ဇီဒန်းနှင့် နှိုင်းယှဉ်ပြောကြားနေမှုများအပေါ် လုခ်ရောတုံ့ပြန်လာ

လုခ်‌ရှောဟာပြင်သစ်ဂန္ထဝင်ကစားသမားဇီဒန်းနှင့်နှိုင်းယှဉ်ပြောကြားနေမှုများအပေါ်တုံ့ပြန်မှုပြုလုပ်လာပါတယ်။

အင်္ဂလန်ဘယ်နောက်ခံလူဟာယူကရိန်းအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာနှစ်ဂိုးရအောင်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။သူဟာဂျာမနီအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာလည်းဖန်တီးမှုပြုလုပ်နိုင်ခဲ့ရာ ယူရိုတွင်ဖန်တီးမှု၃ကြိမ်ပြုလုပ်ထားပြီးဖြစ်ပါတယ်။

သူဟာယူကရိန်းအားအနိုင်ရရှိတဲ့ပွဲမှာ၃မိနစ်နှင့်၅၁စက္ကန့်အတွင်းဖန်တီးမှုက၂ကြိမ်ပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။သူဟာယူရိုတွင်ဇီဒန်း ၁၄ပွဲကစားကာဖန်တီးနိုင်တဲ့ပမာဏထက်များပြားပြီးဖန်တီးထားနိုင်တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းလုခ်ရှောဟာဂန္ထဝင်ကွင်းလယ်ဖန်တီးရှင်ဇီဒန်းနှင့်နှိုင်းယှဉ်ပြောကြားခြင်းခံနေရတာဖြစ်ပါတယ်။

ဒါပေမယ့် မန်ယူဘယ်နောက်ခံလူကတော့ “ကျေနပ်စရာမှတ်တမ်းပါ။ဒါပေမယ့်ဇီဒန်းကသမိုင်းတစ်လျှောက်အကောင်းဆုံးအလယ်တန်းကစားသမားပါ။သူနဲ့နှိုင်းယှဉ်လို့မရပါဘူး။ကျွန်တော့်အတွက်အရေးအပါဆုံးကဆီမီးသို့ရောက်ပြီးဝင်ဘာလေကွင်းမှာပရိသတ်ရှေ့မှာထပ်ကစားဖို့ဖြစ်ပါတယ်။ပရိသတ်တွေကိုနောက်ထပ်ပျော်အောင်လုပ်နိုင်ဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဇီဒန္းႏွင့္ ႏႈိင္းယွဥ္ေျပာၾကားေနမႈမ်ားအေပၚ လုခ္ေရာတုံ႔ျပန္လာ

လုခ္‌ေရွာဟာျပင္သစ္ဂႏၴဝင္ကစားသမားဇီဒန္းႏွင့္ႏႈိင္းယွဥ္ေျပာၾကားေနမႈမ်ားအေပၚတုံ႔ျပန္မႈျပဳလုပ္လာပါတယ္။

အဂၤလန္ဘယ္ေနာက္ခံလူဟာယူကရိန္းအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာႏွစ္ဂိုးရေအာင္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။သူဟာဂ်ာမနီအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာလည္းဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ရာ ယူ႐ိုတြင္ဖန္တီးမႈ၃ႀကိမ္ျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

သူဟာယူကရိန္းအားအႏိုင္ရရွိတဲ့ပြဲမွာ၃မိနစ္ႏွင့္၅၁စကၠန႔္အတြင္းဖန္တီးမႈက၂ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။သူဟာယူ႐ိုတြင္ဇီဒန္း ၁၄ပြဲကစားကာဖန္တီးႏိုင္တဲ့ပမာဏထက္မ်ားျပားၿပီးဖန္တီးထားႏိုင္တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းလုခ္ေရွာဟာဂႏၴဝင္ကြင္းလယ္ဖန္တီးရွင္ဇီဒန္းႏွင့္ႏႈိင္းယွဥ္ေျပာၾကားျခင္းခံေနရတာျဖစ္ပါတယ္။

ဒါေပမယ့္ မန္ယူဘယ္ေနာက္ခံလူကေတာ့ “ေက်နပ္စရာမွတ္တမ္းပါ။ဒါေပမယ့္ဇီဒန္းကသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးအလယ္တန္းကစားသမားပါ။သူနဲ႔ႏႈိင္းယွဥ္လို႔မရပါဘူး။ကြၽန္ေတာ့္အတြက္အေရးအပါဆုံးကဆီမီးသို႔ေရာက္ၿပီးဝင္ဘာေလကြင္းမွာပရိသတ္ေရွ႕မွာထပ္ကစားဖို႔ျဖစ္ပါတယ္။ပရိသတ္ေတြကိုေနာက္ထပ္ေပ်ာ္ေအာင္လုပ္ႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။