ညဖက်မူးရှုးပြီး ကွင်းထဲသို့ ကောင်မလေးလေးဦးခေါ်လာကာ ပျော်ပါးခဲ့ကြတဲ့ နော်ဝေထိပ်သီးကလပ်မှကစားသမားများ

နော်ဝေထိပ်သီးကလပ်တစ်ခုမှကစားသမားများဟာအသင်းရဲ့ကွင်းတွင်ဆိုးရွားလှတဲ့ညဉ့်နက်ပါတီပွဲပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။

နော်ဝေသတင်းစာ Berges Tidende ရဲ့ဖော်ပြချက်အရနော်ဝေကလပ် SK Brann မှ ကစားသမား၁၂ဦးတို့ဟာညဖက်မူးရူးအရက်သောက်စားပြီးနောက်အမျိုးသမီးလေးဦးတို့အားအသင်းရဲ့အိမ်ကွင်းသို့ခေါ်ဆောင်လာခဲ့ကြပါတယ်။

အမည်ဖော်ပြထားခြင်းမရှိတဲ့စတားကစားသမားများဟာတနင်္လာနေ့ညတုန်းကလေ့ကျင်ရေးကွင်းတွင်ပွဲတစ်ပွဲကစားပြီးနောက် မြို့ထဲရှိ Boccone Ristorante သို့သွားရောက်ခဲ့ကြပါတယ်။

ယင်းနောက်၎င်းတို့ဟာညနေပိုင်းတွင်နိုက်ကလပ်တစ်ခုသို့လည်းသွားရောက်ခဲ့ပြီးနောက်ပရိသတ်၁၇၀၀၀ဆန့် Brann Stadion သို့ရောက်လာခဲ့ကြတာပါ။

၎င်းတို့ဟာအမျိုးသမီးလေးဦးနှင့်အတူကွင်းအတွင်းသို့အချစ်ပါတီပြုလုပ်ရာတွင်မည်သူမှဓာတ်ပုံနှင့်ဗီဒီယိုမရိုက်ကူးအောင်ဖုန်းများကိုအပြင်မှာထားခဲ့ကြပါတယ်။၎င်းတို့ဟာကွင်းအတွင်းမှာသာမကအဝတ်အစားလဲခန်းအတွင်းမှာပါချစ်ပွဲဝင်ခဲ့ကြပါတယ်။

၎င်းတို့ဟာညလုံးပေါက်အရိုင်းပါတီပွဲပြုလုပ်ပြီးနောက်နံနက်၅နာရီခန့်အချိန်တွင်မှထွက်ခွာသွားခဲ့ကြပါတယ်။

ကစားသမားတို့ဟာဖုန်းကိုအပြင်မှာထားခဲ့တာကြောင့်၎င်းတို့ရဲ့ဖြစ်ရပ်ကိုဘယ်သူမှသိမှာမဟုတ်ဘူးလို့ယူဆခဲ့ကြပါတယ်။ဒါပေမယ့်၎င်းတို့ရဲ့လုပ်ရပ်များကိုလုံခြုံရေးကင်မရာများကရိုက်ကူးထားနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့အသင်းခေါင်းဆောင်ဒါနီရယ်ပီဒါဆင်ကယင်းအရိုင်းပါတီပွဲတွင်မည်သူပါဝင်တယ်ဆိုတာကိုအမည်တပ်အမည်ပြုဖို့ငြင်းဆိုထားပါတယ်။

ယင်းဖြစ်ရပ်အတွက်ကစားသမားများဟာအကြီးအကျယ်ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။လက်ရှိအချိန်တွင်အက်စ်ကေဘရန်းအသင်းဟာအမှတ်ပေးပွဲ၁၄ပွဲကစားပြီးချိန်မှာ၂ပွဲတည်းသာအနိုင်ရရှိထားပြီးတနင်္ဂနွေနေ့မှာအရေးပါတဲ့ပွဲအဖြစ် Sandefjord နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ညဖက္မူးရႈးၿပီး ကြင္းထဲသို႔ ေကာင္မေလးေလးဦးေခၚလာကာ ေပ်ာ္ပါးခဲ့ၾကတဲ့ ေနာ္ေဝထိပ္သီးကလပ္မွကစားသမားမ်ား

ေနာ္ေဝထိပ္သီးကလပ္တစ္ခုမွကစားသမားမ်ားဟာအသင္းရဲ႕ကြင္းတြင္ဆိုး႐ြားလွတဲ့ညဥ့္နက္ပါတီပြဲျပဳလုပ္ခဲ့ၾကေၾကာင္းသိရပါတယ္။

ေနာ္ေဝသတင္းစာ Berges Tidende ရဲ႕ေဖာ္ျပခ်က္အရေနာ္ေဝကလပ္ SK Brann မွ ကစားသမား၁၂ဦးတို႔ဟာညဖက္မူး႐ူးအရက္ေသာက္စားၿပီးေနာက္အမ်ိဳးသမီးေလးဦးတို႔အားအသင္းရဲ႕အိမ္ကြင္းသို႔ေခၚေဆာင္လာခဲ့ၾကပါတယ္။

အမည္ေဖာ္ျပထားျခင္းမရွိတဲ့စတားကစားသမားမ်ားဟာတနလၤာေန႔ညတုန္းကေလ့က်င္ေရးကြင္းတြင္ပြဲတစ္ပြဲကစားၿပီးေနာက္ ၿမိဳ႕ထဲရွိ Boccone Ristorante သို႔သြားေရာက္ခဲ့ၾကပါတယ္။

ယင္းေနာက္၎တို႔ဟာညေနပိုင္းတြင္ႏိုက္ကလပ္တစ္ခုသို႔လည္းသြားေရာက္ခဲ့ၿပီးေနာက္ပရိသတ္၁၇၀၀၀ဆန႔္ Brann Stadion သို႔ေရာက္လာခဲ့ၾကတာပါ။

၎တို႔ဟာအမ်ိဳးသမီးေလးဦးႏွင့္အတူကြင္းအတြင္းသို႔အခ်စ္ပါတီျပဳလုပ္ရာတြင္မည္သူမွဓာတ္ပုံႏွင့္ဗီဒီယိုမ႐ိုက္ကူးေအာင္ဖုန္းမ်ားကိုအျပင္မွာထားခဲ့ၾကပါတယ္။၎တို႔ဟာကြင္းအတြင္းမွာသာမကအဝတ္အစားလဲခန္းအတြင္းမွာပါခ်စ္ပြဲဝင္ခဲ့ၾကပါတယ္။

၎တို႔ဟာညလုံးေပါက္အ႐ိုင္းပါတီပြဲျပဳလုပ္ၿပီးေနာက္နံနက္၅နာရီခန႔္အခ်ိန္တြင္မွထြက္ခြာသြားခဲ့ၾကပါတယ္။

ကစားသမားတို႔ဟာဖုန္းကိုအျပင္မွာထားခဲ့တာေၾကာင့္၎တို႔ရဲ႕ျဖစ္ရပ္ကိုဘယ္သူမွသိမွာမဟုတ္ဘူးလို႔ယူဆခဲ့ၾကပါတယ္။ဒါေပမယ့္၎တို႔ရဲ႕လုပ္ရပ္မ်ားကိုလုံၿခဳံေရးကင္မရာမ်ားက႐ိုက္ကူးထားႏိုင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့အသင္းေခါင္းေဆာင္ဒါနီရယ္ပီဒါဆင္ကယင္းအ႐ိုင္းပါတီပြဲတြင္မည္သူပါဝင္တယ္ဆိုတာကိုအမည္တပ္အမည္ျပဳဖို႔ျငင္းဆိုထားပါတယ္။

ယင္းျဖစ္ရပ္အတြက္ကစားသမားမ်ားဟာအႀကီးအက်ယ္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။လက္ရွိအခ်ိန္တြင္အက္စ္ေကဘရန္းအသင္းဟာအမွတ္ေပးပြဲ၁၄ပြဲကစားၿပီးခ်ိန္မွာ၂ပြဲတည္းသာအႏိုင္ရရွိထားၿပီးတနဂၤေႏြေန႔မွာအေရးပါတဲ့ပြဲအျဖစ္ Sandefjord ႏွင့္ရင္ဆိုင္ကစားရပါမယ္။