ဇွန်လတွင်မှ ယူရိုအတွက် အင်္ဂလန်လူစာရင်းကို ဆောက်ဂိတ်ကြေညာမည်

ဂရေမီဆောက်ဂိတ်ဟာအင်္ဂါနေ့တုန်းကယူရို၂၀၂၀ပြိုင်ပွဲအတွက်လူစာရင်းကိုကြေညာဖို့လုပ်ထားခဲ့ပေမယ့်မကြေညာခဲ့ပါဘူး။အင်္ဂလန်နည်းပြဟာလာမယ့်ဇွန်လ၁ရက်နေ့မှယူရို၂၀၂၀ပြိုင်ပွဲအတွက်အင်္ဂလန်လူစာရင်းကိုထုတ်ပြန်ကြေညာသွားပါမယ်။

ဂရေမီဆောက်ဂိတ်ဟာချဲလ်ဆီး၊မန်စီးတီး၊မန်ယူတို့ဟာဥရောပကလပ်ဗိုလ်လုပွဲများသို့တက်ရောက်နေမှုနဲ့အတူအပြီးသတ်အင်္ဂလန်လူစာရင်းကိုကြေညာရေးအားရွှေ့ဆိုင်းထားတာပါ။

ဒါ့အပြင်ယင်းသို့ရွှေ့ဆိုင်းလိုက်မှုကြောင့်လီဗာပူးအသင်းခေါင်းဆောင်ဟင်ဒါဆင်အတွက်ကြံ့ခိုင်မှုပြည့်ဝအောင်လုပ်ဆောင်ရေးအတွက်အချိန်ရရှိလာပါတယ်။ဟင်ဒါဆင်ရဲ့လီဗာပူးကစားဖော်ထရန်းအလက်ဇန္ဒားအာနိုးကတော့ရွေးချယ်ခံရရန်မရေမရာဖြစ်နေဆဲဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိညာနောက်ခံလူဟာခြေစွမ်းကျဆင်းမှုကြောင့်မတ်လတုန်းကအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲသုံးပွဲတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်သူဟာရာသီနှောင်းပိုင်းမှာတော့အကောင်းဆုံးပုံစံပြန်လည်ရရှိလာတာတွေ့ရပါတယ်။သူဟာညာနောက်ခံလူအနေရာတွင်ချဲလ်ဆီးမှရီစီဂျိမ်းစ်နှင့်တိုက်ပွဲဝင်ရဖို့ရှိပါတယ်။

ဆောက်ဂိတ်ဟာဒဏ်ရာကြောင့်အနားယူနေရတဲ့ဘန်လေဂိုးသမားနစ်ပုပ်နေရာတွင်ဝက်စ်ဘရွန်းဂိုးသမားဆမ်ဂျွန်စတုန်းနှင့်အစားထိုးဖို့ရှိပါတယ်။

ဒေါ့မွန်မှကွင်းလယ်ကစားသမားဂျူ့ဘယ်လင်ဂမ်နှင့်ဂျာဒွန်ဆန်ချိုတို့မှာအင်္ဂလန်လူစာရင်းတွင်ပါဝင်လာဖို့ရှိသလိုကီရန်ထရစ်ပီယာနှင့်ဂျက်ဂရဲလဲလစ်ချ်တို့ကိုရွေးချယ်ဖို့သေချာနေပါတယ်။

လိဒ်အလယ်တန်းကစားသမားကယ်ဗင်ဖီးလစ်မှာလည်းကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီဖြစ်တာကြောင့်ပါဝင်လာဖို့ရှိပါတယ်။

ZawGyi

ဇြန္လတြင္မွ ယူ႐ိုအတြက္ အဂၤလန္လူစာရင္းကို ေဆာက္ဂိတ္ေၾကညာမည္

ဂေရမီေဆာက္ဂိတ္ဟာအဂၤါေန႔တုန္းကယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္လူစာရင္းကိုေၾကညာဖို႔လုပ္ထားခဲ့ေပမယ့္မေၾကညာခဲ့ပါဘူး။အဂၤလန္နည္းျပဟာလာမယ့္ဇြန္လ၁ရက္ေန႔မွယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္အဂၤလန္လူစာရင္းကိုထုတ္ျပန္ေၾကညာသြားပါမယ္။

ဂေရမီေဆာက္ဂိတ္ဟာခ်ဲလ္ဆီး၊မန္စီးတီး၊မန္ယူတို႔ဟာဥေရာပကလပ္ဗိုလ္လုပြဲမ်ားသို႔တက္ေရာက္ေနမႈနဲ႔အတူအၿပီးသတ္အဂၤလန္လူစာရင္းကိုေၾကညာေရးအားေ႐ႊ႕ဆိုင္းထားတာပါ။

ဒါ့အျပင္ယင္းသို႔ေ႐ႊ႕ဆိုင္းလိုက္မႈေၾကာင့္လီဗာပူးအသင္းေခါင္းေဆာင္ဟင္ဒါဆင္အတြက္ႀကံ့ခိုင္မႈျပည့္ဝေအာင္လုပ္ေဆာင္ေရးအတြက္အခ်ိန္ရရွိလာပါတယ္။ဟင္ဒါဆင္ရဲ႕လီဗာပူးကစားေဖာ္ထရန္းအလက္ဇႏၵားအာႏိုးကေတာ့ေ႐ြးခ်ယ္ခံရရန္မေရမရာျဖစ္ေနဆဲျဖစ္ပါတယ္။

အသက္၂၂ႏွစ္ရွိညာေနာက္ခံလူဟာေျခစြမ္းက်ဆင္းမႈေၾကာင့္မတ္လတုန္းကအဂၤလန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲသုံးပြဲတြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္သူဟာရာသီေႏွာင္းပိုင္းမွာေတာ့အေကာင္းဆုံးပုံစံျပန္လည္ရရွိလာတာေတြ႕ရပါတယ္။သူဟာညာေနာက္ခံလူအေနရာတြင္ခ်ဲလ္ဆီးမွရီစီဂ်ိမ္းစ္ႏွင့္တိုက္ပြဲဝင္ရဖို႔ရွိပါတယ္။

ေဆာက္ဂိတ္ဟာဒဏ္ရာေၾကာင့္အနားယူေနရတဲ့ဘန္ေလဂိုးသမားနစ္ပုပ္ေနရာတြင္ဝက္စ္ဘ႐ြန္းဂိုးသမားဆမ္ဂြၽန္စတုန္းႏွင့္အစားထိုးဖို႔ရွိပါတယ္။

ေဒါ့မြန္မွကြင္းလယ္ကစားသမားဂ်ဴ႕ဘယ္လင္ဂမ္ႏွင့္ဂ်ာဒြန္ဆန္ခ်ိဳတို႔မွာအဂၤလန္လူစာရင္းတြင္ပါဝင္လာဖို႔ရွိသလိုကီရန္ထရစ္ပီယာႏွင့္ဂ်က္ဂရဲလဲလစ္ခ်္တို႔ကိုေ႐ြးခ်ယ္ဖို႔ေသခ်ာေနပါတယ္။

လိဒ္အလယ္တန္းကစားသမားကယ္ဗင္ဖီးလစ္မွာလည္းႀကံ့ခိုင္မႈျပန္လည္ျပည့္ဝလာၿပီျဖစ္တာေၾကာင့္ပါဝင္လာဖို႔ရွိပါတယ္။