ညွှန်ကြားချက်မလိုက်နာဘဲ ခေါင်းတိုက်လေ့ကျင့်ခန်း အကန့်အသတ်မရှိလုပ်နေတဲ့ စပါးစ် ဖြေရှင်းချက်ပေးရမည်

ပရီးမီးယားလိဂ်ဟာခေါင်းတိုက်လေ့ကျင့်ခန်းကိုအကန့်အသတ်ဖြင့်ပြုလုပ်ရန်ညွှန်ကြားမှုကိုမလိုက်နာတဲ့စပါးစ်အသင်းအား ဖြေရှင်းချက်တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရပါတယ်။စပါးစ်နည်းပြနူနိုက၎င်းတို့ကလပ်မှာပရီးမီးယားလိဂ်ရဲ့ညွှန်ကြားချက်ကိုမလိုက်နာကြောင်းဖွင့်ဟလာပြီးနောက်ယခုကဲ့သို့ပရီးမီးယားလိဂ်ရဲ့မေးမြန်းမှုခံလာရတော့မှာဖြစ်ပါတယ်။

ဘောလုံးအာဏာပိုင်များဟာစိတ်ရောဂါဝေဒနာနှင့်ခေါင်းတိုက်မှုဆက်စပ်နေကြောင်းတွေ့ရှိရပြီးနောက်ကလပ်များအားခေါင်းတိုက်လေ့ကျင့်ခန်းပြုလုပ်မှုကိုအကန့်အသတ်ဖြင့်သာပြုလုပ်ရန်ညွှန်ကြားထားပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာတစ်ပတ်လျှင်အပြင်းခေါင်းတိုက်လေ့ကျင့်ခန်းလုပ်မှု၁၀ကြိမ်တည်းသာပြုလုပ်ခွင့်သတ်မှတ်ထားပါတယ်။

ဒါပေမယ့်စပါးစ်နည်းပြနူနိုဟာအာဆင်နယ်နှင့်လန်ဒန်ဒါဘီပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲတွင်အလွတ်တည်ကန်ဘောအားကာကွယ်ရန်အတွက်ခေါင်းတိုက်လေ့ကျင့်ခန်းများပြုလုပ် ကြောင်းဆိုထားပါတယ်။

နူနိုက “စိတ်ရောဂါဝေဒနာကခေါင်းတိုက်မှုနဲ့ပတ်သက်နေတော့ကျွန်တော်တို့လည်းစိုးရိမ်ပါတယ်။ဒါပေမယ့်ခေါင်းတိုက်တယ်ဆိုတာဘောလုံးပွဲရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။မလိမ်ဘဲရိုးရိုးသားသားပြောရရင်ကစားသမားတွေဘယ်လောက်ခေါင်းတိုက်သလဲဆိုတာမရေတွက်ထားပါဘူး။ဒါပေမယ့်ဘောလုံးမှာခုန်တာ၊ခေါင်းတိုက်တာတွေကပါဝင်ပါတယ်”လို့ပြောကြားသွားပါတယ်။

မျက်မှောက်ခေတ်ဘောလုံးပွဲများတွင်ဘောလုံးအတိုပေးများကိုအားပြုအသုံးပြုလာပေမယ့်ခေါင်းတိုက်မှုမှာအရေးပါတဲ့အစိတ်အပိုင်းအဖြစ်ရှိနေဆဲဖြစ်ပါတယ်။အင်္ဂလန်နှင့်အနောက်ဂျာမနီတို့ကစားခဲ့တဲ့၁၉၆၆ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်နှစ်ဖက်အသင်းတို့ဟာခေါင်းတိုက်မှု၁၀၃ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။ယူရို၂၀၂၀ပြိုင်ပွဲတွင်အင်္ဂလန်နှင့်ဂျာမနီတို့ဟာခေါင်းတိုက်မှု၁၀၆ကြိမ်အထိပြုလုပ်ကာပိုမိုများပြားလာပါတယ်။

ZawGyi

ၫႊန္ၾကားခ်က္မလိုက္နာဘဲ ေခါင္းတိုက္ေလ့က်င့္ခန္း အကန႔္အသတ္မရွိလုပ္ေနတဲ့ စပါးစ္ ေျဖရွင္းခ်က္ေပးရမည္

ပရီးမီးယားလိဂ္ဟာေခါင္းတိုက္ေလ့က်င့္ခန္းကိုအကန႔္အသတ္ျဖင့္ျပဳလုပ္ရန္ၫႊန္ၾကားမႈကိုမလိုက္နာတဲ့စပါးစ္အသင္းအား ေျဖရွင္းခ်က္ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။စပါးစ္နည္းျပႏူႏိုက၎တို႔ကလပ္မွာပရီးမီးယားလိဂ္ရဲ႕ၫႊန္ၾကားခ်က္ကိုမလိုက္နာေၾကာင္းဖြင့္ဟလာၿပီးေနာက္ယခုကဲ့သို႔ပရီးမီးယားလိဂ္ရဲ႕ေမးျမန္းမႈခံလာရေတာ့မွာျဖစ္ပါတယ္။

ေဘာလုံးအာဏာပိုင္မ်ားဟာစိတ္ေရာဂါေဝဒနာႏွင့္ေခါင္းတိုက္မႈဆက္စပ္ေနေၾကာင္းေတြ႕ရွိရၿပီးေနာက္ကလပ္မ်ားအားေခါင္းတိုက္ေလ့က်င့္ခန္းျပဳလုပ္မႈကိုအကန႔္အသတ္ျဖင့္သာျပဳလုပ္ရန္ၫႊန္ၾကားထားပါတယ္။

ပရီးမီးယားလိဂ္ကလပ္မ်ားဟာတစ္ပတ္လွ်င္အျပင္းေခါင္းတိုက္ေလ့က်င့္ခန္းလုပ္မႈ၁၀ႀကိမ္တည္းသာျပဳလုပ္ခြင့္သတ္မွတ္ထားပါတယ္။

ဒါေပမယ့္စပါးစ္နည္းျပႏူႏိုဟာအာဆင္နယ္ႏွင့္လန္ဒန္ဒါဘီပြဲမတိုင္မီသတင္းစာရွင္းလင္းပြဲတြင္အလြတ္တည္ကန္ေဘာအားကာကြယ္ရန္အတြက္ေခါင္းတိုက္ေလ့က်င့္ခန္းမ်ားျပဳလုပ္ ေၾကာင္းဆိုထားပါတယ္။

ႏူႏိုက “စိတ္ေရာဂါေဝဒနာကေခါင္းတိုက္မႈနဲ႔ပတ္သက္ေနေတာ့ကြၽန္ေတာ္တို႔လည္းစိုးရိမ္ပါတယ္။ဒါေပမယ့္ေခါင္းတိုက္တယ္ဆိုတာေဘာလုံးပြဲရဲ႕အစိတ္အပိုင္းတစ္ရပ္ျဖစ္ပါတယ္။မလိမ္ဘဲ႐ိုး႐ိုးသားသားေျပာရရင္ကစားသမားေတြဘယ္ေလာက္ေခါင္းတိုက္သလဲဆိုတာမေရတြက္ထားပါဘူး။ဒါေပမယ့္ေဘာလုံးမွာခုန္တာ၊ေခါင္းတိုက္တာေတြကပါဝင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မ်က္ေမွာက္ေခတ္ေဘာလုံးပြဲမ်ားတြင္ေဘာလုံးအတိုေပးမ်ားကိုအားျပဳအသုံးျပဳလာေပမယ့္ေခါင္းတိုက္မႈမွာအေရးပါတဲ့အစိတ္အပိုင္းအျဖစ္ရွိေနဆဲျဖစ္ပါတယ္။အဂၤလန္ႏွင့္အေနာက္ဂ်ာမနီတို႔ကစားခဲ့တဲ့၁၉၆၆ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ႏွစ္ဖက္အသင္းတို႔ဟာေခါင္းတိုက္မႈ၁၀၃ႀကိမ္အထိျပဳလုပ္ခဲ့ပါတယ္။ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္အဂၤလန္ႏွင့္ဂ်ာမနီတို႔ဟာေခါင္းတိုက္မႈ၁၀၆ႀကိမ္အထိျပဳလုပ္ကာပိုမိုမ်ားျပားလာပါတယ္။