ဇွန်လ ၂၅ ရက်နေ့မတိုင်မီ စီးရီးအေတန်းတက်ဆာလာနီတာနာကို လာဇီယိုပိုင်ရှင်လိုတီတိုရောင်းချရမည်

ကလော်ဒီယိုလိုတီတိုဟာလာဇီယိုအသင်းအပြင်စီးရီးအေတန်းတက်ဆာလာနီတာနာကိုလည်းပိုင်ဆိုင်ထားမှုကြောင့်လာမယ့်ဇွန်လ၂၅ရက်နေ့နောက်ဆုံးထားကာတစ်သင်းသင်းကိုရောင်းချရတော့မှာဖြစ်ပါတယ်။

လာဇီယိုပိုင်ရှင်လိုတီတိုရဲ့ဆာလာနီတာနာဟာယခုရာသီတွင်စီးရီးဘီမှစီးရီးအေသို့တန်းတက်ခွင့်ရရှိထားပါတယ်။လိုတီတိုအနေဖြင့်လိဂ်တစ်ခုတည်းမှကလပ်နှစ်ခုကိုပိုင်ဆိုင်ခွင့်မရှိတာကြောင့်တစ်သင်းကိုရောင်းချရပါမယ်။

ယခုအခါရောမရှိအီတလီဘောလုံးအဖွဲ့ချုပ်ကလိုတီတိုအနေဖြင့်လာမယ့်ဇူလိုင်လ၂၅ရက်နေ့မတိုင်မီတစ်သင်းသင်းကိုမရောင်းချလျှင်ဆာလာနီတာနာအားစီးရီးအေသို့တက်ရောက်ခွင့်မပြုရန်ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့်လာဇီယိုပိုင်ရှင်လိုတီတိုအနေဖြင့်ဇွန်လ၂၅ရက်နေ့မတိုင်မီဆာလာနီတာနာအားရောင်းချရေးအတွက်အစွမ်းကုန်ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။

ဆာလာနီတာနာဟာ၂၃နှစ်အတွင်းတွင်ပထမဆုံးအကြိမ်အဖြစ်စီးရီးအေသို့တန်းတက်ခွင့်ရရှိထားတာလည်းဖြစ်ပါတယ်။

ZawGyi

ဇြန္လ ၂၅ ရက္ေန႔မတိုင္မီ စီးရီးေအတန္းတက္ဆာလာနီတာနာကို လာဇီယိုပိုင္ရွင္လိုတီတိုေရာင္းခ်ရမည္

ကေလာ္ဒီယိုလိုတီတိုဟာလာဇီယိုအသင္းအျပင္စီးရီးေအတန္းတက္ဆာလာနီတာနာကိုလည္းပိုင္ဆိုင္ထားမႈေၾကာင့္လာမယ့္ဇြန္လ၂၅ရက္ေန႔ေနာက္ဆုံးထားကာတစ္သင္းသင္းကိုေရာင္းခ်ရေတာ့မွာျဖစ္ပါတယ္။

လာဇီယိုပိုင္ရွင္လိုတီတိုရဲ႕ဆာလာနီတာနာဟာယခုရာသီတြင္စီးရီးဘီမွစီးရီးေအသို႔တန္းတက္ခြင့္ရရွိထားပါတယ္။လိုတီတိုအေနျဖင့္လိဂ္တစ္ခုတည္းမွကလပ္ႏွစ္ခုကိုပိုင္ဆိုင္ခြင့္မရွိတာေၾကာင့္တစ္သင္းကိုေရာင္းခ်ရပါမယ္။

ယခုအခါေရာမရွိအီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ကလိုတီတိုအေနျဖင့္လာမယ့္ဇူလိုင္လ၂၅ရက္ေန႔မတိုင္မီတစ္သင္းသင္းကိုမေရာင္းခ်လွ်င္ဆာလာနီတာနာအားစီးရီးေအသို႔တက္ေရာက္ခြင့္မျပဳရန္ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီျဖစ္ပါတယ္။

ဒါေၾကာင့္လာဇီယိုပိုင္ရွင္လိုတီတိုအေနျဖင့္ဇြန္လ၂၅ရက္ေန႔မတိုင္မီဆာလာနီတာနာအားေရာင္းခ်ေရးအတြက္အစြမ္းကုန္ႀကိဳးပမ္းရေတာ့မွာျဖစ္ပါတယ္။

ဆာလာနီတာနာဟာ၂၃ႏွစ္အတြင္းတြင္ပထမဆုံးအႀကိမ္အျဖစ္စီးရီးေအသို႔တန္းတက္ခြင့္ရရွိထားတာလည္းျဖစ္ပါတယ္။