ဇီဒန်းသာ နည်းပြသစ်ဖြစ်လာပါက ပြင်သစ်အတွက် ပြန်ကစားလာဖို့ ရှိနေတဲ့ ဘန်ဇီးမား

ကာရမ်ဘန်ဇီးမားဟာဇီဒန်းသာပြင်သစ်နည်ပြသစ်ဖြစ်လာပါကစိတ်ပြောင်းကာပြင်သစ်လက်ရွေးစင်အသင်းအတွက်ပြန်ကစားလာဖို့ရှိနေကြောင်းသိရပါတယ်။

ပြင်သစ်နှင့်ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာအင်္ဂါနေ့တုန်းကပြင်သစ်လက်ရွေးစင်ကစားသမားဘဝမှအနားယူပြီဖြစ်ကြောင်းကြေညာခဲ့သူလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟာပေါင်ကြွက်သားဒဏ်ရာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီရရှိခဲ့တဲ့ဒဏ်ရာမှသုံးရက်မျှသာဆေးကုသရန်လိုအပ်နေခဲ့ပြီးရှုံးထွက်အဆင့်ပွဲစဉ်များတွင်ပြန်ကစားနိုင်ရန်သေချာနေပေမဲ့လည်းသူ့ကိုအိမ်သို့အတင်းစေလွှတ်ခဲ့တဲ့ဒီဒီယာဒက်ချမ့်ရဲ့ဆုံးဖြတ်ချက်ကိုအကြီးအကျယ်ဒေါသထွက်ခဲ့ရပါတယ်။

သူဟာကြံ့ခိုင်မှုပြည့်ဝလာပြီးနောက်ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်ရန်ပြင်သစ်သမ္မတမက်ခရွန်ရဲ့ဖိတ်ကြားမှုခံရပေမဲ့လည်းငြင်းဆိုခဲ့ပါတယ်။

ယနေ့တွင်ပြင်သစ်သတင်းစာ Foot Mercato ရဲ့ဖော်ပြမှုအရဘန်ဇီးမားဟာဒီဒီယာဒက်ချမ့်နေရာတွင်ဇီဒန်းနှင့်အစားထိုးခန့်အပ်မှုပြုလုပ်လာပါကပြင်သစ်အတွက်ပြန်ကစားလာနိုင်ကြောင်းသိရပါတယ်။

အသက်၅၄နှစ်ရှိဒီဒီယာဒက်ချမ့်ရဲ့လက်ရှိစာချုပ်မှာဒီဇင်ဘာလ၃၁ရက်နေ့တွင်ကုန်ဆုံးမှာဖြစ်ပြီးဇန်နဝါရီလအစောပိုင်းတွင်ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနိုရယ်လီဂရက်နှင့်တွေ့ဆုံကာအနာဂတ်ကိုဆုံးဖြတ်သွားပါမယ်။

ဒါပေမဲ့နိုရယ်လီဂရက်နှင့်ပြင်သစ်သမ္မတမက်ခရွန်တို့ကမူဒက်ချမ့်ကို ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲအထိပြင်သစ်ကိုကိုင်တွယ်စေလိုကြောင်းလူသိရှင်ကြားပြောဆိုထားပါတယ်။

ZawGyi

ဇီဒန္းသာ နည္းျပသစ္ျဖစ္လာပါက ျပင္သစ္အတြက္ ျပန္ကစားလာဖို႔ ရွိေနတဲ့ ဘန္ဇီးမား

ကာရမ္ဘန္ဇီးမားဟာဇီဒန္းသာျပင္သစ္နည္ျပသစ္ျဖစ္လာပါကစိတ္ေျပာင္းကာျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္ျပန္ကစားလာဖို႔ရွိေနေၾကာင္းသိရပါတယ္။

ျပင္သစ္ႏွင့္ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဟာအဂၤါေန႔တုန္းကျပင္သစ္လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူၿပီျဖစ္ေၾကာင္းေၾကညာခဲ့သူလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ဟာေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူဟာကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီရရွိခဲ့တဲ့ဒဏ္ရာမွသုံးရက္မွ်သာေဆးကုသရန္လိုအပ္ေနခဲ့ၿပီးရႈံးထြက္အဆင့္ပြဲစဥ္မ်ားတြင္ျပန္ကစားႏိုင္ရန္ေသခ်ာေနေပမဲ့လည္းသူ႔ကိုအိမ္သို႔အတင္းေစလႊတ္ခဲ့တဲ့ဒီဒီယာဒက္ခ်မ့္ရဲ႕ဆုံးျဖတ္ခ်က္ကိုအႀကီးအက်ယ္ေဒါသထြက္ခဲ့ရပါတယ္။

သူဟာႀကံ့ခိုင္မႈျပည့္ဝလာၿပီးေနာက္ကမာၻ႔ဖလားဗိုလ္လုပြဲသို႔တက္ေရာက္ရန္ျပင္သစ္သမၼတမက္ခ႐ြန္ရဲ႕ဖိတ္ၾကားမႈခံရေပမဲ့လည္းျငင္းဆိုခဲ့ပါတယ္။

ယေန႔တြင္ျပင္သစ္သတင္းစာ Foot Mercato ရဲ႕ေဖာ္ျပမႈအရဘန္ဇီးမားဟာဒီဒီယာဒက္ခ်မ့္ေနရာတြင္ဇီဒန္းႏွင့္အစားထိုးခန႔္အပ္မႈျပဳလုပ္လာပါကျပင္သစ္အတြက္ျပန္ကစားလာႏိုင္ေၾကာင္းသိရပါတယ္။

အသက္၅၄ႏွစ္ရွိဒီဒီယာဒက္ခ်မ့္ရဲ႕လက္ရွိစာခ်ဳပ္မွာဒီဇင္ဘာလ၃၁ရက္ေန႔တြင္ကုန္ဆုံးမွာျဖစ္ၿပီးဇန္နဝါရီလအေစာပိုင္းတြင္ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌႏိုရယ္လီဂရက္ႏွင့္ေတြ႕ဆုံကာအနာဂတ္ကိုဆုံးျဖတ္သြားပါမယ္။

ဒါေပမဲ့ႏိုရယ္လီဂရက္ႏွင့္ျပင္သစ္သမၼတမက္ခ႐ြန္တို႔ကမူဒက္ခ်မ့္ကို ၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲအထိျပင္သစ္ကိုကိုင္တြယ္ေစလိုေၾကာင္းလူသိရွင္ၾကားေျပာဆိုထားပါတယ္။