ညောင်မြစ်တူးရာမှ ပုတ်သင်ဥပေါ်။ဟမ်မရိုဝီနှင့်ဖောက်ပြန်နေမှုကြောင့် အဘီဒယ်ရဲ့ဇနီး ကွာရှာခွင့်တောင်း

ဟာယက်အဘီဒယ်ဟာဘာစီလိုနာဂန္ထဝင်ကစားသမားအဲရစ်အဘီဒယ်မှာပီအက်စ်ဂျီအမျိုးသမီးအသင်းကစားသမားခီရာဟမ်မရိုဝီနှင့်ဖောက်ပြန်နေမှုကြောင့်လူသိရှင်ကြားကွာရှင်းခွင့်တောင်းလာပါတယ်။

နိုဝင်ဘာလ၄ရက်နေ့တုန်းကဟမ်မရိုဝီကိုမျက်နှာဖုံးစွပ်လူလေးဦးကတိုက်ခိုက်မှုပြုလုပ်လာမှုကိုရဲတပ်ဖွဲ့ကစုံစမ်းရာတွင်အဘီဒယ်နှင့်ဟမ်မရိုဝီတို့ချစ်ကြိုက်နေကြောင်းပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။

အစောပိုင်းတုန်းကဟမ်မရိုဝီကပီအက်စ်ဂျီတွင်အပြိုင်နေရာလုနေတဲ့ဒီရယ်လိုကနောက်ကွယ်ကတိုက်ခိုက်စေတယ်လို့ယူဆခဲ့ရပါတယ်။ဒါပေမယ့်ဒီရယ်လိုမှာရဲစခန်းတွင်ထိန်းသိမ်းခံရပြီးနောက်စွဲချက်တင်ခြင်းမခံရဘဲလွတ်မြောက်လာပါတယ်။

ရဲတပ်ဖွဲ့ကဟမ်မရိုဝီရဲ့ဖုန်းကိုစစ်ဆေးခဲ့ရာတွင်ဖုန်းကတ်မှာအဘီဒယ်ရဲ့အမည်နှင့်မှတ်ပုံတင်ထားကြောင်းတွေ့ရှိရပါတယ်။ဒါ့အပြင်ရဲတပ်ဖွဲ့ကဟမ်မရိုဝီကိုအဘီဒယ်ရဲ့ဇနီးသည်ကနောက်ကွယ်မှတိုက်ခိုက်စေတယ်လို့လည်း ယူဆနေကြပါတယ်။

ဟမ်မရိုဝီဟာပီအက်စ်ဂျီအမျိုးသမီးအသင်းတွင်မကစားမီ ဘာစီလိုနာအမျိုးသမီးအသင်းတွင်ကစားခဲ့သူဖြစ်ပြီးထိုစဉ်ကအဘီဒယ်မှာဘာစီလိုနာနည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။၎င်းတို့ဟာယင်းတွင်တွေ့ဆုံနီးစပ်ခဲ့တယ်လို့ယုံကြည်ရပါတယ်။

ယခုအခါဟာယက်အဘီဒယ်ကခင်ပွန်းသည်အဲရစ်အဘီဒယ်နှင့်ကွာရှင်းပြတ်စဲတော့မှာဖြစ်ကြောင်းကြေညာလာပါတယ်။တစ်ဆက်တည်းတွင်အဘီဒယ်နှင့်ဟာယက်အဘီဒယ်တို့ဟာဟမ်မရိုဝီတိုက်ခိုက်ခံရမှုနှင့်ဆက်စပ်ပြီးစစ်ဆေးမေးမြန်းခြင်းခံရဦးမှာဖြစ်ပါတယ်။

ZawGyi

ေညာင္ျမစ္တူးရာမွ ပုတ္သင္ဥေပၚ။ဟမ္မ႐ိုဝီႏွင့္ေဖာက္ျပန္ေနမႈေၾကာင့္ အဘီဒယ္ရဲ႕ဇနီး ကြာရွာခြင့္ေတာင္း

ဟာယက္အဘီဒယ္ဟာဘာစီလိုနာဂႏၴဝင္ကစားသမားအဲရစ္အဘီဒယ္မွာပီအက္စ္ဂ်ီအမ်ိဳးသမီးအသင္းကစားသမားခီရာဟမ္မ႐ိုဝီႏွင့္ေဖာက္ျပန္ေနမႈေၾကာင့္လူသိရွင္ၾကားကြာရွင္းခြင့္ေတာင္းလာပါတယ္။

ႏိုဝင္ဘာလ၄ရက္ေန႔တုန္းကဟမ္မ႐ိုဝီကိုမ်က္ႏွာဖုံးစြပ္လူေလးဦးကတိုက္ခိုက္မႈျပဳလုပ္လာမႈကိုရဲတပ္ဖြဲ႕ကစုံစမ္းရာတြင္အဘီဒယ္ႏွင့္ဟမ္မ႐ိုဝီတို႔ခ်စ္ႀကိဳက္ေနေၾကာင္းေပၚေပါက္လာခဲ့တာလည္းျဖစ္ပါတယ္။

အေစာပိုင္းတုန္းကဟမ္မ႐ိုဝီကပီအက္စ္ဂ်ီတြင္အၿပိဳင္ေနရာလုေနတဲ့ဒီရယ္လိုကေနာက္ကြယ္ကတိုက္ခိုက္ေစတယ္လို႔ယူဆခဲ့ရပါတယ္။ဒါေပမယ့္ဒီရယ္လိုမွာရဲစခန္းတြင္ထိန္းသိမ္းခံရၿပီးေနာက္စြဲခ်က္တင္ျခင္းမခံရဘဲလြတ္ေျမာက္လာပါတယ္။

ရဲတပ္ဖြဲ႕ကဟမ္မ႐ိုဝီရဲ႕ဖုန္းကိုစစ္ေဆးခဲ့ရာတြင္ဖုန္းကတ္မွာအဘီဒယ္ရဲ႕အမည္ႏွင့္မွတ္ပုံတင္ထားေၾကာင္းေတြ႕ရွိရပါတယ္။ဒါ့အျပင္ရဲတပ္ဖြဲ႕ကဟမ္မ႐ိုဝီကိုအဘီဒယ္ရဲ႕ဇနီးသည္ကေနာက္ကြယ္မွတိုက္ခိုက္ေစတယ္လို႔လည္း ယူဆေနၾကပါတယ္။

ဟမ္မ႐ိုဝီဟာပီအက္စ္ဂ်ီအမ်ိဳးသမီးအသင္းတြင္မကစားမီ ဘာစီလိုနာအမ်ိဳးသမီးအသင္းတြင္ကစားခဲ့သူျဖစ္ၿပီးထိုစဥ္ကအဘီဒယ္မွာဘာစီလိုနာနည္းစနစ္ဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ေနပါတယ္။၎တို႔ဟာယင္းတြင္ေတြ႕ဆုံနီးစပ္ခဲ့တယ္လို႔ယုံၾကည္ရပါတယ္။

ယခုအခါဟာယက္အဘီဒယ္ကခင္ပြန္းသည္အဲရစ္အဘီဒယ္ႏွင့္ကြာရွင္းျပတ္စဲေတာ့မွာျဖစ္ေၾကာင္းေၾကညာလာပါတယ္။တစ္ဆက္တည္းတြင္အဘီဒယ္ႏွင့္ဟာယက္အဘီဒယ္တို႔ဟာဟမ္မ႐ိုဝီတိုက္ခိုက္ခံရမႈႏွင့္ဆက္စပ္ၿပီးစစ္ေဆးေမးျမန္းျခင္းခံရဦးမွာျဖစ္ပါတယ္။