ဇူလိုင်လ ၂၆ ရက်နေ့မှာ အာဆင်နယ်သို့ ပြောင်းရေး ဆေးစစ်မှုခံယူမယ့် ဘင်ဝှိုက်

အင်္ဂလန်ဗဟိုနောက်ခံလူဘင်ဝှိုက်ဟာလာမယ့်ဇူလိုင်လ၂၆ရက်နေ့မှာအာဆင်နယ်အပြောင်းအရွှေ့အပြီးသတ်နိုင်ရေးအတွက်ဆေးစစ်မှုခံယူသွားမှာဖြစ်ကြောင်းသိရပါတယ်။

အာဆင်နယ်ဟာအသက်၂၃နှစ်ရှိအင်္ဂလန်ဗဟိုနောက်ခံလူအားပေါင်သန်း၅၀ဖြင့်ခေါ်ယူရန် ဘရိုက်တန်နှင့်သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။

အာဆင်နယ်ဟာဘင်ဝှိုက်ကို ပေါင်သန်း၄၀၊ပေါင်၄၇သန်းတို့ဖြင့်ကမ်းလှမ်းမှုပယ်ချခြင်းခံခဲ့ရပြီးတတိယအကြိမ်ကမ်းလှမ်းမှုအဖြစ်ပေါင်သန်း၅၀ဖြင့် ကမ်းလှမ်းခဲ့ရာသဘောတူညီမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဘင်ဝှိုက်ဟာအင်္ဂလန်အသင်းနှင့်အတူယူရို၂၀၂၀ပြိုင်ပွဲယှဉ်ပြိုင်ကစားခဲ့ရာ အားလပ်ရက်အနားရရှိနေပြီးလာမယ့်၂၆ရက်နေ့မှာအင်္ဂလန်သို့ပြန်ရောက်လာပါမယ်။သူဟာပြန်ရောက်လာချိန်မှာအာဆင်နယ်သို့ပြောင်းရေးအပြီးသတ်ရန်ဆေးစစ်မှုခံယူမှာဖြစ်ပါတယ်။

လက်ရှိအချိန်တွင်အာဆင်နယ်ဟာစကော့တလန်မှာရာသီကြိုလေ့ကျင့်ခန်းဆင်းလျက်ရှိပြီးထဖလိုရီဒါဖလားယှဉ်ပြိုင်ရန်အမေရိကသို့ထွက်ခွာပါမယ်။အာဆင်နယ်ဟာမနေ့တုန်းကရိန်းဂျားနှင့်ခြေစမ်းခဲ့ရာမှာ၂ဂိုးစီသရေကျခဲ့ပါတယ်။

ZawGyi

ဇူလိုင္လ ၂၆ ရက္ေန႔မွာ အာဆင္နယ္သို႔ ေျပာင္းေရး ေဆးစစ္မႈခံယူမယ့္ ဘင္ဝႈိက္

အဂၤလန္ဗဟိုေနာက္ခံလူဘင္ဝႈိက္ဟာလာမယ့္ဇူလိုင္လ၂၆ရက္ေန႔မွာအာဆင္နယ္အေျပာင္းအေ႐ႊ႕အၿပီးသတ္ႏိုင္ေရးအတြက္ေဆးစစ္မႈခံယူသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

အာဆင္နယ္ဟာအသက္၂၃ႏွစ္ရွိအဂၤလန္ဗဟိုေနာက္ခံလူအားေပါင္သန္း၅၀ျဖင့္ေခၚယူရန္ ဘ႐ိုက္တန္ႏွင့္သေဘာတူညီမႈရရွိထားၿပီးျဖစ္ပါတယ္။

အာဆင္နယ္ဟာဘင္ဝႈိက္ကို ေပါင္သန္း၄၀၊ေပါင္၄၇သန္းတို႔ျဖင့္ကမ္းလွမ္းမႈပယ္ခ်ျခင္းခံခဲ့ရၿပီးတတိယအႀကိမ္ကမ္းလွမ္းမႈအျဖစ္ေပါင္သန္း၅၀ျဖင့္ ကမ္းလွမ္းခဲ့ရာသေဘာတူညီမႈရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဘင္ဝႈိက္ဟာအဂၤလန္အသင္းႏွင့္အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲယွဥ္ၿပိဳင္ကစားခဲ့ရာ အားလပ္ရက္အနားရရွိေနၿပီးလာမယ့္၂၆ရက္ေန႔မွာအဂၤလန္သို႔ျပန္ေရာက္လာပါမယ္။သူဟာျပန္ေရာက္လာခ်ိန္မွာအာဆင္နယ္သို႔ေျပာင္းေရးအၿပီးသတ္ရန္ေဆးစစ္မႈခံယူမွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္အာဆင္နယ္ဟာစေကာ့တလန္မွာရာသီႀကိဳေလ့က်င့္ခန္းဆင္းလ်က္ရွိၿပီးထဖလိုရီဒါဖလားယွဥ္ၿပိဳင္ရန္အေမရိကသို႔ထြက္ခြာပါမယ္။အာဆင္နယ္ဟာမေန႔တုန္းကရိန္းဂ်ားႏွင့္ေျခစမ္းခဲ့ရာမွာ၂ဂိုးစီသေရက်ခဲ့ပါတယ္။