ဇူလိုင်လတုန်းက ပီအက်စ်ဂျီထံ အသင်းပြောင်းခွင့်တောင်းခဲ့ကြောင်း ဘက်ပေးအတည်ပြု

ကိုင်လီယန်ဘက်ပေးကဇူလိုင်လတုန်းကပီအက်စ်ဂျီထံသို့အသင်းပြောင်းရွှေ့လိုကြောင်း ပြောကြားခဲ့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ဘက်ပေးဟာနွေရာသီတုန်းကပီအက်စ်ဂျီထံမှစာချုပ်သစ်ကမ်းလှမ်းမှုများကိုပယ်ချလိုက်မှုနဲ့အတူရီးရဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှုကမ်းလှမ်းမှုအကြိမ်ကြိမ်ရရှိခဲ့ပြီးအနာဂတ်မရေမရာဖြစ်ခဲ့ပါတယ်။

စပိန်ထိပ်သီးကလပ်ဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာဘက်ပေးအားယူရိုသန်း၂၂၀ဖြင့်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်ပီအက်စ်ဂျီဟာကမ်းလှမ်းမှုပယ်ချပြီးဆက်ထိန်းထားရန်ဆုံးဖြတ်ခဲ့ပါတယ်။ပီအက်စ်ဂျီဟာစာချုပ်တစ်နှစ်သာကျန်တော့တဲ့ဘက်ပေးကိုမရောင်းချဘဲစာချုပ်သစ်ချုပ်ဆိုလိမ့်မယ်လို့ဆိုတဲ့မျှော်လင့်ချက်ဖြင့်ဆက်ထိန်းရန်ဆုံးဖြတ်ခဲ့တာပါ။

နွေရာသီတုန်းကလည်းပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုကဘက်ပေးကအသင်းပြောင်းခွင့်တောင်းထားကြောင်း၊ရီးရဲလ်မက်ဒရစ်မှာကစားသမားအားခေါ်ယူနိုင်ရေးအတွက်တရားမဝင်နည်းလမ်းကိုသုံးစွဲနေကြောင်းစွပ်စွဲခဲ့ဖူးပါတယ်။

ယခုအခါဘက်ပေးက “အသင်းပြောင်းခွင့်တောင်းခဲ့တာအဲဒီတုန်းကမနေချင်တော့လို့ပါ။စာချုပ်သက်တမ်းမတိုးချင်တော့လို့ပါ။ကလပ်ကိုအရည်အသွေးကောင်းတဲ့အစားထိုးမှုပြုလုပ်စေချင်လို့ ပြောင်းရွှေ့ကြေးတစ်ခုရစေချင်လို့ပါ။ဒီကလပ်ကကျွန်တော့်ကိုအများကြီးပေးခဲ့တဲ့ကလပ်ပါ။ဒီမှာကစားတဲ့လေးနှစ်လုံးပျော်ခဲ့ရတယ်။အခုလည်းပျော်တုန်းပါ။ကလပ်ဘက်ကလုပ်စရာရှိတာစောစောစီးစီးလုပ်လို့ရအောင်စောစောစီးစီးအသိပေးခဲ့တာပါ။ကျွန်တော်ကအားလုံးစုစုစည်းစည်းနဲ့ကောင်းမွန်တဲ့အပြောင်းအရွှေ့တစ်ခုဖြစ်စေချင်ခဲ့တာပါ။လူတွေကကျွန်တော်ဟာစာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းမှု၆ကြိမ်၊၇ကြိမ်လောက်ပယ်ချခဲ့တယ်လို့ပြောကြပါတယ်။လီယိုနာဒိုနဲ့စကားမပြောချင်တော့ဘူးလို့ပြောနေကြတာလည်းမမှန်ပါဘူး။ဒါတွေနဲ့ပတ်သက်ပြီးဂရုမစိုက်ပါဘူး။ကျွန်တော့်ဘက်ကရှင်းရှင်းလေးပါ။အသင်းပြောင်းချင်တယ်လို့ပြောခဲ့တယ်။စောစောလေးပြောခဲ့တယ်။ပုဂ္ဂိုလ်ရေးအရပြောရရင်ဩဂုတ်လနောက်ဆုံးအပတ်ကျမှအသင်းပြောင်းချင်တယ်လို့ကလပ်ဘက်ကပြောလာမှုအပေါ် ကျွန်တော်မကြိုက်ပါဘူး။ဒါကအမှားကြီးဖြစ်နေလို့မကြိုက်တာပါ။ကျွန်တော့်ကိုသူခိုးတစ်ယောက်လိုခံစားရစေပါတယ်။တကယ်တော့ကျွန်တော်ကစောစောစီးစီး ဇူလိုင်လအစောပိုင်းမှာအသိပေးခဲ့တာပါ။

ဘက်ပေးရဲ့အထက်ပါပြောကြားမှုကိုကြည့်ရင်ဘက်ပေးဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာပီအက်စ်ဂျီမှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာဖို့သေချာနေတဲ့သဘောမှာရှိပါတယ်။

ဘက်ပေးဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့်လာမယ့်ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်တစ်ခုနှင့်လွတ်လပ်စွာဆွေးနွေးခွင့်ရှိနေသူဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းမှာဘန်ဇီးမားနှင့်တိုနီခရူးစ်တို့က ဘက်ပေးအားရီးရဲလ်မက်ဒရစ်သို့လာရောက်ကစားရန်ပြောကြားကာဖျောင်းဖျနေခဲ့ကြပါတယ်။

ZawGyi

ဇူလိုင္လတုန္းက ပီအက္စ္ဂ်ီထံ အသင္းေျပာင္းခြင့္ေတာင္းခဲ့ေၾကာင္း ဘက္ေပးအတည္ျပဳ

ကိုင္လီယန္ဘက္ေပးကဇူလိုင္လတုန္းကပီအက္စ္ဂ်ီထံသို႔အသင္းေျပာင္းေ႐ႊ႕လိုေၾကာင္း ေျပာၾကားခဲ့ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ဘက္ေပးဟာေႏြရာသီတုန္းကပီအက္စ္ဂ်ီထံမွစာခ်ဳပ္သစ္ကမ္းလွမ္းမႈမ်ားကိုပယ္ခ်လိုက္မႈနဲ႔အတူရီးရဲလ္မက္ဒရစ္ရဲ႕ကမ္းလွမ္းမႈကမ္းလွမ္းမႈအႀကိမ္ႀကိမ္ရရွိခဲ့ၿပီးအနာဂတ္မေရမရာျဖစ္ခဲ့ပါတယ္။

စပိန္ထိပ္သီးကလပ္ဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္မွာဘက္ေပးအားယူ႐ိုသန္း၂၂၀ျဖင့္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္ပီအက္စ္ဂ်ီဟာကမ္းလွမ္းမႈပယ္ခ်ၿပီးဆက္ထိန္းထားရန္ဆုံးျဖတ္ခဲ့ပါတယ္။ပီအက္စ္ဂ်ီဟာစာခ်ဳပ္တစ္ႏွစ္သာက်န္ေတာ့တဲ့ဘက္ေပးကိုမေရာင္းခ်ဘဲစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိမ့္မယ္လို႔ဆိုတဲ့ေမွ်ာ္လင့္ခ်က္ျဖင့္ဆက္ထိန္းရန္ဆုံးျဖတ္ခဲ့တာပါ။

ေႏြရာသီတုန္းကလည္းပီအက္စ္ဂ်ီအားကစားဒါ႐ိုက္တာလီယိုနာဒိုကဘက္ေပးကအသင္းေျပာင္းခြင့္ေတာင္းထားေၾကာင္း၊ရီးရဲလ္မက္ဒရစ္မွာကစားသမားအားေခၚယူႏိုင္ေရးအတြက္တရားမဝင္နည္းလမ္းကိုသုံးစြဲေနေၾကာင္းစြပ္စြဲခဲ့ဖူးပါတယ္။

ယခုအခါဘက္ေပးက “အသင္းေျပာင္းခြင့္ေတာင္းခဲ့တာအဲဒီတုန္းကမေနခ်င္ေတာ့လို႔ပါ။စာခ်ဳပ္သက္တမ္းမတိုးခ်င္ေတာ့လို႔ပါ။ကလပ္ကိုအရည္အေသြးေကာင္းတဲ့အစားထိုးမႈျပဳလုပ္ေစခ်င္လို႔ ေျပာင္းေ႐ႊ႕ေၾကးတစ္ခုရေစခ်င္လို႔ပါ။ဒီကလပ္ကကြၽန္ေတာ့္ကိုအမ်ားႀကီးေပးခဲ့တဲ့ကလပ္ပါ။ဒီမွာကစားတဲ့ေလးႏွစ္လုံးေပ်ာ္ခဲ့ရတယ္။အခုလည္းေပ်ာ္တုန္းပါ။ကလပ္ဘက္ကလုပ္စရာရွိတာေစာေစာစီးစီးလုပ္လို႔ရေအာင္ေစာေစာစီးစီးအသိေပးခဲ့တာပါ။ကြၽန္ေတာ္ကအားလုံးစုစုစည္းစည္းနဲ႔ေကာင္းမြန္တဲ့အေျပာင္းအေ႐ႊ႕တစ္ခုျဖစ္ေစခ်င္ခဲ့တာပါ။လူေတြကကြၽန္ေတာ္ဟာစာခ်ဳပ္သက္တမ္းတိုးဖို႔ကမ္းလွမ္းမႈ၆ႀကိမ္၊၇ႀကိမ္ေလာက္ပယ္ခ်ခဲ့တယ္လို႔ေျပာၾကပါတယ္။လီယိုနာဒိုနဲ႔စကားမေျပာခ်င္ေတာ့ဘူးလို႔ေျပာေနၾကတာလည္းမမွန္ပါဘူး။ဒါေတြနဲ႔ပတ္သက္ၿပီးဂ႐ုမစိုက္ပါဘူး။ကြၽန္ေတာ့္ဘက္ကရွင္းရွင္းေလးပါ။အသင္းေျပာင္းခ်င္တယ္လို႔ေျပာခဲ့တယ္။ေစာေစာေလးေျပာခဲ့တယ္။ပုဂၢိဳလ္ေရးအရေျပာရရင္ဩဂုတ္လေနာက္ဆုံးအပတ္က်မွအသင္းေျပာင္းခ်င္တယ္လို႔ကလပ္ဘက္ကေျပာလာမႈအေပၚ ကြၽန္ေတာ္မႀကိဳက္ပါဘူး။ဒါကအမွားႀကီးျဖစ္ေနလို႔မႀကိဳက္တာပါ။ကြၽန္ေတာ့္ကိုသူခိုးတစ္ေယာက္လိုခံစားရေစပါတယ္။တကယ္ေတာ့ကြၽန္ေတာ္ကေစာေစာစီးစီး ဇူလိုင္လအေစာပိုင္းမွာအသိေပးခဲ့တာပါ။

ဘက္ေပးရဲ႕အထက္ပါေျပာၾကားမႈကိုၾကည့္ရင္ဘက္ေပးဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာပီအက္စ္ဂ်ီမွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာဖို႔ေသခ်ာေနတဲ့သေဘာမွာရွိပါတယ္။

ဘက္ေပးဟာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္တာေၾကာင့္လာမယ့္ဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္တစ္ခုႏွင့္လြတ္လပ္စြာေဆြးေႏြးခြင့္ရွိေနသူျဖစ္ပါတယ္။ၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္းမွာဘန္ဇီးမားႏွင့္တိုနီခ႐ူးစ္တို႔က ဘက္ေပးအားရီးရဲလ္မက္ဒရစ္သို႔လာေရာက္ကစားရန္ေျပာၾကားကာေဖ်ာင္းဖ်ေနခဲ့ၾကပါတယ္။