ဇီဒန်းရှိသည်ဖြစ်စေ/မရှိသည်ဖြစ်စေ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းမယ့် အမ်ဘက်ပီ

ဇီဒန်းဟာလာမယ့်နွေရာသီမှာရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှထွက်ခွာဖို့ပြင်နေကြောင်းသတင်းထွက်ပေါ်လျက်ရှိပါတယ်။ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်လာဖို့အတွက်ဂျူဗင်တပ်နည်းပြဟောင်းမက်ဆီမိုအယ်လီဂရီကထိပ်ဆုံးမှရေပန်းစားနေပါတယ်။ဒါပေမယ့်စပိန်မီဒီယာများကဇီဒန်းနေရာကိုရီးရဲလ်မက်ဒရစ်လူငယ်အသင်းနည်းပြရာအူးလ်ကလည်းဆက်ခံနိုင်ကြောင်းရေးသားနေပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြရာထူးကသာဇီဒန်းထွက်ခွာလျှင်ရိုက်ခတ်လာနိုင်တဲ့အချက်များထဲမှာကိုင်လီယန်အမ်ဘက်ပီလည်းဖြစ်လာနိုင်ပါတယ်။

တော်တော်များများကအမ်ဘက်ပီရဲ့ရီးရဲလ်မက်ဒရစ်အပြောင်းအရွှေ့မှာနည်းပြရာထူးတွင်ဇီဒန်းရှိ/မရှိအပေါ်တွင်မူတည်နေမှာစိုးရိမ်နေကြပါတယ်။ဒါပေမယ့်ယနေ့ထွက်ပေါ်လာတဲ့သတင်းအရအမ်ဘက်ပီဟာရီးရဲလ်မက်ဒရစ်နည်းပြအဖြစ်ဇီဒန်းရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေဘာနေဗျူးသို့ပြောင်းရွှေ့မှာဖြစ်ကြောင်းသိရပါတယ်။

အမ်ဘက်ပီဟာပီအက်စ်ဂျီအသင်းမှာတစ်နှစ်လုပ်ခယူရို၂၅သန်းရှိနေပြီးလာမယ့်၂၀၂၂ခုနှစ်မှာစာချုပ်သက်တမ်းကုန်ဆုံးပါမယ်။ပီအက်စ်ဂျီအနေဖြင့်လာမယ့်နွေရာသီမှာအမ်ဘက်ပီကိုမရောင်းချပါကနောက်တစ်နှစ်နွေတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ဆုံးရှုံးလာရဖို့ရှိပါတယ်။

ZawGyi

ဇီဒန္းရွိသည္ျဖစ္ေစ/မရွိသည္ျဖစ္ေစ ရီးရဲလ္မက္ဒရစ္သို႔ ေျပာင္းမယ့္ အမ္ဘက္ပီ

ဇီဒန္းဟာလာမယ့္ေႏြရာသီမွာရီးရဲလ္မက္ဒရစ္နည္းျပရာထူးမွထြက္ခြာဖို႔ျပင္ေနေၾကာင္းသတင္းထြက္ေပၚလ်က္ရွိပါတယ္။ရီးရဲလ္မက္ဒရစ္နည္းျပျဖစ္လာဖို႔အတြက္ဂ်ဴဗင္တပ္နည္းျပေဟာင္းမက္ဆီမိုအယ္လီဂရီကထိပ္ဆုံးမွေရပန္းစားေနပါတယ္။ဒါေပမယ့္စပိန္မီဒီယာမ်ားကဇီဒန္းေနရာကိုရီးရဲလ္မက္ဒရစ္လူငယ္အသင္းနည္းျပရာအူးလ္ကလည္းဆက္ခံႏိုင္ေၾကာင္းေရးသားေနပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပရာထူးကသာဇီဒန္းထြက္ခြာလွ်င္႐ိုက္ခတ္လာႏိုင္တဲ့အခ်က္မ်ားထဲမွာကိုင္လီယန္အမ္ဘက္ပီလည္းျဖစ္လာႏိုင္ပါတယ္။

ေတာ္ေတာ္မ်ားမ်ားကအမ္ဘက္ပီရဲ႕ရီးရဲလ္မက္ဒရစ္အေျပာင္းအေ႐ႊ႕မွာနည္းျပရာထူးတြင္ဇီဒန္းရွိ/မရွိအေပၚတြင္မူတည္ေနမွာစိုးရိမ္ေနၾကပါတယ္။ဒါေပမယ့္ယေန႔ထြက္ေပၚလာတဲ့သတင္းအရအမ္ဘက္ပီဟာရီးရဲလ္မက္ဒရစ္နည္းျပအျဖစ္ဇီဒန္းရွိသည္ျဖစ္ေစ၊မရွိသည္ျဖစ္ေစဘာေနဗ်ဴးသို႔ေျပာင္းေ႐ႊ႕မွာျဖစ္ေၾကာင္းသိရပါတယ္။

အမ္ဘက္ပီဟာပီအက္စ္ဂ်ီအသင္းမွာတစ္ႏွစ္လုပ္ခယူ႐ို၂၅သန္းရွိေနၿပီးလာမယ့္၂၀၂၂ခုႏွစ္မွာစာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။ပီအက္စ္ဂ်ီအေနျဖင့္လာမယ့္ေႏြရာသီမွာအမ္ဘက္ပီကိုမေရာင္းခ်ပါကေနာက္တစ္ႏွစ္ေႏြတြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ဆုံးရႈံးလာရဖို႔ရွိပါတယ္။