ညလုံးပေါက် ပါတီကဲပြီးနောက် နိုက်ထရက်စ်အောက်ဆိုက်ရှူတဲ့ဓာတ်ပုံကြောင့် ပြဿနာတက်လာတော့မဲ့ ဗီလာစတားဘိုင်လေ

အက်စတွန်ဗီလာစတားလီယွန်ဘိုင်လေဟာနိုက်ထရက်စ်အောက်ဆိုက်ရှူနေတဲ့ဓာတ်ပုံများကြောင့်ပြဿနာများဖြေရှင်းလာရတော့မှာဖြစ်ပါတယ်။

ဗီလာရဲ့ပေါင်၂၅သန်းတန်တောင်ပံကစားသမားဟာကားတစ်စီးပေါ်တွင်ကြီးမားတဲ့ပူပေါင်းကိုကိုင်ပြီးထိုင်နေတဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာပါတယ်။

အသက်၂၅နှစ်ရှိဘိုင်လေဟာအနက်ရောင်တီရှပ်၊အနက်ရောင်ဦးထုပ်ဆောင်းထားပြီး နိုက်ထရက်စ်အောက်ဆိုက်ထည့်သွင်းထားတယ်လို့ယူဆရတဲ့ယင်းပူပေါင်းကိုရှူနေခဲ့ပါတယ်။

ဂျာမေကာလက်ရွေးစင်စတားဟာပြီးခဲ့တဲ့အပတ်စနေနေ့တုန်းကအဲဗာတန်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ပါဝင်ကစားခဲ့ပြီး၆၁မိနစ်တွင်လူစားလဲခြင်းခံခဲ့ရပါတယ်။

သူဟာသူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပါတီပွဲသို့တက်ရောက်ပြီးနောက်နိုက်ထရက်စ်အောက်ဆိုဒ်ရှူနေတာဖြစ်ပါတယ်။အခုထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်တွင် ဘာမင်ဂမ်၊နံနက်၇.၁၉နာရီလို့ဖော်ပြထားတာတွေ့ရပါတယ်။

ဘိုင်လေဟာ၂၀၂၁ခုနှစ်တွင်လေဗာကူဆင်မှအက်စတွန်ဗီလာသို့ပေါင်၂၅သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

နိုက်ထရက်စ်အောက်ဆိုက်ရှူမှုမှာတရားဝင်ပါတယ်။ဒါပေမဲ့ယင်းသို့ရှူမှုကြောင့်စိတ်ပိုင်းဆိုင်ရာများစွာထိခိုက်စေပါတယ်။နိုက်ထရက်စ်အောက်ဆိုက်ရှူမှုကြောင့်ဦးနှောက်ရှိအောက်ဆီဂျင်ခန်းခြောက်စေပြီးသုံးစွဲသူကိုခေါင်းပေါ့ပါးသလိုခံစားရစေကာခေါင်းမူးစေတဲ့အပြင်သေတဲ့အထိဖြစ်စေနိုင်ပါတယ်။

ZawGyi

ညလုံးေပါက္ ပါတီကဲၿပီးေနာက္ ႏိုက္ထရက္စ္ေအာက္ဆိုက္ရႉတဲ့ဓာတ္ပုံေၾကာင့္ ျပႆနာတက္လာေတာ့မဲ့ ဗီလာစတားဘိုင္ေလ

အက္စတြန္ဗီလာစတားလီယြန္ဘိုင္ေလဟာႏိုက္ထရက္စ္ေအာက္ဆိုက္ရႉေနတဲ့ဓာတ္ပုံမ်ားေၾကာင့္ျပႆနာမ်ားေျဖရွင္းလာရေတာ့မွာျဖစ္ပါတယ္။

ဗီလာရဲ႕ေပါင္၂၅သန္းတန္ေတာင္ပံကစားသမားဟာကားတစ္စီးေပၚတြင္ႀကီးမားတဲ့ပူေပါင္းကိုကိုင္ၿပီးထိုင္ေနတဲ့ဗီဒီယိုဖိုင္ထြက္ေပၚလာပါတယ္။

အသက္၂၅ႏွစ္ရွိဘိုင္ေလဟာအနက္ေရာင္တီရွပ္၊အနက္ေရာင္ဦးထုပ္ေဆာင္းထားၿပီး ႏိုက္ထရက္စ္ေအာက္ဆိုက္ထည့္သြင္းထားတယ္လို႔ယူဆရတဲ့ယင္းပူေပါင္းကိုရႉေနခဲ့ပါတယ္။

ဂ်ာေမကာလက္ေ႐ြးစင္စတားဟာၿပီးခဲ့တဲ့အပတ္စေနေန႔တုန္းကအဲဗာတန္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ပါဝင္ကစားခဲ့ၿပီး၆၁မိနစ္တြင္လူစားလဲျခင္းခံခဲ့ရပါတယ္။

သူဟာသူငယ္ခ်င္းတစ္ေယာက္ရဲ႕ေမြးေန႔ပါတီပြဲသို႔တက္ေရာက္ၿပီးေနာက္ႏိုက္ထရက္စ္ေအာက္ဆိုဒ္ရႉေနတာျဖစ္ပါတယ္။အခုထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္တြင္ ဘာမင္ဂမ္၊နံနက္၇.၁၉နာရီလို႔ေဖာ္ျပထားတာေတြ႕ရပါတယ္။

ဘိုင္ေလဟာ၂၀၂၁ခုႏွစ္တြင္ေလဗာကူဆင္မွအက္စတြန္ဗီလာသို႔ေပါင္၂၅သန္းျဖင့္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။

ႏိုက္ထရက္စ္ေအာက္ဆိုက္ရႉမႈမွာတရားဝင္ပါတယ္။ဒါေပမဲ့ယင္းသို႔ရႉမႈေၾကာင့္စိတ္ပိုင္းဆိုင္ရာမ်ားစြာထိခိုက္ေစပါတယ္။ႏိုက္ထရက္စ္ေအာက္ဆိုက္ရႉမႈေၾကာင့္ဦးေႏွာက္ရွိေအာက္ဆီဂ်င္ခန္းေျခာက္ေစၿပီးသုံးစြဲသူကိုေခါင္းေပါ့ပါးသလိုခံစားရေစကာေခါင္းမူးေစတဲ့အျပင္ေသတဲ့အထိျဖစ္ေစႏိုင္ပါတယ္။