ညီအတွက်အမှတ်တရပွဲကစားနေစဉ် နှလုံးရောဂါဖြင့် အစ်ကိုဖြစ်သူ ပါးမားကစားသမားဟောင်းသေဆုံး

အီတလီဘောလုံးကစားသမားဂူဆက်ပီပါရီနိုဟာကွယ်လွန်သွားပြီဖြစ်တဲ့ညီဖြစ်သူရဲ့အမှတ်တရဘောလုံးပွဲတွင်ပွဲကစားနေစဉ်သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။

ဒေသခံမီဒီယာများရဲ့ဖော်ပြချက်အရအသက်၂၉နှစ်ရှိအလယ်တန်းကစားသမားဟာမွေးရပ်မြေနေပယ်ရှိပေါ့ဂီယိုမာရီနိုအနီးတွင်ဘောလုံးပွဲကစားနေစဉ်မေ့လဲကျသွားခဲ့တာလည်းဖြစ်ပါတယ်။

ပါးမားကစားသမားဟောင်းဟာနှလုံးရောဂါကြောင့်ဘောလုံးကစားနေစဉ်မေ့လဲကျသွားခဲ့တာဖြစ်ပြီးအရေးပေါ်ကားရောက်လာခဲ့သော်လည်းသေဆုံးသွားခဲ့ပါတယ်။

ဂူဆက်ပီပါရီနိုဟာလွန်ခဲ့တဲ့သုံးနှစ်တုန်းကရုတ်တရက်သေဆုံးသွားခဲ့တဲ့ညီအဖြစ်သူ အသက်၂၄နှစ်အရွယ်ရှိရော့ကိုအတွက်ရည်ရွယ်ကာအမှတ်တရပွဲကစားခဲ့တာလည်း ဖြစ်ပါတယ်။

ပါရီနိုဟာစီးရီးအေကလပ်ပါးမားရဲ့လူငယ်အသင်းနှင့်အီတလီယူ-၂၁ (င)တို့တွင်ကစားခဲ့သူလည်းဖြစ်ပါတယ်။

သူဟာပါးမားစီနီယာအသင်းအတွက်တစ်ပွဲမျှကစားခဲ့ရခြင်းမရှိဘဲထွက်ခွာခဲ့ရကာတတိယတန်းနှင့်စတုတ္ထတန်းကလပ်များဖြစ်ကြတဲ့တာရစ်၊အီဘိုလီတာနာ၊ဘယ်လာရီယာတို့တွင်ကစားခဲ့သူဖြစ်ပါတယ်။

ZawGyi

ညီအတြက္အမွတ္တရပြဲကစားေနစဥ္ ႏွလုံးေရာဂါျဖင့္ အစ္ကိုျဖစ္သူ ပါးမားကစား သမားေဟာင္းေသဆုံး

အီတလီေဘာလုံးကစားသမားဂူဆက္ပီပါရီႏိုဟာကြယ္လြန္သြားၿပီျဖစ္တဲ့ညီျဖစ္သူရဲ႕အမွတ္တရေဘာလုံးပြဲတြင္ပြဲကစားေနစဥ္ေသဆုံးသြားခဲ့ေၾကာင္းသိရပါတယ္။

ေဒသခံမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရအသက္၂၉ႏွစ္ရွိအလယ္တန္းကစားသမားဟာေမြးရပ္ေျမေနပယ္ရွိေပါ့ဂီယိုမာရီႏိုအနီးတြင္ေဘာလုံးပြဲကစားေနစဥ္ေမ့လဲက်သြားခဲ့တာလည္းျဖစ္ပါတယ္။

ပါးမားကစားသမားေဟာင္းဟာႏွလုံးေရာဂါေၾကာင့္ေဘာလုံးကစားေနစဥ္ေမ့လဲက်သြားခဲ့တာျဖစ္ၿပီးအေရးေပၚကားေရာက္လာခဲ့ေသာ္လည္းေသဆုံးသြားခဲ့ပါတယ္။

ဂူဆက္ပီပါရီႏိုဟာလြန္ခဲ့တဲ့သုံးႏွစ္တုန္းက႐ုတ္တရက္ေသဆုံးသြားခဲ့တဲ့ညီအျဖစ္သူ အသက္၂၄ႏွစ္အ႐ြယ္ရွိေရာ့ကိုအတြက္ရည္႐ြယ္ကာအမွတ္တရပြဲကစားခဲ့တာလည္း ျဖစ္ပါတယ္။

ပါရီႏိုဟာစီးရီးေအကလပ္ပါးမားရဲ႕လူငယ္အသင္းႏွင့္အီတလီယူ-၂၁ (င)တို႔တြင္ကစားခဲ့သူလည္းျဖစ္ပါတယ္။

သူဟာပါးမားစီနီယာအသင္းအတြက္တစ္ပြဲမွ်ကစားခဲ့ရျခင္းမရွိဘဲထြက္ခြာခဲ့ရကာတတိယတန္းႏွင့္စတုတၳတန္းကလပ္မ်ားျဖစ္ၾကတဲ့တာရစ္၊အီဘိုလီတာနာ၊ဘယ္လာရီယာတို႔တြင္ကစားခဲ့သူျဖစ္ပါတယ္။