဘာစီလိုနာကို အယ္လ္ဆတ္သတိေပးလာ

အယ္လ္ဆတ္ဟာနည္းျပဇာဗီးမွာဘာစီလိုနာကိုကိုင္တြယ္ေတာ့မယ္လို႔သတင္းမ်ားထြက္ေပၚလာၿပီးေနာက္၎တို႔ရဲ႕နည္းျပအားလက္ေရွာင္ေနရန္ လာလီဂါထိပ္သီးကိုသတိေပးေျပာၾကားလိုက္ပါတယ္။

ဘာစီလိုနာဟာၾကားရက္တုန္းကဗယ္လီကာႏိုအားရႈံးနိမ့္ၿပီးေနာက္ေရာ္နယ္ကိုးမန္းအားထုတ္ပယ္ခဲ့ၿပီးဘာစီလိုနာဂႏၴဝင္ကစားသမားဇာဗီးမွာဘာစီလိုနာနည္းျပျဖစ္လာရန္ထိပ္ဆုံးမွေရပန္းစားေနပါတယ္။

ဘာစီလိုနာဟာဇာဗီးကိုနည္းျပသစ္အျဖစ္ ႏိုဝင္ဘာလတြင္ခန႔္အပ္ရန္သေဘာတူညီမႈရရွိထားၿပီးၿပီလို႔လည္းသတင္းထြက္ေနပါတယ္။

ဒါေပမယ့္အယ္လ္ဆတ္ကဇာဗီးမွာအသင္းႏွင့္၂ႏွစ္စာခ်ဳပ္က်န္ေနေသးတဲ့အျပင္ခ်န္ပီယံဘြဲ႕ကာကြယ္ေရးကိုသာအျပည့္အဝအာ႐ုံစိုက္ေနေၾကာင္းေျပာၾကားသြားပါတယ္။

အသက္၄၁ႏွစ္ရွိဇာဗီးဟာဘာစီလိုနာအကယ္ဒမီထြက္တစ္ဦးျဖစ္ၿပီး၁၇ႏွစ္ၾကာကစားခဲ့စဥ္အတြင္းလာလီဂါဖလား၈ႀကိမ္၊ကိုပါဒယ္ေရး၃ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္ဖလား၄ႀကိမ္ဆြတ္ခူးခဲ့သူျဖစ္ပါတယ္။

ဘာစီလိုနာဥကၠဌလာေပၚတာဟာဘာစီလိုနာသို႔တေက်ာ့ျပန္လာၿပီးကတည္းကဇာဗီးကိုနည္းျပအျဖစ္ခန႔္အပ္လိုေၾကာင္းဖြင့္ဟထားသူျဖစ္ပါတယ္။