တက္ကသိုလ်တက်တုန်းက အပျော်တမ်းလိဂ်တွင် ကစားစဉ် နံရိုးသုံးချောင်းကျိုးကာ အဆုတ်ကိုဖောက်ဝင်ခဲ့ဖူးတဲ့ ယူနိုက်တက်နည်းပြသစ်

ရေးဖ်ရန်နစ်ခ်ဟာလွန်ခဲ့တဲ့၄၂နှစ်တုန်းကနံရိုးသုံးချောင်းကျိုးကာအဆုတ်ကိုဖောက်ဝင်ခဲ့ဖူးပြီးတဲ့နောက်အင်္ဂလိပ်ဘောလုံးလောကသို့တစ်ကျော့ပြန်ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

အသက်၆၃နှစ်ရှိမန်ယူယာယီနည်းပြဟာ၁၉၇၉-၈၀ရာသီတုန်းကဆူဆက်စ်ကောင်တီလိဂ်ဝမ်းတွင်အပျော်တမ်းကလပ်ဆောက်ဝစ်ခ်အက်ဖ်စီအတွက်၂၂ပွဲကစားခဲ့ပါတယ်။

ထိုစဉ်ကအသက်၂၁နှစ်ရှိရန်နစ်ခ်ဟာစတုဂတ်တက္ကသိုလ်မှာ PE ရရှိခဲ့ပြီးတဲ့နောက်အင်္ဂလန်မှာဒီဂရီတစ်ခုရယူဖို့ကြိုးစားနေခဲ့ပါတယ်။သူဟာဘရိုက်တန်ရှိဆူဆက်စ်တက္ကသိုလ်မှာတစ်နှစ်တာတက်ရောက်စဉ်အတွင်းကျန်းမာကြံ့ခိုင်အောင်အပျော်တမ်းလိဂ်မှာဝင်ကစားခဲ့ပါတယ်။

ပရိသတ်၁၅၄ဦးသာလာကြည့်တဲ့ပွဲမှာဂျာမန်လူမျိုးဟာပွဲချိန်၇၆မိနစ်မှာအရန်အဖြစ်ဝင်ရောက်ပြီးပထမဆုံးပွဲကစားခဲ့ပါတယ်။၁၉၇၉ခုနှစ်၊အောက်တိုဘာလ၁၃ရက်နေ့တုန်းကစတေနင်တောင်းနှင့်သုံးဂိုးစီသရေကျတဲ့ပွဲမှာဖြစ်ပါတယ်။

ဒါပေမယ့်သူဟာဒုတိယပွဲဖြစ်တဲ့ချီချက်စတာနှင့်အဝေးကွင်းမှာတော့ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတော့တယ်။

ဂျာမန်ဘာသာစကားပြောမှတ်တမ်းရုပ်ရှင်တစ်ခုမှာရန်နစ်ခ်က “နောက်ကနေတိုက်ရိုက်ဖျက်ထုတ်ခံရတဲ့အတွေ့အကြုံကြုံခဲ့ဖူးပါတယ်။နံရိုးသုံးချောင်းကျိုးတယ်။တစ်ချောင်းကအဆုတ်ကိုဖောက်ဝင်သွားခဲ့တယ်။ချီချက်စတာကဆေးရုံတစ်ခုမှာသုံးပတ်နေခဲ့တယ်။သက်တမ်း၆၀၊၇၀၊၈၀ရှိပြီဖြစ်တဲ့လူနာဆောင်မှာနေခဲ့ရတာ။လေးလလောက်နားလိုက်ရပါတယ်။ဘယ်သူမှကျွန်တော့်ကိုလာမကူကြတာအရမ်းအံ့ဩရတယ်။အဲဒီတုန်းကအင်္ဂလန်မှာကစားသမားတစ်ဦးဒဏ်ရာအပြင်းအထန်ရပြီဆိုရင်ဘယ်သူမှသွားထိလို့မရဘူး။ဆရာဝန်ဘဲကိုင်တွယ်ခွင့်ရှိတယ်။အဲဒါကြောင့်လည်းဘယ်သူမှကျွန်တော့်ကိုလာမကူတာပါ။နားမလည်နိုင်အောင်လည်းဖြစ်ခဲ့တယ်”လို့ပြောကြားသွားပါတယ်။

အရပ်၅ပေ၊၁၀လက်မရှိရန်နစ်ခ်ဟာအင်္ဂလန်ရဲ့ကန်တင်ပြေးကစားကွက်မှာအံဝင်အောင်ကစားရင်းခေါင်းတိုက်ကောင်းအောင်ကြိုးစားခဲ့ရပါတယ်။

ရန်နစ်ခ်ငယ်စဉ်တုန်းကအရမ်းကြိုက်ခဲ့တဲ့ကစားသမားကမန်ယူစတားဟောင်းဂယ်ရီဘတ်လက်စ်ဖြစ်ပါတယ်။သူ့ရဲ့ပရော်ဖက်ရှင်နယ်ဆန်မှုကိုဘယ်ကစားဖော်မှလိုက်မမီခဲ့ပါဘူး။

၁၉၈၃ခုနှစ်တုန်းကအသက်၂၅နှစ်အရွယ်မှာဘဲနည်းပြလောကသို့ဝင်ရောက်ခဲ့တဲ့ရန်နစ်ခ်ဟာ Gegenpressing ကိုတီထွင်တဲ့သူတွေထဲကတစ်ဦးလည်းဖြစ်ပါတယ်။ယင်းကစားဟန်ကဘောလုံးဆုံးရှုံးပြီးနောက်တစ်သင်းလုံးပြိုင်ဘက်ကိုဖိအားပေးကစားတဲ့နည်းဖြစ်ပါတယ်။

သူဟာဂျာမနီလက်ရွေးစင်အသင်းရဲ့၃-၅-၂ ကစားကွက်ကိုဆန်းသစ်အောင်တွေးတောကြံဆပြီးဖန်တီးခဲ့တာဖြစ်ကာသူ့နည်းဗျူဟာကလီဗာပူးနည်းပြကလော့ပ်၊ချဲလ်ဆီးနည်းပြတူချယ်တို့အပေါ်များစွာလွှမ်းမိုးပါတယ်။ကလော့ပ်ဟာဟဲဗီးမက်တယ်ဘောလုံးကစားဟန်ကိုရန်နစ်ခ်ရဲ့နည်းဗျူဟာကိုအခြေတည်ကာဖန်တီးထားတာလည်းဖြစ်ပါတယ်။

ZawGyi

တကၠသိုလ္တက္တုန္းက အေပ်ာ္တမ္းလိဂ္တြင္ ကစားစဥ္ နံ႐ိုးသုံးေခ်ာင္းက်ိဳးကာ အဆုတ္ကိုေဖာက္ဝင္ခဲ့ဖူးတဲ့ ယူႏိုက္တက္နည္းျပသစ္

ေရးဖ္ရန္နစ္ခ္ဟာလြန္ခဲ့တဲ့၄၂ႏွစ္တုန္းကနံ႐ိုးသုံးေခ်ာင္းက်ိဳးကာအဆုတ္ကိုေဖာက္ဝင္ခဲ့ဖူးၿပီးတဲ့ေနာက္အဂၤလိပ္ေဘာလုံးေလာကသို႔တစ္ေက်ာ့ျပန္ဝင္ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။

အသက္၆၃ႏွစ္ရွိမန္ယူယာယီနည္းျပဟာ၁၉၇၉-၈၀ရာသီတုန္းကဆူဆက္စ္ေကာင္တီလိဂ္ဝမ္းတြင္အေပ်ာ္တမ္းကလပ္ေဆာက္ဝစ္ခ္အက္ဖ္စီအတြက္၂၂ပြဲကစားခဲ့ပါတယ္။

ထိုစဥ္ကအသက္၂၁ႏွစ္ရွိရန္နစ္ခ္ဟာစတုဂတ္တကၠသိုလ္မွာ PE ရရွိခဲ့ၿပီးတဲ့ေနာက္အဂၤလန္မွာဒီဂရီတစ္ခုရယူဖို႔ႀကိဳးစားေနခဲ့ပါတယ္။သူဟာဘ႐ိုက္တန္ရွိဆူဆက္စ္တကၠသိုလ္မွာတစ္ႏွစ္တာတက္ေရာက္စဥ္အတြင္းက်န္းမာႀကံ့ခိုင္ေအာင္အေပ်ာ္တမ္းလိဂ္မွာဝင္ကစားခဲ့ပါတယ္။

ပရိသတ္၁၅၄ဦးသာလာၾကည့္တဲ့ပြဲမွာဂ်ာမန္လူမ်ိဳးဟာပြဲခ်ိန္၇၆မိနစ္မွာအရန္အျဖစ္ဝင္ေရာက္ၿပီးပထမဆုံးပြဲကစားခဲ့ပါတယ္။၁၉၇၉ခုႏွစ္၊ေအာက္တိုဘာလ၁၃ရက္ေန႔တုန္းကစေတနင္ေတာင္းႏွင့္သုံးဂိုးစီသေရက်တဲ့ပြဲမွာျဖစ္ပါတယ္။

ဒါေပမယ့္သူဟာဒုတိယပြဲျဖစ္တဲ့ခ်ီခ်က္စတာႏွင့္အေဝးကြင္းမွာေတာ့ဒဏ္ရာအျပင္းအထန္ရရွိခဲ့ပါေတာ့တယ္။

ဂ်ာမန္ဘာသာစကားေျပာမွတ္တမ္း႐ုပ္ရွင္တစ္ခုမွာရန္နစ္ခ္က “ေနာက္ကေနတိုက္႐ိုက္ဖ်က္ထုတ္ခံရတဲ့အေတြ႕အႀကဳံႀကဳံခဲ့ဖူးပါတယ္။နံ႐ိုးသုံးေခ်ာင္းက်ိဳးတယ္။တစ္ေခ်ာင္းကအဆုတ္ကိုေဖာက္ဝင္သြားခဲ့တယ္။ခ်ီခ်က္စတာကေဆး႐ုံတစ္ခုမွာသုံးပတ္ေနခဲ့တယ္။သက္တမ္း၆၀၊၇၀၊၈၀ရွိၿပီျဖစ္တဲ့လူနာေဆာင္မွာေနခဲ့ရတာ။ေလးလေလာက္နားလိုက္ရပါတယ္။ဘယ္သူမွကြၽန္ေတာ့္ကိုလာမကူၾကတာအရမ္းအံ့ဩရတယ္။အဲဒီတုန္းကအဂၤလန္မွာကစားသမားတစ္ဦးဒဏ္ရာအျပင္းအထန္ရၿပီဆိုရင္ဘယ္သူမွသြားထိလို႔မရဘူး။ဆရာဝန္ဘဲကိုင္တြယ္ခြင့္ရွိတယ္။အဲဒါေၾကာင့္လည္းဘယ္သူမွကြၽန္ေတာ့္ကိုလာမကူတာပါ။နားမလည္ႏိုင္ေအာင္လည္းျဖစ္ခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

အရပ္၅ေပ၊၁၀လက္မရွိရန္နစ္ခ္ဟာအဂၤလန္ရဲ႕ကန္တင္ေျပးကစားကြက္မွာအံဝင္ေအာင္ကစားရင္းေခါင္းတိုက္ေကာင္းေအာင္ႀကိဳးစားခဲ့ရပါတယ္။

ရန္နစ္ခ္ငယ္စဥ္တုန္းကအရမ္းႀကိဳက္ခဲ့တဲ့ကစားသမားကမန္ယူစတားေဟာင္းဂယ္ရီဘတ္လက္စ္ျဖစ္ပါတယ္။သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ဆန္မႈကိုဘယ္ကစားေဖာ္မွလိုက္မမီခဲ့ပါဘူး။

၁၉၈၃ခုႏွစ္တုန္းကအသက္၂၅ႏွစ္အ႐ြယ္မွာဘဲနည္းျပေလာကသို႔ဝင္ေရာက္ခဲ့တဲ့ရန္နစ္ခ္ဟာ Gegenpressing ကိုတီထြင္တဲ့သူေတြထဲကတစ္ဦးလည္းျဖစ္ပါတယ္။ယင္းကစားဟန္ကေဘာလုံးဆုံးရႈံးၿပီးေနာက္တစ္သင္းလုံးၿပိဳင္ဘက္ကိုဖိအားေပးကစားတဲ့နည္းျဖစ္ပါတယ္။

သူဟာဂ်ာမနီလက္ေ႐ြးစင္အသင္းရဲ႕၃-၅-၂ ကစားကြက္ကိုဆန္းသစ္ေအာင္ေတြးေတာႀကံဆၿပီးဖန္တီးခဲ့တာျဖစ္ကာသူ႔နည္းဗ်ဴဟာကလီဗာပူးနည္းျပကေလာ့ပ္၊ခ်ဲလ္ဆီးနည္းျပတူခ်ယ္တို႔အေပၚမ်ားစြာလႊမ္းမိုးပါတယ္။ကေလာ့ပ္ဟာဟဲဗီးမက္တယ္ေဘာလုံးကစားဟန္ကိုရန္နစ္ခ္ရဲ႕နည္းဗ်ဴဟာကိုအေျခတည္ကာဖန္တီးထားတာလည္းျဖစ္ပါတယ္။